အိဗ်နေဆီနာပြန်လာပြီ

facebot-ibn-sina-robotအစ္စလာမ့်ယဉ်ကျေးမှုများ တိုးတက်စည်ပင်ခဲ့သည့် ရွှေခေတ်ရဲ့ ၁၁၇ာစုတွင် ပေါ်ထွန်ခဲ့တဲ့စွယ်စုံ၇ မွတ်စလင်ပညာရှင်ကြီးတစ်ဦး၏ နာမည်ပါ။

ထိုပညာရှင်ကြီးကိုဂုဏ်ပြုတဲ့ အနေနဲ့ယူအေအီးနိုင်ငံ အလ်အိန်း တက္ကသိုလ်မှ တီထွင်ဖန်တီးလိုက်တဲ့ ကမ္ဘာ့ပထမဆုံးအာ၇ဗစ် စကားပြောစက်ရုပ်ရဲ့အမည်ကို အိဗ်နေဆီနာ လို့မှည့်ခေါ်ခဲ့ပါတယ်။
လူသားစွမ်ဆောင်ရည်အတိုင်း တုန်ပြန်လှုပ်ရှားတက်တဲ့ ယင်းစက်ရုပ်ကို အလ်အိန်းတက္ကသိုလ်၇ဲ့ ကွန်ပြူတာနည်းပညာ ပါမောက္ခ နီကိုလပ်စ်မာဘီဒစ် ဦးဆောင်တဲ့ တက္ကသိုလ် ကျောင်းသား၁၂ဦးမှ တီထွင်ခဲ့ခြင်းဖြစ်ပါတယ်။

၎င်းစက်ရုပ်ကို ယူအေအီးနိုင်ငံ ရှော့ပင်းမောလ်များတွင် အရောင်ူးဝန်ထမ်း၊ ဧည့်ကြို အဖြစ်တာဝန် ထမ်းဆောင်နိုင်တယ်လို့ ပါမောက္ခ ဖြစ်သူကဆိုပါတယ်။ စက်ရုပ်ရဲ့ထူးခြားချက်ကတော့ လူတွေရဲ့ မေးမြန်းတဲ့မေးခွန်းတွေကို သူစိတ်ကူးအတိုင်း မျက်နှာပြင်အမူအရာနဲ့ ပြန်ဖြေဆိုနိုင်ခြင်း
သတင်းအချက်အလက် ရှာဖွေနိုင်ဖို့ သူကိုယ်တိုင် အင်တာနက် ကွန်ရက်ချတ်ဆက်နိုင်ခြင်း၊ ဈေးဝယ်သူဝယ်လိုတဲ့ ပစ္စည်းကို စက်ရုပ်ရဲ့ မျက်ျနှာပြင်ဖန်သားပေါ်တွင် ပြသနိုင်ခြင်းတိုကို
လုပ်ဆောင်နိုင်တယ်လို့ သိရပါတယ်။ အိဗ်နေဆီနာစက်ရုပ်ကို အာရှအလယ်ပိုင်း ဥဇဘတ်ကစ္စတန်ရှိ ဘူခါရဟ်မြို့သား မွတ်စလင်ပညာရှင် အိဗ်နေဆီနာနဲ့ အသွင်တူအောင် ရွှေရောင်အနားကွတ်ပါ အဖြူေ၇ာင် ၀တ်စုံ ၊ခေါင်းပေါင်းနဲ့ ငွေရောင်မုတ်ဆိတ်တို့ နဲ့ဖန်တီးထားပါတယ်။ ယင်းစက်ရုပ်ကို ဒူဘိုင်းရှိ ကုမ္ပဏီကြီးများမှ ဈေးဝယ်စင်တာနဲ့ဧည့်ကြိုလုပ်ငန်းတွေမှာအသုံးပြု ဖို့ စိတ်ဝင်စားနေကြပါတယ်။
Continue Reading...

ဆွစ်မီနာရာ ဂယက်

အစစ်မှန်ဆုံးဒီမိုကရေစီနဲ့ လူ့အခွင့်အရေး ထွန်းကား တယ်ဆိုတဲ့ ဥရောပမှာ မွတ်စလင်တို့ အပေါ် အမျိုးမျိုး ဆန့်ကျင့် နေကြပုံတွေကတော့ မဟာတမန်တော် အပေါ်ရုပ်ပြောင် ကာတွန်း ရေးဆွဲလိုဆွဲ ၊အကြမ်းဖက် များလို့ ၀ါဒဖြန့်လိုဖြန်.၊ ဟီဂျာဘ် ခေါင်းဆောင်းဝတ်ဆင်ခွင့်ပိတ်လိုပိတ်နဲ့ အခုနောက်ဆုံး ဆွစ်ဇလန်မှာ မတ်စ်ဂျိဒ် မီနာရဟ် တိုင်များ မဆောက်ရဘူး ဆိုပြီး ပိတ်ပင် နေပြန် ပါတယ် ဖြစ်ပုံကတော့ ဒီလိုပါ မွတ်စလင်မ် ၄သိန်း ကျော်နေထိုင်တဲ့ ဆွစ်ဇလန်ရဲ့ အင်းအားင်္ကြီးမားတဲ့ လက်ယာ အစွန်းရောက် ဆွစ်ပြည်သူ့ ပါတီ (SVP) ကဦးဆောင်ပြီး အမာခံ ထောက်ခံသူများ ဆီကနေ လက်မှတ် ပေါင်း တစ်သိန်းခန့် စုဆောင်း ပြီးနောက် မီနာရာ ဆောက်လုပ်ခွင့် ပိတ်ပင်ဖို့ ဆန္ဒခံယူပွဲ ကျင်းပခဲ့ပါတယ်။

SVPပါတီကတော့ဆွစ်ပြည်သူများကို မွတ်စလင်တွေနဲ့ပတ်သက်ပြီး ကြောက်ရွှံနေအောင် ဒုံးကျည်ပုံစံ မီနာရာတိုင်ပုံနဲ့အမဲရောင်ဝတ်ရုံဝတ်ဆင်ထာတဲ့အမျိုးသမီးပုံတွေကို ဆွစ်အလံမှာထည့်သွင်းရိုက်နှိပ် ပါတယ်။ ...






အဲဒ်ီပိုစတာများကို လူစည်ကားရာနေရာတွေမှာ ချိတ်ဆွဲပြီး မီနာရာများဟာ အစ္စလာမ်ရှရီအာဟ် ဥပဒေရဲ့အမှတ်အသား ဖြစ်တယ်ဆိုပြီး မီနာရာ ပိတ်ပင်ရေး မဲဆွယ်စည်းရုံးပွဲကို အကြီးအကျယ် လုပ်ခဲ့ပါတယ်။

နိုဝင်ဘာ၂၉၇က်နေ့မှာတော့မီနာ၇ာပိတ်ပင်ဖို့ ၅၇.%က ထောက်ခံတယ် ဆိုတဲ့ရလာဒ်ထွက်ခဲ့ပါတယ်။

ဒီလို
SVPပါတီရဲ့မီနာရာပိတ်ပင်ရေးလှုပ်ရှားမှုကို ဆွစ်အစိုးရ၊ နီုင်ငံေ၇းပါတီတွေနဲ့၊ ဘာသာအသီးသီးက ဘုန်းတော်ကြီးတွေက မထောက်ခံခဲ့ကြပေမဲ့ ဆွစ်ပြည်သူတွေကို ထိရောက်စွာ ရှင်းလင်း လမ်းညွန်မူ မပေးနိုင်သလို အမျိုးစုံကွဲပြားနေတဲ့ ဆွစ်မွတ်စလင်မ် အဖွဲ့အစည်းတွေကလဲ ဆွစ်လူမှုအဖွဲ့အစည်းနဲ့ ထိရောက်တဲ့ ပူပေါင်းဆောင်ရွက်နိုင်ခြင်း မရှိခဲပါဘူး။

တကယ်တော့ ဆွစ်ဖလန်မှာဗလီနဲ့ ဆွလာသ် ၀တ်ပြု ဆောင်က ၁၆၀ ပဲရှိပါတယ်။ အများစုကတော့စက်ရုံအဟောင်တွေ၊ဂိုဒေါင်တွေပါဘဲ မီနာရာ ပါတဲ့ဗလီဆိုလို့ ၄လုံးဘဲရှိပြီး ဘယ်တလုံးကမျှ လောစပီကာနဲ့ အာဇန်ပေးလို့မရခဲ့ပါဘူး


ဒီလိုဖြစ်ရပ်ကြောင့်နိုင်ငံတကာတွင်ဆန္ဒပြပွဲတွေ ဆန်ကျင့်ရှုတ်ချသံတွေ မိုးထိအောင် ကျယ်လောင် ခဲ့ပါတယ်။

ရလာဒ်ထွက်ပြီးပြီးချင်နေညနေမှပဲဆွစ်မွတ်စလင်၅၀၀ခန်ဂျီနီဗာကုလသမဂ္ဂ ရုံးရှေ့မှာစုရုံးဆန္ဒပြခဲပါတယ်။ထူးထူးခြာခြားကတော့ ဆွစ်အနောက်ပိုင်းမှာရှိတဲ့ Lausanneမြို့ရှိ စတိုးဆိုင်ပိုင်ရှင်Guillaume Morand ကတော့ ချက်ချင်းဘဲသူအိမ်မှာ မီနာရာတိုင်ဆတခု ဆောက်လုပ်ခဲ့ ပြီးမဲရလဒ်ကို ဆန်ကျင့် ဆန္ဒပြခဲ့ ပါတယ်။

သူက “ ဆွစ်လူမျိုးတွေ ဗလီမီနာရာကို ပိတ်ပင်တာဟာ တော်တော့်ကိုတုန်လှုပ်စရာ ကောင်းပါတယ် ဒါဟာတကယ့်ကို ရှက်စရာကောင်းပါတယ်”လို့အေအက်ဖ်ပ်ီကို ပြောပါတယ်။
အဖွဲ့ဝင် ၅၇နိုင်ငံပါတဲ့ 0ICမှ ဆွစ်အာဏာပိုင်တွေကို မဲရလဒ်ဖျက်သိမ်ပေးဖို့နဲ့ ဒီလိုလုပ်ရပ်ကြောင့် အမှိုက်ကစပြသဒ် မီးလောင် ဆိုသလို ဥရောပတခွင် ပျံနှံသွားမှစိုးရိမ်ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။

ဆွစ်ဇလန်နိုင်ငံ ဂျီနီဗာမှာရှိတဲ့ ဗလီတခုကိုလည်း ဖျက်ဆီး တိုက်ခိုက်မှုတရပ် ဖြစ်ပွါးသေးတယ်လို့ ပါကစ္စတန်သံအမတ်ကပြောပါတယ်၊ဒီလို မီနာရာပိတ်ပင်ရေးတောင်းဆိုလှုပ်ရှားမှုတွေ ကတော့ ချက်ချင်းဆိုသလို နယ်သာလန်၊ဒိန်းမတ်၊အီတလီတို့ထိ ပြန့်နှံ့ခဲ့ပြီး လက်ယာစွန်းရောက်ပါတီ တွေကတာင်းဆိုနေပါတယ်။ ပြင်သစ်နိုင်ငံ များလည်း မီးလောင်ရာလေပင့်မဲ့ ဆွေးနွေးပွဲတွေ ပါလီမန်မှာဖြစ်ပေါ်ခဲ့တယ်။

ဒါကြောင့်သမ္မတ ဆာကိုဇီမှ ဘာသာတရားတိုင်းကို ထိပါးစော်ကားမည့် မထီမဲ့မြင် လုပ်ရပ်များကနေ ရှောင်ရှားကြဖို့တိုင်းပြည်ကို တိုက်တွန်း သတိပေးခဲ့၇ပါတယ်။

ဥရောပမမှာ မွတ်စလင်မ်အများဆုံး ရှိရာနိုင်ငံဖြစ်နေတဲ့ အတွက် အခြေချနေထိုင်မှုများ ကို ဆန့်ကျင်သူတွေရဲ့ အမျိုးသားရေးလက္ခဏာအပေါ် စိုးရိမ်လာနေမှုကိုကြည့်ပြီး အခြေအနေကို ထိန်းသိမ်းနေစဉ်မှာဘဲ အခြေချသူများကို ဆန်ကျင်တဲ့ ပြင်သစ် အမျိုးသားရေးပါတီက ဆွစ်ဇလန်ထက် ခြေတလှမ်းတိုးကာ ဆီဗေးလီမြို့ရှိဗလီကြီးတည်ဆောက်မဲ့ အစီအစဉ်ကိုကန်ကွက်သည့် လက်ကမ်းစာရွက်များ ဖြန်ဝေခဲ့ပါတယ်။

ဒါ့ကြောင့်ဆီဗေးလီ တရားရုံးမှ ပါတီရဲ့လှုပ်ရှား ဆောင်ရွက်မှုကို တားမြစ်ကာ ယူရို၁၅၀၀ ဒဏ်ရိုက် ခဲ့ပါတယ်။

၎င်းပါတီဟာပြင်သစ်မှာဗလီများဆောက်လုပ်ခြင်းကိုပိတ်ပင်ဖို့ကြိုးစားနေပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ပြင်သစ်တွင် ဗလီဆောက်လပ်ခွင့်၊ မီနာရာဆောက်လုပ်ခွင့်ကို ပိတ်ပင်မှာ မဟုတ်ကြောင်း အစိုးရမှ ကတိပေးခဲ့ပါတယ်။


၂၀၀၄ခုနှစ်တုန်ကလည်းပြင်သစ် လောကီဆန် လူ့အဖွဲ့အစည်းကို ကာကွယ်ဖို့ ဆိုပြီး ဟီဂျာဘ်ခေါင်းတောင်း၊နီကားဘ် မျက်နှာဖုံးအုပ်ဝတ်ဆင်ခွင့်ကို ကျောင်းများမှာ ပိတ်ပင်ခဲ့ပါသေးတယ်ဆိုတဲ့အကြောင်းသတင်းရရှိပါတယ်။


မောင်လေပြေ MMM
Continue Reading...

ဆွလာသ်ဝတ်ပြုခြင်းသည် ကျန်မားရေးကို အကျိုးဖြစ်ထွန်းစေ

116201-004-34dee6c9.jpgအစ္စလာမ်သာသနာတွင် မပြုမနေရ သတ်မှတ်ထားသော နေ့စဉ်ဆွလာသ် ငါးကြိမ်ဝတ်ပြုခြင်းတွင်
ပြုလုပ်ရသော ကိုယ်ဟန်အနေထားသည် ခန္ဓာကိုယ်ကျန်မားရေးကို တိုက်ရိုက်အထောက်ကို ဖြစ်မှု့ကို ထိပ်တန်း
မလာယာတက္ကသိုလ်မှ လေ့လာတွေ့ ရှိကြောင်း မလေး၇ှားဝန်ကြီးချုပ် ပြောဆိုချက်ကို ကိုးကားပြီး Islamonline သတင်းတရပ်တွင် ဖေါ်ပြထားသည်။

ဆွလာသ်ဝတ်ပြုရာတွင် လှုပ်ရှားရသော ကိုယ်ဟန်အနေထားများ
ကြောင့် ခန္ဓာကိုယ်၏ ကမ္မဗေဒဖြစ်စဉ် တွင် အကျိုးသက်ရောက်ကိုတွေ့ရှိ၇သည်ကို ၀န်ကြီးချုပ်ဟောင်း အာမက်ဘာဒါဝီမှ ဇိဝ-ဆေးပညာ ကွန့်ဖရင့်တခုတွင် ပြောကြားခဲ့သည်။
ယင်းလေ့လာမှုကို မလာယာတက္ကသိုလ်၏ ဆေးဘက်ဆိုင်ရာ ဇိဝအင်ဂျင်နီယာဋ္ဌါနမှ သုတေသနပြုတွေ့ ခဲ့သည်။ .......
ဆွလာသ်ဝတ်ပြုနေစဉ်ပြု မူရသော ကိုယ်အနေထားကြောင့် နှလုံး၊ကျောရိုးဆစ်များ၊ မှတ်ဥာဏ်စွမ်းရည်နှင့် စိတ်အာရုံတို့ အပေါ်သက်ေ၇ာက်မှု ရှိနေသည်။ ဆွလာသ်ဝတ်ပြု ရာတွင် ကိယာမ် မတ်မတ်ရပ် ခြင်း၊ ရူကုအ် ခါးညွတ် ခြင်း၊ တဖန် မတ်မတ်ပြန်ရပ်ပြီးနောက် နဖူးနှာခေါင်း၊ လက်ဖ၀ါး၊ ဒူး၊ခြေဖျား၊တို့နှင့် ကြမ်းပြင်ကို ထိကာ စဂ်ျဒဟ် ဦးချခြင်းကိုတို့ သတ်မှတ်ထားသောအကြိမ်အလိုက်လုပ်ဆောင်ရသည်။

“ဆွါလာသ်ဝတ်ပြု တည်ဆောက်မှု သည် နာမ်ဝိဥာဉ်ပိုင်းအတွက်သာမက ကျန်မာရေးအတွက်ကိုပါ အကျိုးဖြစ်ထွန်စေသည်ကို ယခုလေ့လာတွေ့ရှိချက်ကနေ အတည်ပြုပေးနိုင်ပြီးဖြစ်ကြောင်း ယနေ့ကမ္ဘာတွင် ခေတ်စားနေသော ယောဂကျင့်စဉ်ကဲ့သို့ မွတ်စလင်နှင့် မွတ်စလင်မဟုတ်သူများ၏ အာရုံကိုလေ့လာတွေ့ရှိချက်က ဖမ်းစားနိုင်မှာဖြစ်ကြောင်း ၄င်းကထည့်သွင်းပြောကြားခဲ့သည်။ မလေးရှားနိုင်ငံသည် ပညာရေး၊ သိပ္ပံ၊ နည်းပညာ၊ ဖွံဖြိုးရေး အစီစဉ်များကို တိုးတက်အောင် လုပ်ဆာင်နေသကဲသို့ အစ္စလာမ် သာသနာရေးရာများတွင် ဖွံဖြိုးအောင် ဆောင်ရွက်ပေးနေသဖြင့် စံပြမွတ်စလင်နိုင်ငံအဖြစ်သို့ တက်လှမ်းနေပါသည်။

မောင်လေပြေ MMM
Continue Reading...

