တထောင့်တည ပုံပြင်များကို မိတ်ဆက်ပေးခဲ့သူ ဥိးဖိုးသာဇံ

ဖော်ပြပါဆောင်းပါးသည် Weekly Eleven ဂျာနယ်မှ ကူးယူဖော်ပြချင်းဖြစ်ပါသည်။
http://www.weeklyeleven.com/oth001/oth_detail.php?id=4

u_pho_tar_zan.jpg

မြန်မာစာပေသမိုင်းတွင် ၀တ္ထု ဟူ၍ စတင်ပေါ်ပေါက်လာခဲ့သည် မှာ အင်းဝခေတ်ကပင်ဖြစ်သည်။ ဆရာတော်ရှင်မဟာသီလ၀ံသ၏ ပါရာယန၀တ္ထုကို ပထမဆုံး မြန်မာ ၀တ္ထုဟု အဆိုရှိကြ၏။ ပါရာယနမှာ ပါဠိအမည်ဖြစ်ပြီး ကမ်းတစ်ဖက်သို့ သွားရာလမ်းဟု အဓိပ္ပာယ်ရပါ သည်။ ကိုလိုနီခေတ်ဦးကာလတွင် ပေါ်ပေါက်ခဲ့သည့် မောင်ရင်မောင်မ မယ်မ၀တ္ထုကိုပထမဆုံး မြန်မာကာလ ပေါ်ဝတ္ထုအဖြစ်အသိအမှတ်ပြုကြ၏။

ပသီပုံပြင်များ

ပသီပုံပြင်များဟုအများသိရှိ ကြသည့် တစ်ထောင့်တစ်ညပုံပြင် များ (Thousand and One Night Tales)သည် ပါရှန်တို့၏ရှေးဟောင်း ပုံပြင်များဖြစ် ကြပြီး အာရပ်တို့က ပါရှန်တို့ထံမှ ဆက်ခံရယူခဲ့ကြသည် ဆို၏။ ယင်းပုံပြင်များကို အာရပ် ဘာသာဖြင့် 'Al Raud al atir wa nuzht al khatir'ဟု ခေါ်ဆိုကြ သည်။ ပါရှန်တို့သည် ပုံပြင်အချို့ကို အိန္ဒိယတို့ထံမှ ရရှိခဲ့ကြခြင်းဖြစ် သည်။ ထို့ပြင် ဘဂ္ဂဒက် နှင့်အီဂျစ် တို့ထံမှပုံပြင်အချို့ကိုလည်း မူလပုံ ပြင်တွင် ဖြည့်စွက်ခဲ့ကြသည်။ ပသီပုံ ပြင်များတွင် ဥရောပတိုက်၌ ရှားလ မိန်းဘုရင် တန်ခိုးသြဇာကြီးထွားချိန် နှင့် အရှေ့ဖျားနိုင်ငံများတွင် အပြိုင် နန်းစံခဲ့ကြသည့်ဟာ ရွန်းအယ်ရာရှစ် ဘုရင်ကြီးစိုးချိန်က အဖြစ်အပျက် များစွာ ပါဝင်နေပါသည်။ ပုံပြင်ဟု ဆိုရသော်လည်း ပသီပုံပြင်များထဲ တွင် အာရေဗျယဉ်ကျေးမှုများထင် ဟပ်နေ၏။


တစ်ထောင့်တစ်ညဟူသည်
ပသီပုံပြင်များ၏ နိဒါန်းအစ ပျိုးပုံမှာစိတ်ဝင်စားဖွယ်ဖြစ်ပါသည်။ ရှေးအခါက ပါရှန်ဘုရင် ရှာလီယာ မင်း(Shahryar) သည် နေ့စဉ်မိဖုရား တစ်ပါးတင်မြှောက်လေ့ရှိပြီး ¤င်း မိဖုရားအား နောက်တစ်နေ့တွင် ကွပ် မျက်ပစ်တတ်သည်ဆို၏။ ယင်း ဓလေ့ကို ဖျောက်ဖျက်ပစ်လိုသူ ရှီဟာ ရာဇတ် (Scheherazade) မင်းသမီး က မိဖုရားအဖြစ် ခံယူကာ မင်္ဂလာဦး ညတွင် ဘုရင်မင်းမြတ်အား ပုံပြင် တစ်ပုဒ်ပြောပြသည်။ ဘုရင်စိတ်ဝင် စားသည့်နေရာသို့ရောက်သောအခါ မိဖုရားက ပုံပြင်ကိုရပ်ပစ်ကာ နောက် တစ်နေ့ညမှ ဆက်ပြောမည်ဟု ဆို ၏။ ဤသို့ဖြင့်အာလာဒင်အကြောင်း၊ အလီဘာဘာနှင့် ခိုးသားလေးဆယ် အကြောင်း၊ သင်္ဘောသားဆင်းဗတ် အကြောင်းစသည်ဖြင့် ပုံပြင်များ ပြောပြသွားသည်မှာ တစ်ထောင့်တစ် ညပင် တိုင်ခဲ့သည်ဆိုပါသည်။

