မုန်တိုင်းဒဏ်ခံရသော မြန်မာပြည်သူများကို ကူညီကြပါရန်

ဆိုင်းကလုံးကြောင့် သေဆုံသူ နှစ်သောင်းနှစ်ထောင်ကျော် ရှိသည်ဟု စစ်အစိုးရ ရေဒီယို၏ နောက်ဆုံးသတင်း ကြေညာသွားသည်။သေဆုံးသူ ၂၂၄၆၄ ဦးသေဆုံးပြီး ၄၁၀၀၀ ပျောက်ဆုံးနေသည်ကို အတည်ပြုနိုင်ပြီဟု ပါရှိသည်။သေဆုံးပျက်စီးမှု အရေအတွက်မှာ ထပ်ခါ ထပ်ခါ တက်လာနေဆဲ ဖြစ်သည်။မုန်တိုင်းဒဏ်ခံရသော မြန်မာပြည်သူများကို ကူညီနိုင်ရန်အတွက် ပြည်တွင်းမှ စီးပွားရေးလုပ်ငန်းရှင်များမှ စတင်စီစဉ်လျက် ကြောင်းသတင်း ရရှိပါသည်။ ၄င်းအစီအစဉ်တွင် ပြည်ပရောက်မြန်မာ မွတ်စလင်မ်များမှ ပါဝင် လှူဒါန်းကြပါရန် တိုက်တွန်းလိုက်ပါသည်။ အလှူငွေကောက်ခံရရှိမှု အပေါ်တွင်မူတည်၍ ပထမဦးစားပေး အနေဖြင့် ရန်ကုန်တိုင်းမှ အဓိက မုန်တိုင်းဒဏ်ကြောင့် ပြင်းပြင်းထန်ထန် ပျက်စီးသွားသော ရွှေပြည်သာ၊ ဒဂုံမြို့သစ်၊ ကွမ်းခြံကုန်း၊လှိုင်သာယာ စသော မြို့နယ်များမှ မိသားစုများကို ကူညီသွားပါမည်။ အဓိကအားဖြင့် ဆန်ကိုထား၍ လှူဒါန်းသွားမည်ဟုသိရပါသည်။ အလှူငွေရရှိမှုပေါ်မူတည်၍ ဧရာဝတီတိုင်းမှ ငပုတော၊ လပတ္တာ၊ မော်လမြိုင်၊ ဖျာပုံ၊ ဘိုကလေး၊ ကျိုက်လတ်၊ ဒေးဒရဲမြို့နယ် ၊ ကူညီသွားရန် အစီအစဉ်များပြုလုပ်သွားမည်ဟု သိရပါသည်။ ပြည်ပရောက် မြန်မာမွတ်စလင်များအနေဖြင့် အလှူငွေများ ထည့်ဝင်လိုပါလျင် အောက်ပါနိုင်ငံများမှ မိတ်ဆွေများထံသို့ဆက်သွယ် စုံစမ်းဆောင်ရွက်နိုင်ပါသည်။
မလေးရှား

ကိုသန့်ဇင်ထွေး (ပုဂံနက် ကွန်ပျူတာစင်တာ) ဖုန်း-006-012 3612 731
ကိုသန့်ဇော်ဦး (မျိုးကျော့မြိုင်) ဖုန်း-006-017 3898 606

စင်ကာပူ
ကိုမင်းသန်းဝင်း ဖုန်း +65 9027 7370
ကိုဝင်းဇော် ဖုန်း +65 9451 5247

ဒိန်းမတ်
ကိုနေ၀င်းအောင်

အင်္ဂလန်
ကိုမျိုးဝင်း ဖုန်း + 4475 2386 0661

အမေရိကန်ပြည်ထောင်စု
ယူစွတ်ဘိုင် zamai@yahoo.com

ပြည်တွင်းဆက်သွယ်ရန်

ကိုတင်မောင်သန်း ဖုန်း 0950 13159၊ 0951 07704
မွဖ်သီဦးမြင့်သိန်း ဖုန်း 200156

ပြည်ပမှလှူဒါန်းသော မိတ်ဆွေများ၏ ငွေကြေးများကို စုပေါင်း၍ မလေးရှားနိုင်ငံမှ ပြည်တွင်းသို့ ပို့ပေးမည်ဟုသတင်းရရှိပါသည်။ လှူဒါန်းသော မိတ်ဆွေများ၏ စာရင်းနှင့် ငွေ Amount များကို စုံစမ်းသိရှိသလောက် MyanmarMuslim မှဖော်ပြပေးသွားပါမည်။
ယခုအချိန်ထိ စုံစမ်းသိရှိရသော စာရင်းများမှာ

၁။ ကိုမျိုးမာန် (မလေးရှား) RM 10,000
၂၊ကိုသန့်ဇင်ထွေး(မလေးရှား) RM 3,000

စုစုပေါင်း RM 13,000
Previous
Next Post »