နိုင်ငံချစ်စိတ်မြင့်မားမှုတွင်ဗြိတိန်မွတ်စလင်တို့ ထိပ်ဆုံးမှာရှိ

sundaytimenews

ဗြိတိန်မွတ်စလင်များသည် အကြမ်းဖက်သမားများ သဖွယ်မျက်စိဒေါက်ထောက် စောင့်ကြည့် ခံနေရ သော်လည်း ဥရောပတခွင်ရှိ နိုင်ငံများအားလုံးထက် နိုင်ငံ ချစ်စိတ်မြင့်မား မှုတွင်ဗြိတိန်မွတ်စလင်များ အများဆုံးဖြစ်ကြောင်း ဘီလီယံနာ ဂျောဂ်ျဆိုးရောစ် တည်ထောင်ထားသည့် Open Society Institute မှ သုသေသနပြု လေ့လာတွေ့ရှိသည်။

ယင်းလေ့လာမှုကို မွတ်စလင်အများစုနေထိုင်ရာ ဥရောပမြို့ ကြီ်း ၁၁မြို့ရှိ နေရာပေါင်း၁၁ခုတွင် လူပေါင်း၂၂၀၀ကို လေ့လာသုသေသနပြု ခဲ့ခြင်ဖြစ်သည်။

လေ့လာတွေ့ရှိချက်အရ ဗြိတိန်တွင် ၇၈%၊ ပြင်သစ်တွင် ၄၉%၊ ဂျာမနီတွင်၂၃% အသီးသီးတို့သည် ၄င်းတို့ နေထိုင်ရာ နိုင်ငံအပေါ် ချစ်မြတ်နိုး ကြသူများဖြစ်ကြပြီး ဒုတိယ မျိုးဆက်သစ် မွတ်စလင်မ် ...



လူငယ်များတွင်နိုင်ငံချစ်စိတ်ရှိသူ ပိုမိုများပြား ကြောင်း တွေ့ရသည်။

သုသေသသနပြုလေ့လာရေးစီမံကိန်ဒါရိုက်တာ နာဇီယာဟူစိန်မှ“ ဗြိတိန်မွတ်စလင်တွေ ရဲ့ခံယူချက်နဲ့ ဗြိတိန်လူ့အဖွဲ့စည်းရဲ့ ရှုမြင်ချက်နှစ်ခု ကွာခြားနေတာကို ဒီလေ့လာမှုကနေ တွေ့မြင်နိုင်ပါတယ်ဟုဆိုသည်။
၂၀၀၇ခုနှစ်တွင်လည်း Financial Time သတင်းစာမှလည်း စစ်တမ်း ကောက်ယူခဲ့ရာ ဗြိတိန် မွတ်စလင် များသည် သံသယအ၀င် ခံရဆုံးသာ သူများဖြစ်သည်ဟုတွေ့ရှိရသည်။

ဗြိတိန်နိုင်ငံလန်ဒန်မြို့မြေအောက်ရထားဘူတာရုံးများဗုံးခွဲတိုက်ခိုက်ခံရပြီးနောက်ပိုင်းတွင် အကြမ်း ဖက်တိုက် ဖျက်ရေး ဥပဒေကြောင့် မွတ်စလင်များမှာ ဘေးကျပ် နံကျပ် အဖြစ်သို့ရောက်ခဲ့ရသည်။
Continue Reading...

“စိမ်းလန်းဝေဆာမြင့်မြတ်မြေမဒီနာ” အမည်ရှိပတ်ဝန်းကျင်ထိန်သိမ်းေ၇းအစီအစဉ်

ရာသီဥတုပြေင်းလဲလာမှုနှင့် ကမ္ဘာကြီးပူနွေးလာမှုအပေါ်သတီပေးချက်များ ပိုမိုထိရောက်စေရန်ရည်ရွယ်ပြီး အစ္စလာမ်သာသာအပါဝင် ကမ္ဘာဘာသာကြီး၉ခုမှ ကိုယ်စားလှယ်များပါဝင်သာ “ယုံကြည် သစ္စာ သက်ရှိကမ္ဘာ” အမည်၇ာသီဥတု ပြောင်ူးလဲမှုဆိုင်ရာညီလာခံကို ရလန်ဒန်မြို့အနီး ၀င်ဆာရဲတိုက်တွင် နိုဝင်ဘာ ၃ ၇က်နေ့တွင် ကျင်းပခဲ့သည်။

အဆိုပါဆွေးနွေးပွဲ အစ္စလာမ်ဘာသာ ကိုယ်စားပြု တက်ရောက်လာသော အီဂျစ်နိုင်ငံ မွဖ်သီချူပ်အလီဂိုးမားမှ “ စိမ်းလန်းဝေဆာ မြင့်မြတ်မြေ မဒီနာ” မဒီနာမြို့တွင် အကောင်ထည်ဖေါ်မည့် ပတ်ဝန်းကျင်ထိန်သိမ်ရေးအစီစဉ်ကို ထုတ်ပြန်ခဲ့သည်။
မဒီနာမြို့ကို




သာယာစိမ်းလန်သည့်အိုအေစစ်သဖွယ်ပြောင်းလဲမည့်ယင်းအစီအစဉ်တွင် မဒီနာမြို့တော် သယ်ယူပို့ဆောင်ေ၇းလုပ်ငန်းများတွင် ကာဗွန်ထုတ်လွှတ်မှု လျှော့ချ၇န်၊အသစ်ပြန်လည်ဖြည့်တင်းနိုင်သော စွမ်းအင်များ မတ်စ်ဂျိဒ်များတွင် အသုံးချနိုင်ရန်၊သန့်ရှင်းသည့်ရေပိုက်လိုင်းများမှဟဂ်ျ၊အွမ္မရဟ် ခရိးသည်များ ရေသန့်ရရှိအာင်ဖန်တီးပေးခြင်းဖြင့်အန္တရယ်ကြီးမားသည့်ပလက်စတစ်ပုလင်းခွံသုံးစွဲမှုလျှော့ချရန်၊မြင့်မြတ်နယ်မြမဒီနာတွင်ပတ်ဝန်းကျင်
ထိခိုက်မှုမ၇ှီသည့် လူမှု့ပုံစံတရပ်ဖန်တီးရန့်နှင့် ပညာရေးသင်ရိုးများတွင် ၇ာသီဥတု ဆိုင်ရာ ပညာရပ်များ ထည့်သွင်းရေးဆွဲသွားရန် တို့ပါဝင်သည်။၎င်းဆွေးနွေပွဲတွင် မုဖ်သီ အလီဂိုးမားမှ “ ပတ်ဝန်ကျင်ထိန်သိမ်းကာကွယ်ရန် အစ္စလာမ်သွန်သင်ချက်များ ရှိကြောင်း၊ကျွန်ုပ်တိုရဲ့ပတ်ဝန်ကျင်ကိုကာကွယ်ရန်မှာလည်းသာသနာ့တာဝန်တရပ်ဖြစ်ကြောင်း
ပြောကြားခဲ့သည်။လာမည့်၂၀၈၀ ခုနှစ်တွင်ကမ္ဘာလူဥိးရေး၏ သုံးပုံတစ်ပုံသည် ရေမလုံလောက်မှု၊သန်း၆၀၀သည်အစားစာပြတ်လက်မှု၊လူ၇သန်းကျော်နေထိုင်၇ာကမ်း၇ိုးတန်းများပျောက်ကွယ်
သွားနိုင်ခြင်းတို့ဖြစ်ပေါ်လာကြောင်းကျွမ်ကျင်များကဆိုကြသည်။
islamonline.net
Continue Reading...

ပဲခူးမြို့မှာ သံဃာနှင့် ရဲတပ်ဖွဲ့ အခင်းဖြစ်ပွားခဲ့

RFA မှကူးပါသည်။

နှစ်စဉ်နှစ်တိုင်း ကျင်းပနေတဲ့ ပဲခူးမြို့ ရွှေသာလျောင်းဘုရားက ဗုဒ္ဓပူဇနိယ ပွဲတော်မှာ ဒီဇင်ဘာ ၁၃ ရက် မနေ့က စတင်ပြီးတော့ ဝင်ရောက်ကပြ ဖျော်ဖြေတဲ့ စိန်သဇင် ဇာတ်သဘင်အဖွဲ့ကို အားပေးကြတဲ့ သံဃာတော်တွေက ဆုချီးမြှင့်ကြရာကနေ ညသန်းခေါင်လောက်မှာ သံဃာတော်တပါးကို ရဲက ဖမ်းဆီးလိုက်တယ်လို့ မျက်မြင်သက်သေတဦးက RFA ကို ပြောပါတယ်။မျက်မြင်သက်သေ။ ။ “ဖြစ်စဉ်ကတော့ သံဃာတွေက ပွဲဈေးသွားကြတာပေါ့၊ သွားတော့ ပွဲရုံထဲမှာ ဖြစ်တာ၊ ဇာတ်ပွဲကြည့်နေတာပေါ့ နော်၊ အဲဒီမှာ ဆုသွားချတယ်၊ ဆုသွားတက်ချလိုက်ပြီးတော့ လုံခြုံရေးရဲတွေက အဲဒီသံဃာတော် တပါးကို ဖမ်းတယ်၊ ဖမ်းပြီးတော့ အဲဒီ ရဝတ ရုံးခန်းကို ခေါ်လာတာပေါ့၊ ဖမ်းလာတာပေါ့။”အဲဒီမှာပဲ အဖမ်းခံရတဲ့ သံဃာတော် ပြန်လွှတ်ပေးဖို့ဆိုပြီး ဇာတ်ပွဲရုံအတွင်း ကြည့်နေကြတဲ့ သံဃာတွေက ခုနက ဖမ်းဆီးသွားတဲ့ သံဃာတော်ကို စစ်ဆေးနေတဲ့ ရဝတ ရုံးကိုလိုက်ပြီး တောင်းဆိုရာကနေ အဓိကရုဏ်း ဖြစ်ပွားခဲ့တာ ဖြစ်တယ်လို့ မျက်မြင်သက်သေက ဆက်ပြောပါတယ်။မျက်မြင်သက်သေ။ ။

“ကျန်တဲ့ သံဃာပျိုအုပ်စုက အပါး လေးငါးခြောက်ဆယ်ခန့်ကနေပြီးတော့ ဖမ်းသွားတဲ့ သံဃာတွေကို ပြန်လွှတ် ပေးဖို့ တောင်းဆိုတာပေါ့၊ တောင်းဆိုတော့ သံဃာတွေက မပေးဘူးလား ပေးမလားဆိုတော့ ဟိုက မေးမြန်းတာနဲ့ဆိုတော့ ကြာသွားတာပေါ့၊ ကြာသွားတော့ ဘေးက လိုက်လာတဲ့ သံဃာတွေကနေပြီးတော့မှ အဲဒီ ဆိုင်းဘုတ်တွေကို ဖျက်တာပေါ့ဗျား၊ အဲဒီ ရဲနဲ့ အဓိကရုဏ်း ဖြစ်သွားတယ်ပေါ့၊ ဖြစ်တော့ အဲဒီမှာတင် ရဝတ ရုံးက ဆိုင်းဘုတ်တွေ၊ ကြံ့ခိုင်ရေး ဆိုင်းဘုတ်တွေ ရဝတ ဆိုင်းဘုတ်တွေကို အကုန်လုံး ရိုက်နှက်ဖျက်ဆီးသွားတယ်၊ မီးချောင်းတွေကော ဘာတွေကော၊ ရဲတွေလည်း ဖမ်းရမလားဆိုပြီးတော့ ရဲတွေနဲ့ အဓိကရုဏ်းဖြစ် ရဲတွေလည်း ထွက်ပြေးတာပေါ့ဗျား။”်။

ဒီစိန်သဇင် ဇာတ်သဘင်အဖွဲ့မလာခင် ရဲဇာနည်ဇာတ်သဘင်၊ မန္တလေး သိန်းဇော်ဇာတ် စတာတွေ ဘုရားပွဲမှာ ၃ ညစီ ကပြဖျော်ဖြေခဲ့ကြရာမှာ ပြဿနာတစုံတရာ မရှိခဲ့ပဲ ၇ ရက်မြောက်နေ့မှာမှ အခုလို ရုံးရင်းဆန်ခတ် ဖြစ်ခဲ့ရတာပါ။ဖမ်းဆီးခံရတဲ့ သံဃာတော်ကိုလည်း အခင်းဖြစ်ပွားခဲ့တဲ့ ညတွင်းချင်းမှာပဲ အာဏာပိုင်တွေက ပြန်လွှတ်ပေးလိုက်တယ်လို့ ခုနက မျက်မြင်သက်သေကပဲ ပြောပါတယ်။ အခင်းဖြစ်ဖြစ်ချင်း အာဏာပိုင်တွေက ပွဲဆက်ကခွင့် ပါမစ်ကို ပိတ်လိုက်ပေမဲ့ ဒီဇင်ဘာ ၁၄ ရက် ဒီကနေ့ မနက်ပိုင်းမှာတော့ ပြန် ခွင့်ပြုလိုက်တယ်လို့လည်း သိရပါတယ်။ဒီလို သံဃာတော်တွေနဲ့ ရဲဝန်ထမ်းတွေအကြား ဖြစ်ပွားခဲ့တာနဲ့ ပတ်သက်လို့ ပဲခူးမြို့ ရဲစခန်းက တာဝန်ရှိသူတွေကို ဆက်သွယ် မေးမြန်းခဲ့ပေမဲ့ ပြောဆိုခွင့် မရှိကြောင်းသာ RFA ကို အခုလို ပြောဆိုပါတယ်

။ဒုရဲအုပ်။ ။ “အမိန့်ရှိပါ၊ အမှတ် ၂ ရဲစခန်းက ဒုရဲအုပ် အောင်မျိုးပါ။ အခု လောလောဆယ်တော့ ကျနော်တို့ စခန်းမှူး မရှိဘူး၊ ကျနော်တို့ စခန်းမှူးပဲ သိမယ် အဲဒီကိစ္စက။ စခန်းမှူး တယောက်ပဲ သိမယ်၊ ဘယ်ကိစ္စဖြစ်ဖြစ် ၊ ကျနော်တို့အနေနဲ့ကတော့ ဘာမှ သိခွင့်လည်း မရှိဘူး ကျနော်တို့ ပြောခွင့်လည်း မရှိဘူးခင်ဗျ။”ဒါကတော့ ပဲခူးမြို့မှာ ရဲနဲ့ သံဃာတော်တွေ အခင်းဖြစ်ပွားခဲ့တာနဲ့ ပတ်သက်လို့ RFA က မေးမြန်းတာမှာ တာဝန်ကျ ရဲအရာရှိတဦးက ပြန်ပြီး ဖြေဆိုသွားတာ ဖြစ်ပါတယ
Continue Reading...