ဘုရင်မင်းမြတ်သည် ပုံပြင်ဒဏ္ဍာ ရီများကိုများစွာသဘောကျနှစ်ခြိုက် သည့်အလျောက် မိဖုရားရှီဟာရာဇတ် အား များစွာချီးမွမ်းကာ အသက် ဘေးမှ ချမ်းသာပေးခဲ့သည်။

ကမ္ဘာတစ်ဝန်းပျံ့နှံ့စေသူ
တစ်ထောင့်တစ်ညပသီပုံပြင် များကို ကမ္ဘာတစ်ဝန်းပျံ့နှံ့စေခဲ့သူမှာ ပြင်သစ်တက္ကသိုလ်မှ အာရေဗျဘာ သာဆိုင်ရာပါမောက္ခအန်တွမ်းဂလန်း ဖြစ်သည်။ သူသည် ပသီပုံပြင်များ ကိုအာရေဗျဘာသာမှ ပြင်သစ်ဘာ သာသို့ ပြန်ဆိုကာ ၁၇၀၄ ခုနှစ်တွင် အတွဲ ၁၂ တွဲခွဲ၍ စာအုပ်အဖြစ် ထုတ် ဝေခဲ့သည်။ ရှေးအခါက ဘဂ္ဂဒက်မြို့ ဈေးနှင့် ပွဲလမ်းသဘင်စသည့် လူ စည်ကားရာ နေရာများတွင် ပြောဆို လေ့ရှိကြသော ပုံပြင်များကို ဦးစွာ စုစည်းပေးခဲ့သူဖြစ်သည်။ ထိုစဉ်က ပသီပုံပြင်နှစ်ရာကျော်ကို စုစည်းနိုင် ခဲ့သည်ဆို၏။

မြန်မာစာဖတ်ပရိသတ်နှင့် မိတ်ဆက်ပေးခြင်း
ခရစ်နှစ် ၁၈၉၆ ခုနှစ်တွင် အလျားရှစ်လက်မခွဲ၊ အနံ ငါးလက်မ အရွယ်ရှိ စာမျက်နှာ ၆၆၁ မျက်နှာပါ 'ပသီပုံပြင် ၀တ္ထုကြီးပဌမတွဲ'အမည် ဖြင့် စာအုပ်ကြီး ပေါ်ထွက်လာပါ သည်။ ကတ်ထူ အ၀တ်ဖုံး ရွှေစာလုံး ဖြင့်ခန့်ညားစွာ ထုတ်ဝေခဲ့ခြင်းဖြစ်ပြီး တန်ဖိုးမှာ ငါးကျပ်ဖြစ်သည်။ ယင်း စာအုပ်ကို ရေးသားပြုစုခဲ့သူမှာ ဆရာဝန်ကြီး ဦးဖိုးသာဇံပင်ဖြစ်ပါ သည်။ ထိုစဉ်က ပထမဆုံးဘာသာ ပြန်စာအုပ်အဖြစ် အဖြစ်ပေါ်ထွက် လာသော ပသီပုံပြင် ၀တ္ထုကြီးစာအုပ် ကို လူကြိုက်များခဲ့ကြသည်။သို့သော် စာဖတ်ပရိသတ် အများစုမှာဝယ်ယူ ဖတ်ရှုနိုင်ကြခြင်းမရှိသဖြင့် ၁၈၉၉ ခုနှစ်တွင် ရန်ကုန်မြို့ဗြိတိသျဘား မားပုံနှိပ်တိုက်က ပုံပြင် ရှစ်ပုဒ်ကိုရွေး ထုတ်ကာတစ်ကျပ်တန်စာအုပ်အဖြစ် ရိုက်နှိပ်ပေးခဲ့သည်။ ယင်းစာအုပ်နှင့် ပတ်သက်၍ ဆရာကြီး သခင်ဘ သောင်းက'လွန်ခဲ့သော အနှစ်၂၀ခန့် (၁၉၂၉ခုနှစ်ဝန်းကျင်)က ပသီပုံပြင် စာအုပ်ကို ဘားနာဒ်ပိဋကတ်တိုက် တွင်တွေ့ဖူးရာထိုစာအုပ်မှာ ခပ်သိမ်း သောသတ္တ၀ါ၊ ခပ်သိမ်းသောအရာ တို့၏ နည်းတူမမြဲသောသဘောကို မလွန်ဆန်နိုင်သဖြင့် ရေးသူနှင့် ပုံနှိပ် သူ၏အမည်ကိုဆောင်သော အဖုံး လည်းမရှိ၊ အစအဆုံးဖတ်ရန်စာ မျက်နှာလည်းမပြည့်စုံ၊ အကိုင်အတွယ် ရခက်လောက်အောင် စာရွက်တို့ လည်း ရော်ဝါကြွပ်ကျိုးလျက်ရှိနေ ကြောင်း'ဆိုပါသည်။