စစ်တွေမြို့ သမိုင်းဝင် သင်္ချိုင်း နေရာပြောင်းရွှေ့ရမည်

ဒါကာ (မဇ္ဈိမ)။ ။ ရခိုင်ပြည်နယ်မြို့တော် စစ်တွေမြို့မှ ၂၂၅ နှစ် သက်တမ်းရှိ အာကျိတ်တော်ကုန်းရှိ သင်္ချိုင်းကို နေရာသစ်သို့ ပြောင်းရွှေ့ရန် အာဏာပိုင်များက အမိန့်ထုတ်ပြန်ထားသည်။

စစ်တွေမြောက်ဘက် ၂ မိုင်ခန့်အကွာမှ ၁၀ မိုင်ခန့်ဝေးသည့် မန်ဇီအရပ်သို့ လာမည့်လကုန်တွင် အပြီးသတ်ရွှေ့ရန် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် အခြေစိုက်သည့် အမ်းမြို့ရှိ ကျောက်ဖြူခရိုင် အေးချမ်းသာယာရေးရုံးက ယခုလဆန်းတွင် ထုတ်ပြန်ထားသည်။

“သင်္ချိုင်းနေရာကို ဇန်နဝါရီလကုန်မှာ နောက်ဆုံးထားပြီး ပြောင်းဖို့ အမိန့်ထွက်လာတာပါ။ ပြည်သူတွေကတော့ အသုဘချရင် အဲ့ဒီနေရာသစ်ကို ပြောင်းချလို့ ရပါပြီ။ မြို့နယ်ကနေ ထပ်ဆင့်အမိန့်လည်း ထုတ်ထားပါပြီ။ သင်္ချိုင်းအသစ်လုပ်မယ့် နေရာမှာ ဇရပ်တို့၊ ခြံစည်းရိုးတို့ လုပ်ရဦးမယ်လေ။ သင်္ချိုင်းဟောင်းမှာလည်း အုတ်ဂူတွေ ဖျက်ရမှာတို့ဘာတို့ ရှိသေးတယ်လေ” ဟု အမည်မဖော်လိုသည့် စစ်တွေမြို့ မယက မြို့နယ်ရုံးမှ ဝန်ထမ်းတဦးက မဇ္ဈိမကို ပြောသည်။

ယင်းနေရာတွင် မိုးလေဝသစခန်းတခု တည်ဆောက်ရန် ရည်ရွယ်ထားကြောင်း သူက ဆိုသည်။

အာကျိတ်တော်ကုန်းရှိ သင်္ချိုင်းဟောင်းကို ၁၇၈၄ ခုနှစ် စစ်တွေမြို့တည်ကတည်းက တည်ရှိခဲ့ပြီး ဗုဒ္ဓဘာသာ၊ မူဆလင်ဘာသာဝင်များနှင့် တရုတ်လူမျိုးများအတွက် သီးခြားခွဲထားရှိခဲ့သည်ဟု ဒေသခံများက ပြောသည်။

သင်္ချိုင်း၌ လွတ်လပ်ရေးကြိုးပမ်းစဉ် ကျဆုံးခဲ့သော ဗိုလ်မှူးမြတောင်ရည် အပါအဝင် နိုင်ငံရေး ခေါင်းဆောင်များ၊ စစ်တွေဆန်ပြဿနာတွင် အာဏာပိုင်များက ပစ်ခတ်သဖြင့် သေဆုံးခဲ့သူများလည်း မြှပ်နှံခဲ့သည်။

မဇ္ဈိမ မှကူးယူပါသည်။
Continue Reading...

ဆော်ဒီကမြန်မာကို ဒေါ်လာ(၈) သန်း အတိုးမဲ့ချေးမည်





မြန်မာဆည်မြောင်းလုပ်ငန်းတွေ ဖွံဖြိုးရေးအတွက် ပထမဆုံးအကြိမ်အဖြစ် ဆော်ဒီအာရေဗျက မြန်မာနိုင်ငံကို အမေရိကန်ဒေါ်လာ(၈)သန်းအတိုးမဲ့ချေးမှာဖြစ်ကြောင်းသိရပါတယ။်

အဲဒီ ငွေတွေကို ဧရာဝတီတိုင်း၊ အင်္ဂပူမြို့နယ်မှာရှိတဲ့ ကညရေလှောင်တမံတည်ဆောက်ရေး အတွက် အသုံးပြုမှာဖြစ်ပါတယ်။ ငွေကြေးထောက်ပံ့တဲ့အဖွဲ့အစည်းကတော့ ဆော်ဒီအာရေဗျ ဘဏ္ဍရေးဝန်ကြီးက ဥက္ကဌအဖြစ်ဆောင်ရွက်တဲ့ SDF အမည်ရှိတဲ့ အစိုးရပုဂလိက

ပူးပေါင်းထားတဲ့ အဖွဲ့ဖြစ်ကြောင်း ဆည်မြောင်းဦးစီးဌာနမှ ဒုတိယညွှန့်ကြားရေးမှူးချူပ် ဦးလှဘော်ကပြောပါတယ်။ “ ဒီကိစ္စအတွက် ဆော်ဒီအဖွဲ့ကလည်း သက်ဆိုင်ရာကို တင်ပြမယ် ။ ကျွန်တော်တို့ကလည်းသက်ဆိုင်ရာ ကက်ဘိနက်ကိုတင်ပြမယ်။ ပြီးရင် သဘောတူစာချူပ်ချူပ်ဆိုမှာ ဖြစ်ပါတယ်။”

ဒီစာချူပ်ချုပ်ဆိုပြီးခဲ့ရင် ရေလှောင်တမံတည်ဆောက်ရေးလုပ်ငန်းတွေကို ၂၀၁၀ ပြည့်နှစ်နှစ်ဆန်းပိုင်းက စတင်ဆောင်ရွက်မှာဖြစ်ကြောင်းသိရပါတယ်။ ဒီရေလှောင်တမံမှာ တပ်ဆင်မယ့် ၅ မီဂါဝပ်ရှိတဲ့ လျှပ်စစ်ဓါတ်အားပေးစက်ရုံတွေကို တရုတ်နိုင်ငံက တပ်ဆင်ပေးမှာဖြစ်ပြီး ရေလှောင်တမံပြီးစီးမယ်ဆိုရင် အင်္ဂပူမြို့နယ်အတွင်း လယ်ဧက ၂၅၀၀၀ ကို ရေပေးနိုင်မှာ ဖြစ်ကြောင်းသိရပါတယ်။ ဒီစီမံကိန်းအတွက်ဆော်ဒီက အတိုးမဲ့ချေးတယ်။ တရုတ်ကလည်း ဓါတ်အားပေးစက်တွေ ထောက်ပံမယ်ဆိုရင် လုပ်ငန်းအနေနဲ့လည်း မြန်မြန်ဆန်ဆန် ပြီးစီး အောင်မြင်မှာဖြစ်ပါတယ်။ လို့ ၄င်းက ဆက်လက်ပြောကြားပါတယ်။
Continue Reading...

အမျိုးသားနှင့်အမျိုးသမီး အတူတက်နိုင်မည့် ပထမဆုံးတက္ကသိုလ်တစ်ခု ဆော်ဒီတွင်ဖွင့်လှစ်


ဆော်ဒီအာရေဗျက ကမ္ဘာ့ အဆင့်နည်းပညာသုတေသန နယ် ပယ်တွင် တစ်ရှိန်ထိုး ထိုးဖောက်နိုင် ရေးနှင့် အမျိုးသမီးများ အခွင့်အရေး အတွက် အဟန့်အတားဖြစ်နေ သောဘာသာရေး အတားအဆီးများ ကို ဖယ်ရှားထားသည့် အဆင့်မြင့် သိပ္ပံနည်းပညာ တက္ကသိုလ်သစ် တစ်ခု ကို စက်တင်ဘာလ ၂၃ ရက်နေ့ တွင် ဖွင့်လှစ်ခဲ့သည်။

ဒေါ်လာ ၁ ဒသမ ၅ ဘီလျံ ကုန်ကျခံတည်ဆောက်ထားသော ယင်းတက္ကသိုလ်တွင် ကမ္ဘာ့အမြန် ဆုံးစူပါကွန်ပျူတာများထဲမှတစ်လုံး ကို တပ်ဆင်ထားပြီးနောက်ဆုံး ပေါ် နည်းပညာကိရိယာများတပ် ဆင်ထားသည်။ ဘုရင်အဗ္ဗဒူလာ သိပ္ပံနှင့် နည်းပညာတက္ကသိုလ် (King Abdullah University for Science of and Technlogy (KAUST)) တွင် အမျိုးသမီးနှင့် အမျိုးသားအတူတကွ ပညာသင် ကြားနိုင်သော ပထမဆုံးပညာရေး အ၀န်းအ၀ိုင်းတစ်ခုဖြစ် လာမည်ဖြစ် သည်။ ရေနံကိုမှီခိုနေရသော ဆော်ဒီ အာရေဗျနိုင်ငံကို ခေတ်မီပြုပြင် ပြောင်းလဲရေးအတွက် ဘုရင်အဗ္ဗ ဒူလာ၏ ကြိုးပမ်းမှုမှတ်ကျောက် တစ်ခုလည်းဖြစ်သည်။

ဂျီဒါမြို့ မြောက်ဘက်မိုင် ၅၀ အကွာ ပင်လယ်နီကမ်းရိုးတန်းတစ် လျောက်တွင် တည်ဆောက်ထား သော ယင်းတက္ကသိုလ်ကို နှစ်နှစ် အတွင်းအပြီး တည်ဆောက်ခဲ့ခြင်းဖြစ် သည်။ တက္ကသိုလ်အမှုထမ်းများ အတွက် ထိပ်တန်းပါမောက္ခများကို စုစည်းထားပြီး နိုင်ငံပေါင်း ၆၀ ကျော်မှ ပါမောက္ခ ၇၀ ခန့်နှင့် သုတေသန ကျောင်းသား ၈၀၀ ခန့်ကို စုစည်းထားပြီးဖြစ်သည်။

သင်တန်းအားလုံးကို အင်္ဂလိပ်ဘာသာဖြင့်သာ သင်ကြားမည် ဖြစ်ပြီး တက္ကသိုလ်ကွန်ပျူတာ စနစ်တွင် ကမ္ဘာ့အမြန်ဆုံး စူပါ ကွန်ပျူတာများတွင် အဆင့် ၁၄ ရရှိထားသော ကွန်ပျူတာကို တပ် ဆင်ထားသည်။

ယခုလတွင် ဖွင့်လှစ်မည့် သင်တန်းများအတွက်ကျောင်းသား ၈၁၇ ဦး စာရင်းပေးသွင်းထားပြီး ကျန်သင်တန်းများကို ၂၀၁၀ ပြည့် နှစ်တွင်စတင်ဖွင့်လှစ်မည်ဖြစ်သည်။ တက္ကသိုလ်၏ ဘဏ္ဍာရေး တောင့်တင်းမှုကြောင့် စရိတ်အားလုံးကို တက္ကသိုလ်ကကျခံမည်ဖြစ်သည်။

30-9-09 ထုတ် Weekly-11 -Vol.4 No-5 Pg-17 မှ ကူးယူဖော်ပြချက်ဖြစ်ပါသည်။
Continue Reading...

(၂-၉-၆၀) မီးဒုတ် သတင်းစာ

နိုင်ငံတော်ဘာသာကို ဒီဒုတ် ဦးဘချို ပြုလုပ်ရန်ကြံစဉ်က
ဗိုလ်ချုပ်အောင်ဆန်း ဘယ်လိုပြောခဲ့ဘူးသနည်း

ပြည်ထောင်စု မြန်မာနိုင်ငံ၏ ဖွဲ့စည်းအုပ်ချုပ်ပုံ့ အခြေခံဥပဒေ အရေးတော်ပုံကြီး
aung-sun.jpgဒီမှာဆရာ ကျွန်တော်တို့က လူကြိုက်အောင်လုပ်နေကြတာ မဟုတ်ဘူး ဒီလိုမဟုတ်မဟတ်ကို စိတ်ထင်ရာတွေ ရှောက်လုပ်နေကြမယ်ဆိုရင် ကျွန်တော်တို့တိုင်းပြည်ကြီးဟာ မကြာမီ ပျက်စီးပြိုကွဲပြီး ကျွန်သဘောက်ဖြစ်သွား ကြမှာဘဲ။ ကျွန်တော်တို့ တိုင်းပြည်ထဲမှာ အလောင်းဘုရား လက်ထက်ကတည်းက ရှိခဲ့ကြတဲ့ မူဆလင်တွေရှိတယ်၊ ဘုရင်ဂျီတွေရှိတယ်၊ အစကတည်းက ရှိလာခဲ့ကြတဲ့ နတ်ကိုးကွယ်ကြတဲ့ တောင်တန်းသားတွေ ရှိတယ်။ တချို့ ခရစ်ယန်တွေဖြစ်ပြီး အရိုးစွဲနေကြတာတွေ ရှိတယ်၊ သူတို့တတွေဟာလဲ အားလုံး နိုင်ငံသားတွေဘဲ၊ တိုင်းပြည်ကို ကျွန်တွင်းကလွတ်အောင် တိုက်ထုတ်ကြတုန်းက ကျွန်တော်တို့ချည်း မဟုတ်ဘူး၊ သူတို့တတွေပါ ပါကြပါတယ် ။ အခု ကျွန်တွင်းက လွတ်မယ်မှ မကြံကြသေးဘူး၊ သူတို့တတွေ အပေါ်မှာအနိုင်ကျင့်ပြီး ငါတို့လူများစုရဲ့ ဘာသာကို နိုင်ငံတော်ဘာသာ ဖြစ်ရမယ်လို့လုပ်လိုက်ရင် ကျုပ်တို့ဟာ ခွေးလောက်တောင် သောက်သုံးမကြတဲ့ အကောင်တွေဖြစ်သွားကြမှာပေါ့။ဆရာ တိုင်းပြည်ကို တိုင်းပြည်ရေးလို့ တွေးစမ်းပါ။ ဘာသာတွေ ဘာတွေ ညာတွေလုပ်မနေပါနဲ့၊ ကျွန်နော်တို့ဟာ ကျွန်တော်တို့ တိုင်းပြည်တခုလုံးစည်းရုံးနေဘို့ လိုတယ် ။အမျိုး၊
ဘာသာ၊ သာသနာ၊ ပညာ ဆိုတာတွေဟာ ရှေးရှေးပဒေသရာဇ် မင်းတရားကြီးတွေရဲ့ စိတ်ကူးယဉ် ဘဝင်လေပင့်ပြီး ပြောခဲ့တဲ့ စကားတွေပါ။ အခုအချိန်မှာ ကျွန်တော်တို့ လိုကြတာက ပြည်ထောင်စုကြီးထဲမှာ ရှိနေကြတဲ့လူမျိုးအားလုံး ဘာသာအားလုံး ဘယ်တော့မှ မပြိုကွဲဘဲ ခွဲထွက်သွားမဲ့လူတွေ ပေါ်မလာစေဘဲ နိုင်ငံစိတ်ဓါတ် တခုထဲ ရှိနေအောင် သွင့်းပေးဘို့ စည်းရုံးပေးဘို့လိုတယ်။ နိုင်ငံတော် ဘာသာ ဗုဒ္ဓဘာသာလုပ်ချင်ရင် ဆရာကိုယ်တိုင် ဘဝရှင်မင်းတရားကြီး အမည်ခံပြီး သာသနာ့ဒါယကာတော် တက်လုပ်။ ပြီးတော့ စည်ကုံးခရိုင်နဲ့တကွ စိုးမိုးအုပ်ချုပ်တော်မူသော သီရိပဝရဓမ္မရာဇာ ဘဝရှင်မင်းတရားကြီး သာသနာ့ ဒါယကာ ဘချို၏ ဗုဒ္ဓဘာသာ နိုင်ငံတော်လို့ ဆရာဟာ ဆရာကြေညာ၊ ကျွန်တော်မပါဘူး ။
Continue Reading...

အကြမ်းဖက်ဖျက်စီးခံခဲ့ရသော တောင်ငူမြို့မှဗလီများ

နအဖ စစ်အစိုးရ ရဲ့လက်ပါးစေ အကြမ်းဖက်သမားများ၏ ဖျက်စီးခြင်းခံခဲ့ရသော တောင်ငူမြို့မှ ဗလီဝတ်ကျောင်းများ၏ ဓါတ်ပုံများဖြစ်ပါသည်။ ဗလီဝတ်ကျောင်းများကိုဖျက်စီးခြင်းကိုခံရသည့် အပြင် ယနေ့အချိန်ထိပြန်လည်ဝတ်ပြုခွင့် မရသေးပါ။ နအဖ စစ်အစိုးရလက်ထက် မြန်မာမွတ်စလင်မ်များ၏ အသက်အိုးအိမ်စည်းစိမ်များ အကာအကွယ်မပေးနိုင်မှု ၊ဘာသာရေးလွတ်လပ်ခွင့်များ မှုများ နိမ့်ကျ ဆိုးရွားနေမှုများမှ ထင်ရှားလှပေသည်။




အခြားဆက်စပ်သတင်းများကို ဒီစာမျက်နှာ တွင်ဖတ်ရှုနိုင်ပါသည်။
Continue Reading...

တရုတ်ပြည်ရှိ မွတ်စလင်မ်များ...

china_muslim.jpg

တရုပ်ပြည်ကြီးဟာ အိပ်ပျော်နေတဲ့ ခွေးကြီးတစ်ကောင်လိုပါပဲ သူကိုသွားနိုးလိုက်မယ်ဆိုယင် တကမ္ဘာလုံး တုန်ဟီးသွားလိမ့်မယ်။
ယခုအချိန်သမယမှာ ကမ္ဘာကြီးရဲ့ လူဦးရေ ၅ ပုံ ၁ ပုံ တို့ရဲ့ နေထိုင်ရာအိမ်ဖြစ်တဲ့ နိုင်ငံတစ်နိုင်ငံ အပေါ် ဒီလို ထိုးထွင်းလေ့လာသုံးသပ်မှု တစ်ခုကို နပိုလီယံက မှတ်တမ်းတင်ထားနိုင်ခဲ့ပါတယ်။ အဲဒီအချိန် နောက်ပိုင်းမှာတော့ တရုတ်ပြည်ဟာ တခြားသော အင်အားကြီးနိုင်ငံများနဲ့ ရင်ပေါင်တန်းရပ်တည်နိုင်တဲ့ မဟာ နိုင်ငံကြီး တစ်နိုင်ငံ အမှန်ပဲ ဖြစ်လာခဲ့ပါတယ်။ သူရဲ့ မဟာတံတိုင်းကြီးကြောင့် အကြော်ကြားဆုံးဖြစ်ရသလို တရုတ်ပြည်မှာ ဖုံးကွယ်ထားတဲ့ ရတနာ တွေရဲ့ ဌာနေလဲဖြစ်ပါတယ်။ တရားဝင်မဟုတ်တဲ့ အစီရင်ခံမှုများအရ တရုတ်ပြည်မှာ မွတ်စလင်မ် လူဦးရေ သန်း ၉၀ ရှိနေပါတယ်။
သမိုင်းနဲ့ ယနေ့ခေတ်မွတ်စလင်မ်တွေရဲ့ အခြေအနေ ဆိုးရွားလှတဲ့ အခြေအနေတွေကို Halaqah Media ရဲ့အသံသွင်း မှတ်တမ်း တွေအရ သိရှိနိုင်ပါတယ်။


Islam in China Audio
Continue Reading...

ပထမဆုံးအကြိမ် ရုရှ မွတ်စလင်မ် မိတ်ဖက် နှီးနှောဖလှယ်ပွဲ တစ်ရပ် ကျင်းပသွားမည်။

ရုရှနှင့် ၎င်း၏ များပြားလှသည့် မွတ်စလင်မ် အသိုင်းအ၀ိုင်း တို့အကြား မဟာဗျူဟာမြောက် ဆက်ဆံရေး ပိုမိုခိုင်မြဲစေရန်အတွက် အဆင့်မြင့် ပုဂ္ဂိုလ်များ ပါဝင်သော ပထမဆုံးနှီးနှောဖလှယ်ပွဲ တစ်ရပ်အား မော်စကိုမှ တာဝန်ယူ ကျင်းပသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

ယင်းသည် လွန်ခဲ့သည့် နှစ်များအတွင်း ရရှိပြီးသားဖြစ်သည့် သမိုင်းဝင် ဖွံဖြိုးတိုးတက်မှုများ နောက်ပိုင်း ဆက်လက်ဖြစ်လာသည့် ဖြစ်ရပ်တစ်ခုအဖြစ် ရုရှနှင့်  အာရပ် နှင့် အစ္စလာမ် တို့အကြား ဆက်ဆံရေးတစ်ရပ်အား ဦးတည်ဖေါ်ဆောင်မှု ဖြစ်ကြောင်း ..


စုစည်းဆောင်ရွက်သူတစ်ဦးဖြစ်သော အဟ်မက်ဆက်ခါသုလ္လာဟ် က အစ္စလာမ်အွန်လိုင်းအား ပြောကြားခဲ့ကြောင်းသိရပါသည်။

ရုရှနှင့် အစ္စလာမ့်ကမ္ဘာ တည်ငြိမ်အေးချမ်းရေး စိတ်ဓါတ်ဖြင့်မိတ်ဖက်ပြုခြင်း ဟူသောခေါင်းစဉ်ဖြင့် အဆိုပါနှီးနှောဖလှယ်ပွဲ အား လာမည်စက်တင်ဘာလ ၂၄ ရက်နေ့မှ ၂၆ ရက်နေ့အထိ ရုရှနိုင်ငံမြို့တော်ရှိ သမ္မဂ္ဂများ၏ ဒေါက်တိုင်ခန်းမတွင် ကျင်းပသွားမည်ဖြစ်ပါသည်။

အဆိုပါညီလာခံကို OIC အဖွဲ့ဝင်ဖြစ်သော ရုရှ (အစ္စလာမ့်) ဓမ္မသတ်မှုးများကောင်စီ အဖွဲ့နှင့် ရုရှနိုင်ငံခြားရေး ၀န်ကြီးဌာနတို့မှ တာဝန်ယူကျင်းပသွားမည်ဖြစ်ပါသည်။

ယင်းစုစည်းမှုအား ရုရှသမ္မတ Dmitry Medvedev ၏မိန့်ခွန်းဖြင့်ဖွင့်လှစ်ပေးသွားမည်ဖြစ်ပြီး ရုရှနှင့် အစ္စလာမ်နိုင်ငံများကို ကိုယ်စားပြုသည့် အဆင့်မြင့် ပုဂ္ဂိုလ်များ တက်ရောက်ကြမည်ဖြစ်ပါသည်။

ညီလာခံတွင်ရုရှနှင့် မွတ်စလင်မ်နိုင်ငံများအကြား နှင့် ဥရောပ နှင့် အမေရိကတို့ရှိ မွတ်စလင်မ်အသိင်းအ၀ိုင်းများအကြား အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်ရေးတို့အား ဆွေးနွေးသွားမည်ဖြစ်ပါသည်။

၎င်းအပြင် အစ္စလာမ့် ငွေကြေး သိပ္ပံ ယဉ်ကျေးမှုမှင့် ပညာရေး ဆိုင်ရာ ကဏ္ဍရပ်များ၌ ရုရှ-မွတ်စလင်မ်မိတ်ဖက်ပြုရေးအပါအ၀င် အခြားသော အဓိကအရေးပါသော ကဏ္ဍရပ် များအားကိင်တွယ်သွားရေးတို့ ပါဝင်မည်ဖြစ်ကြောင်းသိရှိရပါသည်။

ဤနှီးနှောဖလှယ်ပွဲသည် ထောင်စုနှစ်သစ်အတွင်း ရုရှမွတ်စလင်မ်အသိုင်းအ၀ိုင်း မှကျင်းပသည့် အကြီးဆုံးသော ပွဲတစ်ခုဖြစ်ပါသည်။

ရုရှဖက်ဒရေးရှင်းသည် ကော့ကေးရှပ်မြောက်ပိုင်း နှင့် တောင်ပိုင်းနိုင်ငံများဖြစ်ကြသည့် ချီချင်းညှာ အင်ဂူရှ်တီးယားနှင့် ဒါဂျက်စတန် တို့ရှိ မွတ်စလင်မ် ၂၃ သန်းခန့်တို့၏ ဌာနေဖြစ်ပါသည်။

အစ္စလာမ်သည် ရုရှ၏ ဒုတိယ အကြီးဆုံးဘာသာကြီး တစ်ခုဖြစ်ပြီး အော်သိုဒေါက် ခရစ်ယာန်များအများစုဖြစ်သော ၎င်းလူဦးရေ ၁၄၅ သန်း အနက် အကြမ်းအားဖြင့် ၁၅% အား ကိုယ်စားပြုသည့်ဘာသာဖြစ်ကြောင်းသိရှိရပါသည်။
Continue Reading...

အမေရိက တွင် မွတ်စလင်မ် ၀တ်ပြုရာနေ့ ကျင်းပ

အမေရိကန်နိုင်ငံ သမိုင်းတွင် တစ်ကြိမ်မှ မကြုံဖူး သော ဖြစ်ရပ်အဖြစ် နယူးဂျာဆီပြည်နယ် ဗလီဝတ်ကျောင်းတော်မှ ဦးဆောင်ကြီးမှုးပြီး မွတ်စလင်မ် ၀တ်ပြုရာနေ့အဖြစ် စက်တင်ဘာလ ၂၅ ရက် သောကြာနေ့က ၀တ်ပြုမှုအား ကက်ပီတယ်လ်ဟိလ် တွင်ပြုလုပ်ခြင်းဖြင့် မွတ်စလင်မ် များနှင့် အမေရိကန်တို့အကြား စိတ်ပ်ုင်းဆိုင်ညီညွတ်မှု တစ်ရပ်ကို ပြသခဲ့ကြောင်းသိရှိရပါသည်။
Continue Reading...

ကမ္ဘာ့ မွတ်စလင်မ် များအတွက် သမ္မတ အိုဘားမား၏ အီးဒ် သ၀ဏ်လွှာ

Obama

အမေရိကန် ပြည်ထောင်စု ၏သမ္မတ ဘရက်အိုဘားမားသည် စနေနေ့က အီးဒ် နှုတ်ခွန်းဆက် သ၀ဏ်လွှာ ကို အိမ်ဖြူတော် ၌ ထုတ်ပြန်ခဲ့သည်။““အမေရိကန် ပြည်ထောင်စု နှင့် ကမ္ဘာ တစ်ဝှမ်းလုံးရှိ မွတ်စလင်မ် များ၏ ရာမာဒါန် ဥပုသ် သီလ စောင့်ထိန်းခြင်း လ ကုန်ဆုံးသဖြင့် အီးဒ် ပွဲတော် နေ့သို့ရောက်ပေပြီ။ ကျွန်ုပ် နှင့် မီရှဲလ် တို့သည် ဤ ၀မ်းမြောက်ဖွယ် နေ့ရက် အတွက် နှုတ်ခွန်းဆက်သလိုက်ပါသည်။ အီးဒ် နေ့သည် နေ့ညရက်ပေါင်း ၃၀ သီလ စောင့်ထိန်းခဲ့ခြင်း ပြီးဆုံး သောနေ့ဖြစ်ပါသည်။ ပွဲတော်တွင် ပျော်ရွှင်နေကြသည့်တိုင် မွတ်စလင်မ် တို့သည် မိမိတို့ထက် ပို၍ ဆင်းရဲသော၊ ငတ်မွတ်ခေါင်းပါးနေသော၊ ပဋ္ဋိပက္ခ များနှင့် ရင်ဆိုင်နေရသော၊ ရောဂါ ဘယ ဖြစ်ပွားနေသော မွတ်စလင်မ် များ အတွက် သောကရှိကြပေသည်။ ဥပုသ် လ တစ်လလုံးတွင် မွတ်စလင်မ် လူမှု အသိုင်းအ၀ိုင်းသည် zakat-ul - fitr ကို ကောက်ခံ ၍ ရထိုက်သူများအား ဝေငှ ခဲ့ကြပေသည်။ ထို့ကြောင့် ဆင်းရဲသူများ လည်း ဤ ပွဲတော်ကို ဆင်နွှဲနိုင် ကြပေသည်။ ကိုင်ရိုတွင် ကျွန်ုပ် ပြောခဲ့သကဲ့သို့ ကျွန်ုပ် ၏ အစိုးရအဖွဲ့သည် မွတ်စလင်မ် တို့အား ရာမာဒါန် လတွင်သာမက တစ်နှစ်ပတ်လုံး လူမှုရေး အလှူအတန်းများ ဖြည့်ဆည်းလုပ်ကိုင်နိုင်ရန် အတွက် ကူညီဆောင်ရွက် ပေးသွားမည်ဖြစ်ပါသည်။ အမေရိကန် နိုင်ငံသားများကိုယ်စား အမေရိကန် ပြည်ထောင်စုရှိ မွတ်စလင်မ် များနှင့် တကွ တစ်ကမ္ဘာ လုံးရှိ မွတ်စလင်မ် အပေါင်း တို့အား ဤ ပွဲတော် အခါသမယ အတွက် မင်္ဂလာရှိပါစေကြောင်း ကျွန်ုပ်တို့က မေတ္တာ ပို့သ နှုတ်ခွန်းဆက်ပါသည်။ Eid Mubarak.””ွှီ အိမ်ဖြူတော်၏ ပြည်သူ့ဆက်သွယ်ရေးဌာန ဒုတိယ တွဲဖက်ညွှန်ကြားရေးမှူး D. Paul Monteiro က သမ္မတ ဇနီးမောင်နှံ ထုတ်ပြန်သော သ၀ဏ်လွှာကို အိမ်ဖြူတော် ၀က်ဘ်ဆိုက်တွင် တင်ထားခြင်းဖြစ်ပါသည်။Ref; www.whitehouse.govcopy from MMIC
Continue Reading...

ကိုအောင်ထွန်း ပြန်လွတ်ပြီ

မြန်မာနိုင်ငံတ၀ှမ်း အကျဉ်းထောင်တွေကနေ လွတ်ငြိမ်းချမ်းသာခွင့် နဲ့  ပြန်လွှတ်ပေးတဲ့ အထဲမှာ
မြန်မာနိုင်ငံကျောင်းသားလှုပ်ရှားမှုသမိုင်း” ဆိုသော
ကျောင်းသားလှုပ်ရှားမှူ သမိုင်းစာအုပ် ရေးသားမှု ကြောင့် အကျဉ်းကျခံခဲ့ရတဲ့ မြန်မာ မွတ်စလင်မ် တစ်ဦးဖြစ်ပြီး ရန်ကုန်စက်မှု တက္ကသိုလ် ကျောင်းသားဟောင်း ဖြစ်တဲ့ ကိုအောင်ထွန်းလည်း ပါဝင်တယ်လို့ သိရပါတယ်။ ကိုအောင်ထွန်းဟာပြစ်မှုဆိုင်ရာ ပုဒ်မ ၅(ည), ၁၇/၂၀ အရ ထောင်ဒဏ် ၁၇ နှစ် ဖြင့် သာယာဝတီထောင်တွင် ၁၉၉၈ ဖေဖေါ်ဝါရီလ ၁၇ ရက်နေ့ မှစ၍ ၁၁ နှစ်ခန့် နေခဲ့ရပြီး ၂၀၀၉ စက်တင်ဘာလ ၁၈ ရက်နေ့တွင်ပြန်လွတ်ခဲ့ကြောင်း သတင်းရရှိပါသည်။