ပြဋ္ဌာန်းစာအုပ်
တစ်ထောင့်တစ်ညပုံပြင် ရှစ်ပုဒ် အား ထုတ်နုတ်လျက်ပုံနှိပ်ထုတ်ဝေ လိုက်သည့်စာအုပ်ကို ထိုခေတ်အခါ ကကျောင်းသုံးစာအုပ်အဖြစ် ပြဋ္ဌာန်း ခဲ့ပါသည်။ ယင်းစာအုပ်ပါပုံပြင် ရှစ် ပုဒ်မှာ အလီဘာဘာနှင့်ဓားပြကြီး လေးကျိပ်အကြောင်း၊ ခရီးသည်သုံး ယောက်တို့အကြောင်း၊ ကမာရတ် ဇမန်မင်းသားနှင့်ပဒေါင်းရာ မင်း သမီးအကြောင်း၊ ဆင်းတဘက်နှင့် သူ ဆင်းရဲကူလီ၏အကြောင်း၊ အာ လာဒင်နှင့် ဣစ္ဆာသယမှန်အိမ် အကြောင်း၊ ကြေးဝါမြို့ကြီး၏ အကြောင်း၊ ညီမငယ်အားမနာလို ၀န်တိုခြင်းဖြစ်ကြသော ညီအစ်မတို့ အကြောင်း၊ မဟာမက်မင်းသမီးနှင့် ဘရီတနောင် နတ်သမီးတို့အကြောင်း တို့ဖြစ်ကြ၏။ ထူးခြားသည်မှာ ဦး ဖိုးသာဇံ၏ ပသီပုံပြင်စာအုပ်ကို နမောတဿ ဘုရားရှိခိုးဖြင့် စတင် ထားခြင်းဖြစ်ပါသည်။

စာရေးသူ ဦးဖိုးသာဇံ
ပသီပုံပြင်ဝတ္ထုကြီးစာအုပ်ကို ရေးသားပြုစုခဲ့သူမှာ ဦးဖိုးသာဇံခေါ် ရှိတ်ခ်အဗဒူရာမန်ဖြစ်သည်။ ဦးဖိုး သာဇံကို ၁ ဇန်န၀ါရီ ၁၈၇၀ တွင် ဒေါက်တာ ရာဟင်ကောက်နှင့်ဒေါ် သက်တို့က ဖွားမြင်ခဲ့သည်။ ဖခင်မှာ အင်္ဂလိပ်- မြန်မာပထမစစ်ပွဲဖြစ်ပွား စဉ်က အင်္ဂလိပ်စစ်တပ်နှင့်အတူ အိန္ဒိယမှလိုက်ပါလာခဲ့သူဖြစ်သည်။ရာဟင်ကောက်သည်သရက်မြို့ဇာတိ ဒေါ်သက်နှင့် အကြောင်းပါခဲ့ရာမှ ဖိုး သာဇံကို ဖွားမြင်ခဲ့ခြင်းဖြစ်သည်။ ဖိုး သာဇံ၁၄နှစ်သားအရွယ်၁၈၈၄ ခုနှစ် တွင် ရန်ကုန်မြို့ဟိုက်စကူးကျောင်း မှခုနစ်တန်း အောင်မြင်ပြီး မဒရပ်မြို့ သို့ သွားရောက်ကာ ဆေးပညာသင် ယူခဲ့၏။