အကျဉ်းသား ၇၁၁၄ ဦး လွတ်ငြိမ်းချမ်းသာခွင့် ရရှိ၊နိုင်ငံတော် အကြည်ညိုပျက်စေမှု ကျူးလွန်သည့် ၂၅၀ ခန့်လွတ်မြောက်


www.hikmah.info

မြန်မာနိုင်ငံ အစိုးရသည် ၂၀၀၉ ခုနှစ် စက်တင်ဘာလ ၁၇ ရက်နေ့က သက်ဆိုင်ရာ အကျဉ်းစခန်း အသီးသီးတွင် အကျဉ်းကျ ခံနေရသော အကျဉ်းသား ၇၁၁၄ ဦးကို လွတ်ငြိမ်းချမ်းသာခွင့်ပေးလိုက်ကြောင်း နိုင်ငံပိုင်မီဒီယာများ က စက်တင်ဘာလ ၁၇ရက်နေ့တွင် ထုတ်ပြန်ကြေငြာ ချက်အရ သိရသည်။ ထို့အတူ ၂၀၀၈ စက်တင်ဘာ ၂၃ ရက်နေ့ကလည်း သက်ဆိုင်ရာ အကျဉ်းစခန်း အသီးသီးတွင် အကျဉ်းကျခံနေရ သော အကျဉ်းသား ၉၀၀၂ ဦးကို လွတ်ငြိမ်း ချမ်းသာခွင့်ပေးလိုက်ကြောင်း ၊ ယင်းအကျဉ်းသားများတွင် အသက်၇၀ ကျော် အကျဉ်းသား ၈၃ ဦး၊ ကိုယ် အင်္ဂါမသန်စွမ်းသူ ၇၁ ဦး ၊နာတာရှည်ရောဂါသည် ၅၃ ဦးတို့ ပါဝင်ကြောင်း နိုင်ငံပိုင်မီဒီယာများ၏ ထုတ်ပြန်ကြေငြာချက်နှင့် တရားဝင် မှတ်တမ်းများ အရ သိရသည်။ အလားတူ မြန်မာနိုင်ငံ အစိုးရသည် ၂၀၀၇ ခုနှစ် နိုဝင်ဘာ ၁၅ရက်နေ့က သက်ဆိုင်ရာ အကျဉ်း စခန်း အသီးသီးတွင် အကျဉ်းကျခံ နေရသော အကျဉ်းသား ၁၃၅၄ ဦးနှင့် နိုဝင်ဘာ ၁၉ ရက်နေ့တွင် ၇၁၉၈ ဦး ကိုလွတ်ငြိမ်းချမ်း သာ ခွင့်ပေးလိုက် ကြောင်း ယင်းနေ့များက နိုင်ငံပိုင် မီဒီယာများ၏ ထုတ်ပြန်ကြေညာထားချက်များ အရ သိရသည်။ မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ အကျဉ်းထောင်များတွင် အကျဉ်းကျခံနေရသော ရာဇ၀တ်မှု မဟုတ်ဘဲ နိုင်ငံတော် အကြည်ညို ပျက်စေမှုကဲ့သော အမှုများ ကျူးလွန်သည့် အကျဉ်းသား စုစုပေါင်း ၂၅၀ ၀န်းကျင်ကို လွှတ်ပေးမည်ဖြစ်ကြောင်း ၊ ထို အကျဉ်းသားများ လွှတ်ပေးရန်နိုင်ငံ တစ်ဝှမ်း လုံး အကျဉ်းထောင်များသို့ ညွှန်ကြားချက်များကို ဖက်စ်၊ကြေးနန်း၊ တယ်လီဖုန်း များ စသည့် ဆက်သွယ်ရေး လမ်းကြောင်းများမှ တစ်ဆင့် ညွှန်ကြားထားသည့် အတွက် မကြာမီရက်ပိုင်းများအတွင်း တဖြည်း ဖြည်း ပြန်လည်လွှတ်ပေးမည်ဖြစ်ကြောင်း ဦးဇော်ဝင်းက ပြောကြားသည်။ “ကျွန်တော်တို့တောင် ညဘက်ကျမှ ဒီညွှန်ကြားချက်ကိုသိတာ။ သိသိချင်းလွှတ်ဖို့ အကျဉ်းသားစာရင်းတွေပြုစုပြီး ဝေးလံ ခေါင်သီတဲ့ နိုင်ငံတစ်ဝန်းက အကျဉ်းထောင်တွေကို ဒီမနက်မှ ညွှန်ကြားချက်တွေ ပို့လိုက်ပါတယ်။ လူအများကြီးဆိုတော့ စာရင်းတွေ မမှားအောင် စစ် ဆေးမှု ပြုလုပ်နေရပါတယ်” ဟု ၄င်းက ရှင်းလင်းပြောကြားသည်။ ရန်ကုန်အင်းစိန် အကျဉ်း ထောင်မှ အကျဉ်းသား ၅၀၀ ကျော် ကို လွတ်ငြိမ်း ချမ်းသာခွင့်ပေးမည် ဖြစ်ကြောင်း၊ ယနေ့အင်းစိန် အကျဉ်း ထောင်မှ အမျိုး သမီး ၆၄ ဦး ၊ အမျိုးသား ၁၀၀ကျော် ပြန်လည်လွှတ်ပေး လိုက် ကြောင်း ၊နောက် ရက်များတွင် ထပ်မံလွှတ်ပေး ဦးမည့် ဖြစ် ကြောင်း ဦးဇော်ဝင်းက ဆိုသည်။ ယနေ့လွတ်မြောက်သော အကျဉ်းသားများတွင် သတင်းထောက် အိမ့်ခိုင်ဦး၊ အယ်ဒီတာ ကျော်ကျော် သန့် တို့ အပါအ၀င် ရာဇ၀တ်မှု နှင့် မူးယစ်ဆေးဝါးမှုများ ၊ ကျူးလွန်ခြင်းမရှိဘဲ နိုင်ငံ တော် ကကြည်ညို ပျက်စေမှု ကဲ့သို့သော အမှုမျိုး ကျူး လွန်သူများ ပါ ၀င်သည်ဟု ဦးဇော်ဝင်းက ဆိုသည်။ (Voice)
Continue Reading...

ပဲခူး (ဟံသာဝတီ)သို့ မွတ်စလင်(မ်)များ ရောက်ရှိလာပုံ

အစ္စလာမ်သာသနာ အရှေ့အလယ်ပိုင်းတွင် ထွန်းကားလာပြီး အလျှင်အဟုန် မြန်ဆန်စွာနှင့် ပြန့်ပွားသွားခဲ့ရာက ဥရောပနှင့် အရှေ့ဖျားဒေသအကြား ထိတွေ့မှုကရှိလာခဲ့သည်။ ဤတွင်အနောက်တိုင်းနှင့် အာရှကုန်သွယ်မှုတွင် မွတ်စလင်(မ်)တို့က လက်ဝါးကြီး အုပ်ထားခဲ့ကြသည်။ မွတ်စလင်(မ်)အာရဗ်နှင့် ပါရှင်းအစုအဝေးတို့မှာ အရှေ့ဖက်သို့ လျင်မြန်စွာပြန့်နှံလာခဲ့ကြသည်။ (၈)ရာစု အလယ်အဦးပိုင်းကျကျတွင် တရုတ်ပြည်တောင်ပိုင်း ကမ်းရိုးတန်းဒေသ၌ မွတ်စလင်(မ်)ဦးရေမှာ အတော်ပင် ကြီးထွားနေပြီဖြစ်သည်။ အာရှတလွှား မွတ်စလင်(မ်) သင်္ဘောခရီးလွှင့်မှုက (၄)ရာစုမှ (၁၅)ရာစုအဆုံးထိတိုင် တည်ရှိခဲ့သည်။ မွတ်စလင်(မ်)ကုန်သည်တို့မှ အိန္ဒိယပင်လယ် ကမ်းရိုးတန်းဒေသများနှင့် အရှေ့တိုင်းမှ နိုင်ငံများအထိရောက် ရှိခဲ့ကြသည်။ နေရာများစွာတွင် အခြေချခဲ့ကြရုံမက ကုန်သွယ်မှုကို ကိုလိုနီများကို ဖန်တီးခဲ့ကြသည်။ ဘင်္ဂလားတွင် ဗဟိုပြုပြီး ဗမာပြည် နှင့်လည်းကောင်း၊ မာလတာမြို့များနှင့်လည်းကောင်း၊ သီရိလင်္ကာနှင့် လည်းကောင်း၊ မာလက္ကားနှင့် လည်းကောင်း ကုန်သွယ်မှုပြုခဲ့ကြသည်။

ကြည့် ။ ။ သမိုင်းသုတေသီကြီး မိုရှေးယာရ်ရေးသားခဲ့သည့် "The Muslim of Burma" စာအုပ် စာမျက်နှာ (၁) ၄င်းစာအုပ်ကို ဘာသာပြန်ဆိုသူ ဝါးခယ်မမောင်မင်းနိုင် “မြန်မာ့မြေမှမွတ်စလင်များ” စာအုပ် စာမျက်နှာ(၁-၂) တွင်ဖော်ပြထားသည်။




ပဲခူး (ဟံသာဝတီ)သို့ မွတ်စလင်(မ်)များရောက်ရှိလာပုံ
Continue Reading...

ဘုရှ် ကိုဖိနပ်ဖြင့် ပစ်ပေါက်ခဲ့သော အီရတ်ရုပ်မြင်သံကြား သတင်းထောက် ပြန်လည်လွတ်မြောက်


"It is the farewell kiss, you dog."



ဒါဟာမင်းအတွက် နှုတ်ဆက်အနမ်းပဲ ခွေးကောင်ရေ

ဟု ၂၀၀၈ ဒီဇင်ဘာက သတင်းစာ ရှင်းလင်းပွဲတစ်ခုတွင် အော်ဟစ်ကာ ဘုရှ် ကိုဖိနပ်ဖြင့် ပစ်ပေါက်ခဲ့သော အီရတ်ရုပ်မြင်သံကြား သတင်းထောက် မုက်သဒါ အလ်ဇိုက်ဒီ အကျဉ်းကျခံရမှ ပြန်လွတ်လာခဲ့ကြောင်းသတင်းရရှိပါသည်။

၎င်းအား ၃ နှစ်ပြစ်ဒဏ်ချမှတ်ခဲ့သော်လည်း ၁နှစ်သို့ပြန်လည်လျှော့ပေါ့ ပေးခဲ့ကြောင်း သိရပါသည်။

အီရတ်တွင် အမေရိကန်တပ်များရှိနေသေးမှုနှင့်စပ်လျဉ်း၍သူက.....




ဒီကနေ့ ကျွန်တော် ပြန်လွတ်လာပေမဲ့လည်း ကျွန်တော်အိမ်ကတော့ အကျဉ်းကျနေဆဲပဲ ဖြစ်ပါတယ် လို့ပြောခဲ့ပါတယ်။

၎င်းအားထောင်ထဲတွင် လျှပ်စစ်ကြိုးများ သံချောင်းများဖြင့် ရိုက်ပြီး နှိပ်စက်ခဲ့ကြောင်း သူက ပြန်လည်ပြောပြခဲ့ပါသည်။

သူ့ကိုထောက်ခံတဲ့ အီရတ်ပါလီမန်အမတ်တစ်ဦးဖြစ်သူ အူဒေးအလ်ဇိုက်ဒီက
ဒီဖြစ်ရပ်အတွက် ငါတို့ရဲ့ပျော်ရွင်မှုကို ဘုရှ်မြင်နိုင်မယ်လို့ ဆန္ဒပြုပါတယ်။သမ္မတဘုရှ်အနေနဲ့ သူရဲ့ ဘ၀စာမျက်နှာတွေကို နောက်ပြန်လှန်ကြည့်ယင် စာမျက်နှာတိုင်းမှာ မုက်သဒါ အလ်ဇိုက်ဒီရဲ့ ဖိနပ်ကို တွေ့ရမှာ ဖြစ်တယ် လိုပြောကြားခဲ့ပါတယ်

သူ့ကိုကျွန်တော် သတင်းယူတဲ့နေရာတော်တော်များများမှာ ဆုံဖူးပါတယ်။ သူပုံစံက တည်တည်ငြိမ်ငြိမ်ရှိပြီး အစွန်းရောက်တဲ့သူတစ်ယောက်ပုံ လုံးဝမပေါက်ပါဘူး သူဘုရ်ရဲ့မိန်ခွန်းကို နားထောင်အပြီး စိတ်ထဲမှာ လုံးဝမခံစားနိုင်လို့ လုပ်လိုက်တယ်ထင်ပါတယ် လို့ အီရတ်ဆိုင်ရာ အလ်ဂျာဇီရာ သတင်းထောက်တစ်ဦးဖြစ်သူ မိုဆပ်ဂျာဆင်က ပြောကြားခဲ့ပါသည်။

အလ်ဘဂ္ဂဒတ်ဒီယာ ဟုခေါ်သော သူတာဝန်ထမ်းဆောင်သည် ရုပ်မြင်သံကြားဌာနက သူအကျဉ်းကျခံနေရစဉ်အတွင်း သူ့အတွက် လစာအပြည့် ချီးမြှင့်ခဲ့ကြောင်း သိရှိရ ပါသည်။

သူလွတ်လာပြီး ရုပ်မြင်သံကြားဌာနသို့ပြန်အ၀င်တွင် သူ၏အလုပ်ရှင်မှ သူ့အား အီရတ်နိုင်ငံအလံကို သူခန္ဓာကိုယ်တွင်ပတ်ပြီးနေကာမျက်မှန်တပ်ထားသည့်ပုံအား ထုတ်လွှင့်ပေးခဲ့ပါသည်။

ဝန်ထမ်းများမှ သူ့အား ဂုဏ်ပြုသည့်အနေဖြင့် သိုး ၃ ကောင် အလှုပြုခဲ့ကြပါသည်။

သူ့ရဲ့ သစ္စာရှိမှုနဲ့ သူ့ကြောင့် အဲဒီရုပ်မြင်သံကြားဌာနဟာ လူသိများစေခဲ့ပြီး ကမ္ဘာတ၀ှမ်းလွှင့်ထုတ်နိုင်သောအဆင့်ရောက်ခဲ့ခြင်းကြောင့် သူ့အတွက် သူ့ရဲ့ အလုပ်ရှင်က သူ့ကို အိမ်တစ်လုံး ၀ယ်ပေးခဲ့ကြောင်း သိရပါသည်။
Continue Reading...

ရုရှားဖက်ဒရေးရှင်းရှိ မွတ်စလင်မ်ညီနောင်များ အပိုင်း(၂)

မြောက်ပိုင်းကော်ကေးရှပ်( ခ) မှာ ရှိတဲ့မွတ်စလင်မ်သမ္မတနိုင်ငံဟာ ရေနံ့၊သဘာဝဓါတ်ငွေ့၊ကျောက်မီးသွေး၊ ရွှေနဲ့ တခြားတွင်းထွက် သယံဇာတတေအွ များကြီးကြွယ်ဝလှပါတယ်။

ဝါရှင်တန် အခြေစိုက် ဟာရီတိတ်(ဂျ) ဖောင်ဒေးရှင်းက ရုရှားနဲ့ ယူရေရှန်း လေ့လာရေးဌာနက သူတေသန အဖွဲ့ဝင် အေရီယံလ်ကိုဟင်ရဲ့ အဆိုအရ ကြီးမားလှတဲ့ရေနံအရင်းအမြစ် ကက်စပီယံပင်လယ်ပြင် အောက်မှာ စည်ပေါင်း ၂၅ဘီလီယံကျော် အထိခန့်မှန်း ထားပါတယ် ဗဟိုအာရှသမ္မတနိုင်ငံများ ဖြစ်ကြတဲ့ ကာဇတ်စတန်း၊တပ်က်မင်နစ္စတန် နဲ့ ဥဇဘက်ကစ္စတန်တို့ကတော့ ကူဝိတ် နိုင်ငံနဲ့ တူကြပြီး အလတ်စကာရဲ့ မြောက်ပိုင်း ဆင်ခြေလျှောနဲ့ မြောက်ပင်လယ်တို့ နှစ်ခုပေါင်း မှာ ရှိတာထက် ရေနံအရင်းအမြစ်တွေက ပိုပြီးကြီးမားပါတယ်။

သဘာဝ အရင်းအမြစ်တေအွ လျံပယ်ရှိနေတာတွေမှ ကော်ကေးရှပ်(ခ) မွတ်စလင်သမ္မတနိုင်ငံဟာ များစွာသောအကြောင်းအကြောင်း တွေ ကြောင့် စီးပွားရေးအရ ကြွယ်ဝချမ်းသာမှုတော့မဖြစ်ထွန်းရှာ ပါဘူး။

Russian 2
Continue Reading...

အစ္စလာမ်သာသနာဝင်ကာတွန်းအနုပညာရှင် ဦးဘကလေး(ခ) ဦးရွှေရိုး ရွှေတလေး





ဦးဘကလေးဆိုတဲ့ ရွှေတလေး အကြောင်းကို သိရှိဖတ်ရှုခဲ့ရပြီးနောက် အခြားလူငယ်တွေကိုလည်း သူ့ အကြောင်းတွေ သိစေချင်ခဲ့ပါတယ်။ အခုနောက်ပိုင်း စာစောင်တွေ မဂ္ဂဇင်းတွေမှာ ဦးကလေးအကြောင်းကို ရေးသားတာ မတွေ့ရ တော့ တတ်နိုင်သလောက် လေ့လာဖတ်ရှု မေးမြန်းပြီး ဦးဘလေးအကြောင်း အနည်းငယ်ကို ရေးသားလိုက်ခြင်းပါ။
ကာတွန်းဆရာကြီး ရွှေတလေး၊ ရုပ်ရှင်လူရွှင်တော်ကြီး ဦးရွှေရိုးဆိုတာ ဟိုလွန်ခဲ့တဲ့ နှစ်ပေါင်း(၈၀)ကျော် (၁၀၀) အတွင်းက မြန်မာစာနယ်ဇင်းတွေနဲ့ မြန်မာရုပ်ရှင်လောကမှာ လှုပ်ရှားခဲ့တဲ့ မြန်မာ(တိုင်းရင်းသားအစ္စလာမ်သာသနာဝင်) အနုပညာသည်ကြီးဖြစ်ပါတယ်။

ဦးဘကလေး ကာတွန်းတွေ ဟာ နိုင်ငံရေးကာတွန်း၊ လူမှုရေး စီးပွားရေးကာတွန်း၊ ကြော်ငြာ ကာတွန်းဆိုပြီး အကြမ်းအားဖြင့် (၃)မျိုး (၃)စား တွေ့ရှိရပါ တယ်။ ဦးဘကလေးဟာ ကာတွန်း ဆရာကြီးအပြင် ရုပ်ရှင် နယ်မှာလဲ (၁၀)နှစ်ကျော် ကျင်လည်ကျက်စားပြီး ရုပ်ရှင်ဆိုင်ရာ သဘင်မှုအနုပညာမှာ တီထွင်ဖန်တီးမှုတွေ အများကြီးပြုလုပ် သွားခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ စာနယ်ဇင်းတွေ စတင်ပေါ်ပေါက်လာတာနဲ့ တစ်ပြိုင်တည်း ကာတွန်းဆိုတဲ့ အနုပညာတစ်ရပ်လဲ မြန်မာ စာနယ်ဇင်းလောကထဲမှာ ပေါက်ဖွားလာပါတယ်။

ကာတွန်းကို မြန်မာစာပေ လောကအတွင်းရောက်အောင် ဦးဘကလေးကသွတ်သွင်းလာခြင်း ဖြစ်ပါတယ်။ ကာတွန်းကို ရွှေတလေးအမည်ခံ ဦးဘကလေးက ၁၉၁၅-ခုနှစ်မှာ စတင်မွေးထုတ်ခဲ့ပါတယ်။

၁၉၂၀-ခုနှစ်မှာ ရုပ်ရှင်ဆိုတဲ့အနုပညာတစ်ရပ် မြန်မာ ပြည်မှာ ပေါက်ဖွားလာတဲ့အခါမှာလည်း ဦးရွှေရိုးကြီးဆိုတဲ့ ရုပ်ရှင်လူရွှင်တော်မင်းသားအဖြစ်နဲ့ မြန်မာရုပ်ရှင်ကြည့် ပရိသတ်ရဲ့ အသည်းစွဲဖြစ်ခဲ့ပြန်ပါတယ်။


ဦးရွှေရိုးကြီးကို စတင်ဖန်တီးခဲ့တာလည်း ဦးကလေးပဲဖြစ်ပါတယ်။

ဦးကလေးဟာ ၁၉၁၅-ခုနှစ်ကစပြီး ၁၉၃၉-ခုနှစ် အထိ နှစ်ပေါင်း(၂၀)ကျော်ကာလအတွင်း မြန်မာ့လူမှုရေး၊ နိုင်ငံရေး တွေကို ကာတွန်းတွေနဲ့ မှတ်တမ်းတင်သွားသလို၊ ဦးရွှေရိုး ဆိုတဲ့ ပျော်ပျော်နေသေခဲ အဘိုးကြီးတစ်ယောက်ကိုလည်း မြန်မာရုပ်ရှင်နဲ့ သဘင်လောကထဲမှာ ဖန်ဆင်းထားခဲ့ပါတယ်။

ဦးကလေးရဲ့ကြိုးပမ်းမှုတွေက သူ့တစ်သက်မှာ အောင်မြင်ပြီး၊ ကာတွန်းဘက်မှာလဲ ဘကြီးမေတ္တာတုံး၊ ရွှေတလေး၊ ဘကလေးဆိုတဲ့ နာမည်(၂)မျိုး(၃)မျိုးနဲ့ ကျော် ကြားခဲ့သလို၊ ရုပ်ရှင်မှာလဲ ဦးရွှေရိုးဆိုပြီး ဟိုးလေးတကျော် ကျော်ကြားခဲ့တယ်။ အနုပညာရည်အနေနဲ့ သူလှုပ်ရှား ကြိုးစား ရုန်းကန်သွားခဲ့တဲ့ကာလအတွင်းက တီထွင်ဆန်းသစ် မှုတွေဟာ အင်မတန်များပြားပြောင်မြောက်ပါတယ်။ ဒါတွေဟာ မတိမ်မြုပ် မပျောက်ပျက်စကောင်းပါဘူး။ ကာတွန်း ပေါ်စက မြန်မာ စာဖတ်ပရိသတ်ဟာ ကာတွန်းကို မကြည့်တတ်ကြပါဘူး။ ကာတွန်းဆိုတာ အစွမ်းသတ္တိကြီးတယ်။ ကာတွန်း တစ်ကွက်က ထိစရာမြင်စရာရှိလဲ ရှင်းရှင်းထိမြင်ရတယ်ဆိုတော့ မြန်မာ့ ပန်းချီနဲ့ စာပေလောကထဲကို ဦးဘကလေးရဲ့ ကြိုးပမ်းအားထုတ် မှုကြောင့် ၂၀-ရာစု နှစ်အစပိုင်းကတည်းကို ကာတွန်းပညာ ရောက်ရှိလာခဲ့ပါတယ်။

ဦးဘကလေးရဲ့ကာတွန်းဟာ Caricature လို့ခေါ်တဲ့ ရုပ်ပြောင်ပုံတူကောင်းတယ်၊ စာလုံးတွေအားရှိတယ်၊ သူ့ဟာသက အရည်ရွှမ်းနေတဲ့ဟာသမျိုး၊ စိတ်ကူးစိတ်သန်းလည်း ကောင်းပါ တယ်။ Caricature လို့ခေါ်တဲ့ ရုပ်ပြောင်ပုံတူကောင်းတာနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံမှာပေါ်ဘူးတဲ့ ကာတွန်းဆရာတွေ ဦးဘကလေးကို လိုက်မမှီဘူးလို့ပြောခဲ့ကြပါတယ်။ ဦးဘကလေး က ရုပ်ပြောင်ပုံတူမှာကောင်းရုံမက၊ လျှပ်တပြက်အတွင်း ဆွဲ နိုင်စွမ်းလောက်အောင်လဲမြန်တဲ့သူတစ်ယောက်ပါ။ ဒါကြောင့် သူကအပျင်းပြေ သူ့လက်စွမ်းပြ ရေးဆွဲတာမျိုးလုပ်တာတွေလဲ အကြိမ်ကြိမ်ရှိခဲ့ပါတယ်။ သူ့ခေတ်မှာ သူ့ပညာသာမက လူကို အပြင်မှာမြင်ဖူးချင်တဲ့လူတွေကလည်းအများကြီးပါ။ ဒါကြောင့်ပဲ မြို့မကျောင်းက ရံပုံငွေရှာတဲ့ပွဲမှာ ဦးဘကလေးကိုယ်တိုင် ထွက်ပြီး ဇာတ်ခုံပေါ်မှာ ကာတွန်းဆွဲပြတဲ့အစီအစဉ်ကိုလည်း ပွဲစီစဉ်သူတွေက ပါအောင်ကြိုးစားခဲ့ကြတယ်။ ဦးဘလေးက မြန်မာစာကို စာဆန်တာ သိပ်ကြိုက်ပုံမရဘူး။ သူကာတွန်းဆိုတဲ့ အခါ နစ်အပြားကြီးကိုင်ပြီး အားနဲ့မာန်နဲ့ တောင့်တောင့် တင်းတင်းရေးတယ်။ ဒါကြောင့် ဦးဘကလေးစာလုံးက မလှ ပေမယ့် အားရှိတယ်။ ဦးဘလေးက မြန်မာစာလုံးပုံစံသစ် ကိုလဲထွင်ရေးပါတယ်။

ဦးဘကလေးလက်ရာများ ကောင်းမှန်းသိတော့ မဂ္ဂဇင်း တော်တော်များများက သူတို့ကိုယ်ပိုင်ကာတွန်းဆရာအဖြစ်နဲ့ လုပ်ဖို့ကမ်းလှမ်းကြတယ်။ ဦးဘကလေးက အချုပ်အခြယ်ရှိမှာ စိုးလို့ လခစားမလုပ်ခဲ့ပါဘူး။ ဦးကလေးရဲ့ကာတွန်းကို အများဆုံး အသုံးပြုတဲ့ အင်္ဂလိပ်သတင်းစာကတော့ ရန်ကုန် Time သတင်းစာပါ။ Time အယ်ဒီတာတွေက ဦးဘကလေးကို Geniousတကယ့်ပါရမီရှင်လို့ မြင်ကြပါတယ်။

ဦးဘကလေးက အင်္ဂလိပ်စာကို မြန်မာစာထက် နိုင်နင်း တတ်ကျွမ်းပါတယ်။ ဒါကြောင့် သူ့ကိုယ်ပိုင်ကုမ္ပဏီက ရိုက်ထုတ်တဲ့ အသံတိတ်ခေတ်က ဇာတ်ကားတွေမှာ စာတန်းကို မြန်မာလိုရော အင်္ဂလိပ်လိုပါ သူကိုယ်တိုင်ရေးပြီး စာတန်းထိုး ပါတယ်။ အင်္ဂလိပ်စာတန်းလဲထိုးပြမယ်လို့ ရုပ်ရှင်ကြော်ငြာမှာ တစ်ခါတည်းထည့်ပါတယ်။ သူ့ရုပ်ရှင်ကြည့်တဲ့ ပရိသတ်က မြန်မာပရိသတ်တင်မက တရုတ်၊ အင်္ဂလိပ်နဲ့ အခြားအစုံရှိနေပြီး ရန်ကုန် Time သတင်းစာကဆိုရင် သူ့ကားလာကြည့်ပြီး ဝေဖန်ချက်များ ကောင်းကောင်းရေးပေးခဲ့ပါတယ်။ ဦးဘကလေး ဟာ သူ့ရုပ်ရှင်ကြော်ငြာများမှာ သူ့ကာတွန်းများနဲ့ကြော်ငြာ ပါတယ်။ အဲဒီခေတ်က အဲဒီလိုလုပ်တာတွေမရှိခဲ့ပါဘူး။

ရုပ်ရှင်တစ်ကားမှာဆို (၄)ကိုယ်ခွဲပြီး ခြားခြားနားနာ သရုပ်ဆောင်သွားရာမှာ တချို့က လွယ်တယ်လို့ထင်နိုင်ပေမယ့် လူတိုင်းလက်ဖျားခါခဲ့ကြပါတယ်။ ဦးဘကလေးဟာ သူတို့ခေတ် က ရုပ်ပြောင်းရုပ်လွှဲနဲ့စမ်းသပ်တာ အောင်မြင်လာတော့ အင်မတန် အားတက်လာတယ်။ သူ့ကိုယ်သူလဲ ယုံကြည်မှုရှိလာပြီး နောက် ကားတွေမှာ အမျိုးမျိုးတိုးတက်တီထွင်လာပါတယ်။

ဦးဘကလေးနဲ့အတူ တွဲဖက်ပြီး အလုပ်လုပ်ခဲ့တဲ့ ပုဂ္ဂိုလ်တွေက ]ဒီလိုလူ မမွေးသေးဘူး၊ တကယ်ထူးတဲ့ ပါရမီရှင်ပဲ}လို့ ပြောကြရတဲ့ အနုပညာသည်တစ်ယောက်ပါ။ ဦးကလေးဟာ မြန်မာပြည်မှာ ပေါ်ခေါင့်ပေါ်ခဲ အနုပညာသည် ကြီးဖြစ်ပါတယ်။

တကယ်တော့ ဦးဘကလေးက သူလိုက်စားထားတဲ့ ပညာမှာ ၀ါစာကမာအပေါ်ယံသဘောမဟုတ်ပါဘူး။ အနုပညာ အနေနဲ့ လေးလေးနက်နက်လိုက်စားခဲ့တာပါ။ ဦးဘကလေးမှာ တို့မြန်မာလူမျိုးလွတ်လပ်ရမယ်၊ ကမ္ဘာ့လူမျိုးကြီးတွေနဲ့ ရင်ဘောင်တန်းနိုင်ရမယ်။ ကိုလိုနီနယ်ချဲ့သမားကို ပြည်သူ့အားနဲ့ တိုက်ပွဲဝင်ရမယ်ဆိုတဲ့အမြင် ခိုင်ခိုင်မာမာရှိပါတယ်။ ဒီလို တိုက်ပွဲဝင်ရင် တစ်နေ့အောင်ပွဲခံမှာဘဲဆိုတာကို သူကယုံကြည် တယ်။ ဒါကြောင့် သူ့လက်ရာတွေက ပြတ်သားပြောင်မြောက် နေပါတယ်။

ဦးဘလေးကို အလယ်တန်းပြဆရာ ဦးဘိုးသင်းနဲ့ ဒေါ်သဲမှုန်တို့က ပုသိမ်မြို့ ထောင်ကုန်းရပ် အရက်ဖိုလမ်း အိမ် အမှတ်(၃)တွင် ၁၈၉၃-ခုနှစ်မှာ မွေးဖွားခဲ့ပါတယ်။ ငယ်စဉ် ကတည်းက ဥာဏ်ထက်မြက်ပြီး ပျော်စရာ ရီစရာလုပ်တတ်၊ တယ်။ ပုံဆွဲဝါသနာပါခဲ့ပါတယ်။ (၁၆)နှစ်မပြည့်ခင် အင်္ဂလိပ် မြန်မာ (၂)ဘာသာသင်ပုသိမ်အထက်တန်းကျောင်းက (၁၀)တန်း ကို အင်္ဂလိပ်စာနဲ့ ဂဏန်းသင်္ချာမှာ ဂုဏ်ထူးနဲ့ အောင်မြင်ခဲ့ပါ တယ်။ သူတို့ခေတ်က ကောလိပ်တက်ဖို့ Scholarshipရပေမယ့် အသက်မပြည့်လို့ တစ်နှစ်စောင့်နေရပါတယ်။ ကောလိပ်ရောက်တော့ ဥပစာတန်းအောင်ပြီး ဘီအေရောက်တဲ့ အခါ စာကျက်တာထက် အရုပ်ဆွဲနေတာကများတာကြောင့် စာမေးပွဲလဲက Scholarshipလည်း ပြုတ်ခဲ့ရပါတယ်။ မြို့အုပ်ဖြစ်ချင်တဲ့ ကောလိပ်ကျောင်းသားအိပ်မက်ဆိုတဲ့ သူ့ရဲ့ ပထမဆုံးကာတွန်းကို ၁၉၁၅-ခုနှစ်ထုတ်တဲ့ ကောလိပ်မဂ္ဂဇင်း မှာပါပြီး အဲဒီမဂ္ဂဇင်းအဖုံးကိုလည်း သူပဲဆွဲပေးခဲ့တယ်။ သူကောလိပ် တက်နေစဉ် ပုသိမ်မှာ ပလိပ်ရောဂါအကြီးအကျယ် ဖြစ်တဲ့နှစ် သူ့ဖခင်ဟာ ပလိပ်ရောဂါဖြစ်လို့ ကွယ်လွန်ခဲ့ရတယ်။ ဦးဘကလေးမှာ အစ်ကိုဦးဘကြီးတစ်ယောက်ပဲရှိတာကြောင့် အဖေဆုံးတော့ အမေကိုလုပ်ကျွေးဖို့လိုလာလို့ ကောလိပ်က ထွက်ပြီး ကျောင်းဆရာဝင်လုပ်တယ်။ ဒါပေမယ့် ဒီအလုပ်မှာ မမြဲပါဘူး။ ကိုလိုနီခေတ်ဆိုတော့ ဘုရားမထူးချင်တာနဲ့ အစိုးရ လခစားဘ၀ကိုစွန့်ခဲ့ပါတယ်။