မဒရပ်ဆေးကျောင်းတွင် လေး နှစ်ပညာသင်ပြီးနောက် ၁၈၈၉ ခုနှစ် ဇူလိုင်လတွင် ဆေးရုံလက်ထောက် ဖြစ်လာပါသည်။ ထို့နောက် ထိုင်း နယ်စပ်ကော်မရှင်တွင် အထူးတာဝန် ပေးအပ်ခြင်းခံခဲ့ရ၏။ ဦးဖိုးသာဇံ သည် အိန္ဒိယဒီဂရီရရှိရုံမျဖြင့် ရောင့်ရဲ တင်းတိမ်မှု မရှိသဖြင့်အလုပ်မှထွက် ပြီး အင်္ဂလန်သို့ဆက်သွားသည်။ ထို ၌ ၀င်ခွင့်စာမေးပွဲ၊ အက်ဖ်အေစာမေး ပွဲများ ဖြေဆိုအောင်မြင်ပြီး အင်္ဂလန် နိုင်ငံဆေးသိပံ္ပမှ ဆေးပညာဘွဲ့ရရှိခဲ့ သည်။

ဘိလပ်ပြန်
ဦးဖိုးသာဇံသည် အင်္ဂလန်မှ ဆရာဝန်ဘွဲ့ ရရှိခဲ့ပြီးနောက် ၁၉၀၅ ခုနှစ်တွင် ရန်ကုန်ဆေးရုံကြီး၌ လက် ထောက်ဆရာဝန် ဖြစ်လာခဲ့သည်။ထို့နောက် ယင်းနှစ်ဧပြီလတွင် ခရိုင် ဆရာဝန်ကြီးဖြစ်လာကာ သုံးခွ၊ ရမည်းသင်း၊ ဖျာပုံ၊ ကသာနှင့်အောက် ချင်းတွင်းခရိုင်များ၌ တာဝန်ထမ်း ဆောင်ခဲ့သည်။ ၁၉၀၇ ခုနှစ်တွင် ဟံသာဝတီခရိုင်၌ ကျောက်ကြီးရောဂါ တိုက်ဖျက်ရေးအတွက် တာဝန်ယူခဲ့ ရသည်။ ထို့ပြင် ပလိပ်ရောဂါကာ ကွယ်ရေးတာဝန်ကိုလည်းယူခဲ့ရသည်။ ဦးဖိုးသာဇံကို အင်္ဂလန်နိုင်ငံတွင် ဆေးပညာ သင်ယူခဲ့သူများအနက် ပထမဆုံးဖြစ်ကြောင်း အဆိုရှိကြ၏။ L.R.C.P, L.R.C.S (Edin) L.F.P.S (Glass) ဘွဲ့ရ အနောက်တိုင်းဆေး ပညာရှင်ဦးဖိုးသာဇံသည် မြန်မာလူ မျိုးများထဲတွင် ပထမဆုံးခရိုင်ဆရာ ၀န်ကြီးအဖြစ် ခန့်အပ်ခံရသူလည်း ဖြစ်၏။

စာပေ၀ါသနာ
ဦးဖိုးသာဇံသည် အင်္ဂလန်ပြန် အစ္စလာမ်ဘာသာဝင် ဆရာဝန်ကြီး တစ်ဦးဖြစ်သော်လည်း မြန်မာစာ၊ မြန်မာမှုများကို ခုံမင်နှစ်သက်၏။မြန်မာရာဇ၀င်ကျမ်းများကို လေ့လာ သည့်နည်းတူ ကိုးခန်းပျို့ကဲ့သို့သော ပျို့ကဗျာများ၊ နန်းတွင်းဇာတ်တော် ကြီးများကိုလည်း အထူးဂရုပြုဖတ်ရှု လေ့လာ၏။ သို့ကြောင့်လည်း သူ၏ ပသီပုံပြင်ဘာသာပြန်စာအုပ်၌ ပါဠိ စာပေကို မြန်မာပြန်သည့်ရေးဟန် မျိုးတွေ့ရှိရခြင်းဖြစ်သည်။ ဆီလျော် ရာရာမြန်မာမှုများကို ထည့်သွင်းရေး ဖွဲ့တတ်ခြင်းမှာလည်း စိတ်ဝင်စား ဖွယ်ကောင်းကြောင်း ဆရာကြီး ဒေါက်တာခင်အေး(မောင်ခင်မင်-ဓနုဖြူ)က ဆိုပါသည်။