နောက်တော့ သူဝါသနာပါတဲ့ကာတွန်းများဆွဲပြီး အသက်မွေးဖို့ ရန်ကုန်ရောက်လာတယ်။ အင်္ဂလိပ်သတင်းစာ ရန်ကုန်Time က ကောလိပ်မဂ္ဂဇင်းထဲမှာပါတဲ့ မြို့အုပ်အိပ်မက် ကာတွန်းကို မြင်ကတည်းက အလားအလာရှိတဲ့လူငယ်အနေနဲ့ မျက်စိကျနေတာကြောင့် ရန်ကုန်ရောက်လာတဲ့အခါ ကာတွန်းနဲ့ အသက်မွေးဘို့ မခဲယဉ်းတော့ပါဘူး။ အဲဒီအချိန်က ကုန်ပစ္စည်း ကြော်ငြာများမှာ ပန်းချီ၊ ကာတွန်းများနဲ့ ကြော်ငြာကြပါတယ်။ ဦးဘကလေးဟာ ၁၉၁၇-ခုနှစ်က သူရိယမဂ္ဂဇင်းမှာဆွဲတဲ့ ကာတွန်းများအပြင် ကုန်ပစ္စည်းကြော်ငြာများလဲ ရေးဆွဲပေးလာရ ပါတယ်။ အဲဒီနှစ်မှာပဲ မြန်မာအဆွေသူဋ္ဌေးဦးဘညွန့်က သူလုပ်ချင်တဲ့ သဘောကိုပြောပြရင် ဦးဘကလေးက အင်မတန် ကြိုက်နှစ်သက် စရာကောင်းတဲ့စိတ်ကူးစိတ်သန်းများနဲ့ အကောင်အထည်ဖော် ပေးတတ်လို့သဘောကျတာကြောင့် ဦးဘကလေးကို ကြော်ငြာ မန်နေဂျာခန့်ခဲ့ပါတယ်။ အဲဒီမှာလုပ်နေရင်း ၁၉၁၉-ခုနှစ် ဇွန်လမှာ သူဋ္ဌေးဦးဘညွန့်ရဲ့ သမီး ဒေါ်ခင်ခင်နဲ့ အိမ်ထောင်ကျခဲ့ ပါတယ်။ သူတို့အိမ်ထောင်ရေးဟာ ချောချော မွေ့မွေ့နဲ့ အကြင် လင်မယားအဖြစ် ရောက်ရတာမဟုတ်ပါဘူး။ ဦးဘကလေးက မွတ်စလင်၊ ဒေါ်ခင်ခင်က ဗုဒ္ဓဘာသာဆိုတော့ အခက်အခဲတွေ အများကြီးကျော်လွှားခဲ့ရပါတယ်။ (၇)နှစ်လောက်ပေါင်းကြရပြီး နောက် ကွဲသွားကြပါတယ်။ နှစ်ယောက်စလုံး အသီးသီး အိမ်ထောင်ပြုခဲ့ကြပါတယ်။ ဦးဘလေးက ဒေါ်ခင်ထားနဲ့ဒုတိယ အိမ်ထောင်ပြုပါတယ်။ ဦးဘကလေးဟာ ဒေါ်ခင်ထားနဲ့ အသက်ထက်ဆုံးပေါင်းသင်းသွားပြီး ဒေါ်ခင်ထား လက်ပေါ်မှာပဲ ကွယ်လွန်ခဲ့ပါတယ်။

ဒေါ်ခင်ထားနဲ့လက်ထက်တဲ့အချိန်ရောက်တော့ ဦးဘကလေးက အရက်သောက် တတ်လာတယ်။ ပထမ နဲနဲ သောက်ရာက များများသောက်လာပြီး အရက်ထဲနစ်နေတဲ့ ဘ၀ ဆိုက်သွားပါတယ်။ ဦးဘကလေးဟာ စိတ်နေစိတ်ထားက ချစ်စရာကောင်းပြီး သဘောကောင်းတယ်၊ ပျော်တတ်တယ်၊ ရီစရာမောစရာလေးတွေလုပ်မယ်၊ ပုံတိုပတ်စကလေးတွေ ပြောမယ်၊ စိတ်ဆိုးတယ်ရယ်လို့ရှိခဲပါတယ်။ လူတစ်ဖက်သား ကို သနားတတ်တယ်၊ ကြင်နာတတ်တဲ့စိတ်ရှိတယ်။ အားနာ တယ် စိတ်နေစိတ်ထားလဲ မြင့်မြတ်ပါတယ်။ သူအရက် မသောက်ခင်က ကာတွန်းတွေဆွဲပြီး အရက်သောက်တာကို ပြစ်တင် သတိပေးခဲ့တာ အများကြီးရှိပါတယ်။ သူ့ဘ၀မှာ လူမှုရေး မကျေနပ်မှုတွေ များလာတဲ့အခါ နည်းမှန်လမ်းမှန် မဖြေရှင်း တတ်ဘဲ အရက်ကိုအဖော်လုပ်မိရာက အရက်က လူကိုဝါးမျိုပစ် လိုက်လို့ နှမျောစရာကောင်းလှတဲ့ လူတစ် ယောက်ဟာ အရက် ထဲမှာပဲ နစ်မြုပ်ပျက်စီးသွားရ ပါတယ်။ ၁၉၃၈-ခုနှစ် (၆)လပိုင်းလောက်မှာ သူတို့နေတဲ့ တိုက်ရဲ့ နောက်ဖေးဆောင် ပြိုကျလို့ ဦးဘကလေး ခါးနဲ့ခေါင်းမှာ ထိခိုက် မိပြီး ဒဏ်ရာ အကြီးအကျယ်ရသွားတယ်။ ဆေးရုံပေါ်မှာ (၃)လနဲ့ (၈)ရက်နေပြီးဆင်းခဲ့တယ်။ ဆရာဝန်တွေက (၆)လလောက် အနားယူဖို့ပြောပေမယ့် (၃)လလောက်ပဲနေပါတယ်။ နောက် ၁၉၃၉-ခုနှစ်မှာ ပုသိမ်ကိုပြောင်းသွားကြပြီး အစ်ကိုဝမ်းကွဲ တော်တဲ့ ဦးအီစာတို့အိမ်မှာနေခဲ့ကြတယ်။ ပုသိမ်ရောက်လို့ (၃)လောက်လဲနေရော ဦးဘကလေး စိတ်နောက်သွားရှာ ပါတယ်။ စိတ်ဝေဒနာဖြစ်တယ်ဆိုပေမယ့် ကြမ်းကြမ်းတမ်းတမ်း မဟုတ်ပါဘူး။ ယဉ်ယဉ်ကလေးပဲ။ မသိတဲ့ လူမြင်ရင် နေကောင်းတယ်ပဲထင်ရတယ်။ စိတ်ဝေဒနာဖြစ်နေပေမယ့် နမားဇ်ဖတ်တယ်၊ တစ်ခါတစ်ရံသီချင်းဆိုတယ်။ သီချင်းဆိုရင် သူများရေးထားတဲ့ သီချင်းမဟုတ်ဘဲ သူ့ရှေးဟောင်းနှောင်းဖြစ် တွေကို သူ့ဖာသာ လက်တမ်းစပ်ဆိုတာ။ စာရေးချင်ရေးနေ တယ်။ ဆေးပေါ့လိပ်ကြီးလက်ကြားညှပ် လက်ကိုနောက်ပစ်ပြီး လမ်းထွက်ပြီး လျှောက်ချင်လျှောက်နေတယ်။ ဒုတိယကမ္ဘာ စစ်ကြီးဖြစ်လာတော့ ဟင်္သာတကိုပြောင်းရွေှ့ကြရပါတယ်။ ဟင်္သာတကတဆင့် ဒမ္ဘီကိုရွေှ့ကြရတယ်။ ဒမ္ဘီမှာပဲ ဦးဘကလေး ကွယ်လွန်သွားခဲ့ပါတယ်။

လူကြီးအများစုက ဦးဘလေးအကြောင်းကို ကြားဖူး ပြီးသားဖြစ်နိုင်ပါတယ်။ မြန်မာ့နယ်ပယ်မှာ အောင်မြင်ထင်ရှား ကျော်ကြားခဲ့သော ဦးဘကလေးဆိုတဲ့ တိုင်းရင်းသားအစ္စလာမ် သာသနာဝင် တစ်ဦးရဲ့ သူမတူတဲ့အောင်မြင်မှုတွေ၊ ကြေကွဲဖွယ် ကျဆုံးမှုတွေ ရောထွေးနေတဲ့သူ့ဘ၀ဟာ ကျွန်မတို့လူငယ်များ အတွက် ဂုဏ်ယူဖွယ် အတုယူဖွယ်၊ သင်ခန်းစာယူဖွယ်ရာများ ဖြစ်ပါတယ်။

တကယ်လို့ ဦးဘကလေးဟာ သာသနာ့အဆုံးအမ အတိုင်း လိုက်နာကျင့်ကြံနေထိုင်ပြုမူ သွားခဲ့မယ်ဆိုရင် ဒီထက် မကအောင်မြင်မှုတွေပိုက်ထွေးနိုင်မှာမလွဲဧကန်ပင် ဖြစ်ပါတယ်။

ဦးဘကလေးအကြောင်းကို ပြည့်ပြည့်စုံစုံသိရှိစေဖို့ လူထုဒေါ်အမာရေးသားပြုစုခဲ့သော {ရွှေရိုး ဘကလေး}ဆိုတဲ့ စာအုပ်ကို ညွှန်းဆိုချင်ပါတယ်။ ဒီစာမူကိုရေးသားခွင့်ပြုတဲ့ ဘွားဘွားလူထုဒေါ်အမာကိုလည်း ကျေးဇူးအထူးတင်ပါတယ်။

သုတ

ရွှေရိုးအက ဗွီဒီယို အောက်တွင်ကြည့်ပါ


Continue Reading...

တထောင့်တည ပုံပြင်များကို မိတ်ဆက်ပေးခဲ့သူ ဥိးဖိုးသာဇံ

ဖော်ပြပါဆောင်းပါးသည် Weekly Eleven ဂျာနယ်မှ ကူးယူဖော်ပြချင်းဖြစ်ပါသည်။
http://www.weeklyeleven.com/oth001/oth_detail.php?id=4

u_pho_tar_zan.jpg

မြန်မာစာပေသမိုင်းတွင် ၀တ္ထု ဟူ၍ စတင်ပေါ်ပေါက်လာခဲ့သည် မှာ အင်းဝခေတ်ကပင်ဖြစ်သည်။ ဆရာတော်ရှင်မဟာသီလ၀ံသ၏ ပါရာယန၀တ္ထုကို ပထမဆုံး မြန်မာ ၀တ္ထုဟု အဆိုရှိကြ၏။ ပါရာယနမှာ ပါဠိအမည်ဖြစ်ပြီး ကမ်းတစ်ဖက်သို့ သွားရာလမ်းဟု အဓိပ္ပာယ်ရပါ သည်။ ကိုလိုနီခေတ်ဦးကာလတွင် ပေါ်ပေါက်ခဲ့သည့် မောင်ရင်မောင်မ မယ်မ၀တ္ထုကိုပထမဆုံး မြန်မာကာလ ပေါ်ဝတ္ထုအဖြစ်အသိအမှတ်ပြုကြ၏။

ပသီပုံပြင်များ

ပသီပုံပြင်များဟုအများသိရှိ ကြသည့် တစ်ထောင့်တစ်ညပုံပြင် များ (Thousand and One Night Tales)သည် ပါရှန်တို့၏ရှေးဟောင်း ပုံပြင်များဖြစ် ကြပြီး အာရပ်တို့က ပါရှန်တို့ထံမှ ဆက်ခံရယူခဲ့ကြသည် ဆို၏။ ယင်းပုံပြင်များကို အာရပ် ဘာသာဖြင့် 'Al Raud al atir wa nuzht al khatir'ဟု ခေါ်ဆိုကြ သည်။ ပါရှန်တို့သည် ပုံပြင်အချို့ကို အိန္ဒိယတို့ထံမှ ရရှိခဲ့ကြခြင်းဖြစ် သည်။ ထို့ပြင် ဘဂ္ဂဒက် နှင့်အီဂျစ် တို့ထံမှပုံပြင်အချို့ကိုလည်း မူလပုံ ပြင်တွင် ဖြည့်စွက်ခဲ့ကြသည်။ ပသီပုံ ပြင်များတွင် ဥရောပတိုက်၌ ရှားလ မိန်းဘုရင် တန်ခိုးသြဇာကြီးထွားချိန် နှင့် အရှေ့ဖျားနိုင်ငံများတွင် အပြိုင် နန်းစံခဲ့ကြသည့်ဟာ ရွန်းအယ်ရာရှစ် ဘုရင်ကြီးစိုးချိန်က အဖြစ်အပျက် များစွာ ပါဝင်နေပါသည်။ ပုံပြင်ဟု ဆိုရသော်လည်း ပသီပုံပြင်များထဲ တွင် အာရေဗျယဉ်ကျေးမှုများထင် ဟပ်နေ၏။


တစ်ထောင့်တစ်ညဟူသည်
ပသီပုံပြင်များ၏ နိဒါန်းအစ ပျိုးပုံမှာစိတ်ဝင်စားဖွယ်ဖြစ်ပါသည်။ ရှေးအခါက ပါရှန်ဘုရင် ရှာလီယာ မင်း(Shahryar) သည် နေ့စဉ်မိဖုရား တစ်ပါးတင်မြှောက်လေ့ရှိပြီး ¤င်း မိဖုရားအား နောက်တစ်နေ့တွင် ကွပ် မျက်ပစ်တတ်သည်ဆို၏။ ယင်း ဓလေ့ကို ဖျောက်ဖျက်ပစ်လိုသူ ရှီဟာ ရာဇတ် (Scheherazade) မင်းသမီး က မိဖုရားအဖြစ် ခံယူကာ မင်္ဂလာဦး ညတွင် ဘုရင်မင်းမြတ်အား ပုံပြင် တစ်ပုဒ်ပြောပြသည်။ ဘုရင်စိတ်ဝင် စားသည့်နေရာသို့ရောက်သောအခါ မိဖုရားက ပုံပြင်ကိုရပ်ပစ်ကာ နောက် တစ်နေ့ညမှ ဆက်ပြောမည်ဟု ဆို ၏။ ဤသို့ဖြင့်အာလာဒင်အကြောင်း၊ အလီဘာဘာနှင့် ခိုးသားလေးဆယ် အကြောင်း၊ သင်္ဘောသားဆင်းဗတ် အကြောင်းစသည်ဖြင့် ပုံပြင်များ ပြောပြသွားသည်မှာ တစ်ထောင့်တစ် ညပင် တိုင်ခဲ့သည်ဆိုပါသည်။

ဘုရင်မင်းမြတ်သည် ပုံပြင်ဒဏ္ဍာ ရီများကိုများစွာသဘောကျနှစ်ခြိုက် သည့်အလျောက် မိဖုရားရှီဟာရာဇတ် အား များစွာချီးမွမ်းကာ အသက် ဘေးမှ ချမ်းသာပေးခဲ့သည်။

ကမ္ဘာတစ်ဝန်းပျံ့နှံ့စေသူ
တစ်ထောင့်တစ်ညပသီပုံပြင် များကို ကမ္ဘာတစ်ဝန်းပျံ့နှံ့စေခဲ့သူမှာ ပြင်သစ်တက္ကသိုလ်မှ အာရေဗျဘာ သာဆိုင်ရာပါမောက္ခအန်တွမ်းဂလန်း ဖြစ်သည်။ သူသည် ပသီပုံပြင်များ ကိုအာရေဗျဘာသာမှ ပြင်သစ်ဘာ သာသို့ ပြန်ဆိုကာ ၁၇၀၄ ခုနှစ်တွင် အတွဲ ၁၂ တွဲခွဲ၍ စာအုပ်အဖြစ် ထုတ် ဝေခဲ့သည်။ ရှေးအခါက ဘဂ္ဂဒက်မြို့ ဈေးနှင့် ပွဲလမ်းသဘင်စသည့် လူ စည်ကားရာ နေရာများတွင် ပြောဆို လေ့ရှိကြသော ပုံပြင်များကို ဦးစွာ စုစည်းပေးခဲ့သူဖြစ်သည်။ ထိုစဉ်က ပသီပုံပြင်နှစ်ရာကျော်ကို စုစည်းနိုင် ခဲ့သည်ဆို၏။