'အလီဘာဘာနှင့်ဓါးပြကြီး လေးကျိပ်'ဇာတ်လမ်းကို ပြန်ဆိုရေး သားရာတွင် 'ရှေးလွန်လေပြီးသော အခါပြအိုး၊ တန်ဆောင်း၊ ကျုံးမြောင်း ပစ္စင်၊ ရင်တားတံခါးတုရိုဏ်စသော မြို့၏ ကျက်သရေ လူနေထိုင် ဈေး ဆိုင်ကနားလမ်းမများတို့ဖြင့်တင့် တယ်လျောက်ပတ်သော ပိရ်သျပြည် ကြီးတွင်'ဟူ၍ သုံးနှုန်းထားပုံမှာ ရှေး မြန်မာဇာတ်တော်ကြီးများ ရေးဖွဲ့ပုံ ကို အတုယူထားဟန်ရှိပေသည်။ထို့ပြင်'အာလာဒင်နှင့်ဣစ္ဆာသယ မှန်အိမ်အကြောင်း'တွင်လည်း အာ လာဒင်၏ဖခင်က အာလာဒင်အား ဆုံးမဟန်ကို 'မိဘ၌ကြွယ်ဝချမ်းသာ ၍ရွှေအိမ်ဘုံမြင့်ခုနစ်ဆင့်၌ထားငြား သော်လည်းပြာသာဒ်ဖျား၌ နားသော ကျီးကဲ့သို့ ထိုထိုပစ္စည်းဥစ္စာတို့ကို ဆောင်ရွက် စားသုံးခြင်းမပြုနိုင်ပေ' ဟု ရေးဖွဲ့ထားခဲ့သည်။

ဦးဖိုးသာဇံ၏ ဖခင်က သား အားဆုံးမခန်းမှာ ရှင်မဟာရဌသာရ ၏ကိုးခန်းပျို့လာဟထ္တိပါလသတို့ သားအားဆိုဆုံးမခန်းပါ 'မစိုးမရိမ်၊ နတ်စည်းစိမ်သို့၊ ရွှေအိမ်ဘုံမြင့်၊ ခုနစ်ဆင့်ထက်၊ နေလင့်ကစား၊ ပြာ သာဒ်ဖျားဝယ်၊ နားသည့်ကျီးမျ၊ ပမာကျလိမ့်'ဟူသောစာပိုဒ်ကို စကား ပြေဖြင့် ရေးဖွဲ့ခြင်းဖြစ်ပေရာ မြန်မာ စာပေကျွမ်းကျင်နှံ့စပ်သူဖြစ်ကြောင်း ဒေါက်တာခင်အေးက ဆိုပါသည်။

ဘ၀နိဂုံး
တစ်ထောင့်တစ်ညပုံပြင်များ ကို မြန်မာမှုပြုခဲ့သူဦးဖိုးသာဇံခေါ် ဒေါက်တာအက်စ်အေရာမန်သည် ၂၉ ဇူလိုင်၁၉၁၆တွင်မေမြို့(ပြင်ဦးလွင်) ၌ ကွယ်လွန်သွားပါသည်။ ၁-၈-၁၉၁၆ရက်စွဲပါ ရန်ကုန်ဂေဇက် သတင်းစာတွင် 'ဒေါက်တာရာမန် ကွယ်လွန် အနိစ္စရောက်ခြင်းကြောင့် မြန်မာပြည်သူအပေါင်းမှာလည်း တတ်ကျွမ်းသောသမားတော်ကောင်း တစ်ယောက်နှင့်တာဝန်သိသိဇွဲရှိရှိ ဆောင်ရွက်တတ်သောပုဂ္ဂိုလ်တစ်ဦး ဆုံးရှုံးကြရလေသည်' ဟူ၍ရေးသား ဖေါ်ပြခဲ့သည်။ ဦးဖိုးသာဇံသည် သရက်မြို့ဝန်သမီးဒေါ်ယုနှင့်စုံဖက်ကာ သား၊သမီးလေးဦးဖွားမြင်ခဲ့ရာ သား အကြီးဆုံး ဦးဘတင်မှာ နောင်ရုပ်ရှင် ပြဇာတ်နှင့်မြန်မာစာ၊ မြန်မာမှုတို့ ၌ ထင်ရှားကျော်ကြားသည့် ဒဂုန် ဦးဘတင်ဖြစ်လာပါသည်။
ကျမ်းကိုး
၁။ အမျိုးသားရေးနှင့်မြန်မာ့ဆေးပ ညာရှင်များ(ဆရာဝန်တင်ရွှေ)
၂။ ပသီပုံပြင်အရေးအသား(မောင်ခင် မင်-ဓနုဖြူ) ငွေတာရီ ၁၉၉၆
၃။ စာဆိုတော်များအတ္ထုပ္ပတ္ထိ(မောင် သုတ)
၎။ တစ်ထောင့်တစ်ညပုံပြင်များ (သခင်ဘသောင်း)အဋ္ဌမအကြိမ်
Previous
Next Post »