မြန်မာစာဖတ်ပရိသတ်နှင့် မိတ်ဆက်ပေးခြင်း
ခရစ်နှစ် ၁၈၉၆ ခုနှစ်တွင် အလျားရှစ်လက်မခွဲ၊ အနံ ငါးလက်မ အရွယ်ရှိ စာမျက်နှာ ၆၆၁ မျက်နှာပါ 'ပသီပုံပြင် ၀တ္ထုကြီးပဌမတွဲ'အမည် ဖြင့် စာအုပ်ကြီး ပေါ်ထွက်လာပါ သည်။ ကတ်ထူ အ၀တ်ဖုံး ရွှေစာလုံး ဖြင့်ခန့်ညားစွာ ထုတ်ဝေခဲ့ခြင်းဖြစ်ပြီး တန်ဖိုးမှာ ငါးကျပ်ဖြစ်သည်။ ယင်း စာအုပ်ကို ရေးသားပြုစုခဲ့သူမှာ ဆရာဝန်ကြီး ဦးဖိုးသာဇံပင်ဖြစ်ပါ သည်။ ထိုစဉ်က ပထမဆုံးဘာသာ ပြန်စာအုပ်အဖြစ် အဖြစ်ပေါ်ထွက် လာသော ပသီပုံပြင် ၀တ္ထုကြီးစာအုပ် ကို လူကြိုက်များခဲ့ကြသည်။သို့သော် စာဖတ်ပရိသတ် အများစုမှာဝယ်ယူ ဖတ်ရှုနိုင်ကြခြင်းမရှိသဖြင့် ၁၈၉၉ ခုနှစ်တွင် ရန်ကုန်မြို့ဗြိတိသျဘား မားပုံနှိပ်တိုက်က ပုံပြင် ရှစ်ပုဒ်ကိုရွေး ထုတ်ကာတစ်ကျပ်တန်စာအုပ်အဖြစ် ရိုက်နှိပ်ပေးခဲ့သည်။ ယင်းစာအုပ်နှင့် ပတ်သက်၍ ဆရာကြီး သခင်ဘ သောင်းက'လွန်ခဲ့သော အနှစ်၂၀ခန့် (၁၉၂၉ခုနှစ်ဝန်းကျင်)က ပသီပုံပြင် စာအုပ်ကို ဘားနာဒ်ပိဋကတ်တိုက် တွင်တွေ့ဖူးရာထိုစာအုပ်မှာ ခပ်သိမ်း သောသတ္တ၀ါ၊ ခပ်သိမ်းသောအရာ တို့၏ နည်းတူမမြဲသောသဘောကို မလွန်ဆန်နိုင်သဖြင့် ရေးသူနှင့် ပုံနှိပ် သူ၏အမည်ကိုဆောင်သော အဖုံး လည်းမရှိ၊ အစအဆုံးဖတ်ရန်စာ မျက်နှာလည်းမပြည့်စုံ၊ အကိုင်အတွယ် ရခက်လောက်အောင် စာရွက်တို့ လည်း ရော်ဝါကြွပ်ကျိုးလျက်ရှိနေ ကြောင်း'ဆိုပါသည်။

ပြဋ္ဌာန်းစာအုပ်
တစ်ထောင့်တစ်ညပုံပြင် ရှစ်ပုဒ် အား ထုတ်နုတ်လျက်ပုံနှိပ်ထုတ်ဝေ လိုက်သည့်စာအုပ်ကို ထိုခေတ်အခါ ကကျောင်းသုံးစာအုပ်အဖြစ် ပြဋ္ဌာန်း ခဲ့ပါသည်။ ယင်းစာအုပ်ပါပုံပြင် ရှစ် ပုဒ်မှာ အလီဘာဘာနှင့်ဓားပြကြီး လေးကျိပ်အကြောင်း၊ ခရီးသည်သုံး ယောက်တို့အကြောင်း၊ ကမာရတ် ဇမန်မင်းသားနှင့်ပဒေါင်းရာ မင်း သမီးအကြောင်း၊ ဆင်းတဘက်နှင့် သူ ဆင်းရဲကူလီ၏အကြောင်း၊ အာ လာဒင်နှင့် ဣစ္ဆာသယမှန်အိမ် အကြောင်း၊ ကြေးဝါမြို့ကြီး၏ အကြောင်း၊ ညီမငယ်အားမနာလို ၀န်တိုခြင်းဖြစ်ကြသော ညီအစ်မတို့ အကြောင်း၊ မဟာမက်မင်းသမီးနှင့် ဘရီတနောင် နတ်သမီးတို့အကြောင်း တို့ဖြစ်ကြ၏။ ထူးခြားသည်မှာ ဦး ဖိုးသာဇံ၏ ပသီပုံပြင်စာအုပ်ကို နမောတဿ ဘုရားရှိခိုးဖြင့် စတင် ထားခြင်းဖြစ်ပါသည်။

စာရေးသူ ဦးဖိုးသာဇံ
ပသီပုံပြင်ဝတ္ထုကြီးစာအုပ်ကို ရေးသားပြုစုခဲ့သူမှာ ဦးဖိုးသာဇံခေါ် ရှိတ်ခ်အဗဒူရာမန်ဖြစ်သည်။ ဦးဖိုး သာဇံကို ၁ ဇန်န၀ါရီ ၁၈၇၀ တွင် ဒေါက်တာ ရာဟင်ကောက်နှင့်ဒေါ် သက်တို့က ဖွားမြင်ခဲ့သည်။ ဖခင်မှာ အင်္ဂလိပ်- မြန်မာပထမစစ်ပွဲဖြစ်ပွား စဉ်က အင်္ဂလိပ်စစ်တပ်နှင့်အတူ အိန္ဒိယမှလိုက်ပါလာခဲ့သူဖြစ်သည်။ရာဟင်ကောက်သည်သရက်မြို့ဇာတိ ဒေါ်သက်နှင့် အကြောင်းပါခဲ့ရာမှ ဖိုး သာဇံကို ဖွားမြင်ခဲ့ခြင်းဖြစ်သည်။ ဖိုး သာဇံ၁၄နှစ်သားအရွယ်၁၈၈၄ ခုနှစ် တွင် ရန်ကုန်မြို့ဟိုက်စကူးကျောင်း မှခုနစ်တန်း အောင်မြင်ပြီး မဒရပ်မြို့ သို့ သွားရောက်ကာ ဆေးပညာသင် ယူခဲ့၏။

မဒရပ်ဆေးကျောင်းတွင် လေး နှစ်ပညာသင်ပြီးနောက် ၁၈၈၉ ခုနှစ် ဇူလိုင်လတွင် ဆေးရုံလက်ထောက် ဖြစ်လာပါသည်။ ထို့နောက် ထိုင်း နယ်စပ်ကော်မရှင်တွင် အထူးတာဝန် ပေးအပ်ခြင်းခံခဲ့ရ၏။ ဦးဖိုးသာဇံ သည် အိန္ဒိယဒီဂရီရရှိရုံမျဖြင့် ရောင့်ရဲ တင်းတိမ်မှု မရှိသဖြင့်အလုပ်မှထွက် ပြီး အင်္ဂလန်သို့ဆက်သွားသည်။ ထို ၌ ၀င်ခွင့်စာမေးပွဲ၊ အက်ဖ်အေစာမေး ပွဲများ ဖြေဆိုအောင်မြင်ပြီး အင်္ဂလန် နိုင်ငံဆေးသိပံ္ပမှ ဆေးပညာဘွဲ့ရရှိခဲ့ သည်။

ဘိလပ်ပြန်
ဦးဖိုးသာဇံသည် အင်္ဂလန်မှ ဆရာဝန်ဘွဲ့ ရရှိခဲ့ပြီးနောက် ၁၉၀၅ ခုနှစ်တွင် ရန်ကုန်ဆေးရုံကြီး၌ လက် ထောက်ဆရာဝန် ဖြစ်လာခဲ့သည်။ထို့နောက် ယင်းနှစ်ဧပြီလတွင် ခရိုင် ဆရာဝန်ကြီးဖြစ်လာကာ သုံးခွ၊ ရမည်းသင်း၊ ဖျာပုံ၊ ကသာနှင့်အောက် ချင်းတွင်းခရိုင်များ၌ တာဝန်ထမ်း ဆောင်ခဲ့သည်။ ၁၉၀၇ ခုနှစ်တွင် ဟံသာဝတီခရိုင်၌ ကျောက်ကြီးရောဂါ တိုက်ဖျက်ရေးအတွက် တာဝန်ယူခဲ့ ရသည်။ ထို့ပြင် ပလိပ်ရောဂါကာ ကွယ်ရေးတာဝန်ကိုလည်းယူခဲ့ရသည်။ ဦးဖိုးသာဇံကို အင်္ဂလန်နိုင်ငံတွင် ဆေးပညာ သင်ယူခဲ့သူများအနက် ပထမဆုံးဖြစ်ကြောင်း အဆိုရှိကြ၏။ L.R.C.P, L.R.C.S (Edin) L.F.P.S (Glass) ဘွဲ့ရ အနောက်တိုင်းဆေး ပညာရှင်ဦးဖိုးသာဇံသည် မြန်မာလူ မျိုးများထဲတွင် ပထမဆုံးခရိုင်ဆရာ ၀န်ကြီးအဖြစ် ခန့်အပ်ခံရသူလည်း ဖြစ်၏။

စာပေ၀ါသနာ
ဦးဖိုးသာဇံသည် အင်္ဂလန်ပြန် အစ္စလာမ်ဘာသာဝင် ဆရာဝန်ကြီး တစ်ဦးဖြစ်သော်လည်း မြန်မာစာ၊ မြန်မာမှုများကို ခုံမင်နှစ်သက်၏။မြန်မာရာဇ၀င်ကျမ်းများကို လေ့လာ သည့်နည်းတူ ကိုးခန်းပျို့ကဲ့သို့သော ပျို့ကဗျာများ၊ နန်းတွင်းဇာတ်တော် ကြီးများကိုလည်း အထူးဂရုပြုဖတ်ရှု လေ့လာ၏။ သို့ကြောင့်လည်း သူ၏ ပသီပုံပြင်ဘာသာပြန်စာအုပ်၌ ပါဠိ စာပေကို မြန်မာပြန်သည့်ရေးဟန် မျိုးတွေ့ရှိရခြင်းဖြစ်သည်။ ဆီလျော် ရာရာမြန်မာမှုများကို ထည့်သွင်းရေး ဖွဲ့တတ်ခြင်းမှာလည်း စိတ်ဝင်စား ဖွယ်ကောင်းကြောင်း ဆရာကြီး ဒေါက်တာခင်အေး(မောင်ခင်မင်-ဓနုဖြူ)က ဆိုပါသည်။

'အလီဘာဘာနှင့်ဓါးပြကြီး လေးကျိပ်'ဇာတ်လမ်းကို ပြန်ဆိုရေး သားရာတွင် 'ရှေးလွန်လေပြီးသော အခါပြအိုး၊ တန်ဆောင်း၊ ကျုံးမြောင်း ပစ္စင်၊ ရင်တားတံခါးတုရိုဏ်စသော မြို့၏ ကျက်သရေ လူနေထိုင် ဈေး ဆိုင်ကနားလမ်းမများတို့ဖြင့်တင့် တယ်လျောက်ပတ်သော ပိရ်သျပြည် ကြီးတွင်'ဟူ၍ သုံးနှုန်းထားပုံမှာ ရှေး မြန်မာဇာတ်တော်ကြီးများ ရေးဖွဲ့ပုံ ကို အတုယူထားဟန်ရှိပေသည်။ထို့ပြင်'အာလာဒင်နှင့်ဣစ္ဆာသယ မှန်အိမ်အကြောင်း'တွင်လည်း အာ လာဒင်၏ဖခင်က အာလာဒင်အား ဆုံးမဟန်ကို 'မိဘ၌ကြွယ်ဝချမ်းသာ ၍ရွှေအိမ်ဘုံမြင့်ခုနစ်ဆင့်၌ထားငြား သော်လည်းပြာသာဒ်ဖျား၌ နားသော ကျီးကဲ့သို့ ထိုထိုပစ္စည်းဥစ္စာတို့ကို ဆောင်ရွက် စားသုံးခြင်းမပြုနိုင်ပေ' ဟု ရေးဖွဲ့ထားခဲ့သည်။

ဦးဖိုးသာဇံ၏ ဖခင်က သား အားဆုံးမခန်းမှာ ရှင်မဟာရဌသာရ ၏ကိုးခန်းပျို့လာဟထ္တိပါလသတို့ သားအားဆိုဆုံးမခန်းပါ 'မစိုးမရိမ်၊ နတ်စည်းစိမ်သို့၊ ရွှေအိမ်ဘုံမြင့်၊ ခုနစ်ဆင့်ထက်၊ နေလင့်ကစား၊ ပြာ သာဒ်ဖျားဝယ်၊ နားသည့်ကျီးမျ၊ ပမာကျလိမ့်'ဟူသောစာပိုဒ်ကို စကား ပြေဖြင့် ရေးဖွဲ့ခြင်းဖြစ်ပေရာ မြန်မာ စာပေကျွမ်းကျင်နှံ့စပ်သူဖြစ်ကြောင်း ဒေါက်တာခင်အေးက ဆိုပါသည်။

ဘ၀နိဂုံး
တစ်ထောင့်တစ်ညပုံပြင်များ ကို မြန်မာမှုပြုခဲ့သူဦးဖိုးသာဇံခေါ် ဒေါက်တာအက်စ်အေရာမန်သည် ၂၉ ဇူလိုင်၁၉၁၆တွင်မေမြို့(ပြင်ဦးလွင်) ၌ ကွယ်လွန်သွားပါသည်။ ၁-၈-၁၉၁၆ရက်စွဲပါ ရန်ကုန်ဂေဇက် သတင်းစာတွင် 'ဒေါက်တာရာမန် ကွယ်လွန် အနိစ္စရောက်ခြင်းကြောင့် မြန်မာပြည်သူအပေါင်းမှာလည်း တတ်ကျွမ်းသောသမားတော်ကောင်း တစ်ယောက်နှင့်တာဝန်သိသိဇွဲရှိရှိ ဆောင်ရွက်တတ်သောပုဂ္ဂိုလ်တစ်ဦး ဆုံးရှုံးကြရလေသည်' ဟူ၍ရေးသား ဖေါ်ပြခဲ့သည်။ ဦးဖိုးသာဇံသည် သရက်မြို့ဝန်သမီးဒေါ်ယုနှင့်စုံဖက်ကာ သား၊သမီးလေးဦးဖွားမြင်ခဲ့ရာ သား အကြီးဆုံး ဦးဘတင်မှာ နောင်ရုပ်ရှင် ပြဇာတ်နှင့်မြန်မာစာ၊ မြန်မာမှုတို့ ၌ ထင်ရှားကျော်ကြားသည့် ဒဂုန် ဦးဘတင်ဖြစ်လာပါသည်။
ကျမ်းကိုး
၁။ အမျိုးသားရေးနှင့်မြန်မာ့ဆေးပ ညာရှင်များ(ဆရာဝန်တင်ရွှေ)
၂။ ပသီပုံပြင်အရေးအသား(မောင်ခင် မင်-ဓနုဖြူ) ငွေတာရီ ၁၉၉၆
၃။ စာဆိုတော်များအတ္ထုပ္ပတ္ထိ(မောင် သုတ)
၎။ တစ်ထောင့်တစ်ညပုံပြင်များ (သခင်ဘသောင်း)အဋ္ဌမအကြိမ်
Continue Reading...

မြန်မာမွတ်စလင်မ် ပန်းချီဆရာ၊ ကာတွန်းဆရာ၊ စာရေးဆရာကံချွန်

ကာတွန်း ကံချွန်သည် မြန်မာနိုင်ငံရှိ မန္တလေးသား ပန်းချီဆရာ၊ ကာတွန်းဆရာ၊ စာရေးဆရာတစ်ယောက်ဖြစ်သည်။ သူသည် စာအုပ်ပေါင်း (၇၃)အုပ်၊ ဗွီဒီယို (၃)ကား၊ ကာတွန်းပေါင်း
များစွာ ရေးဆွဲခဲ့သည်။



ကံချွန်
မွေးသက္ကရာဇ် ၁၉၄၆ ခုနှစ် ဧပြီ ၄ ရက်
အမည်ရင်း ကံချွန်
နိုင်ငံ မြန်မာ
မိဘအမည် ဦးဘဌေးနှင့် ဒေါ်အေးရွှင်
ကိုးကွယ်သည့်ဘာသာ အစ္စလာမ် ဘာသာ
အလုပ်အကိုင် စာရေးဆရာ၊ ပန်းချီဆရာ၊ ကာတွန်းဆရာ၊
မွေးဖွားရာဒေသ မန္တလေးမြို့
ထင်ရှားကျော်ကြားမှု
တစ်ကြောင်းဆွဲ ကာတွန်းနှင့် ဟာသစာပေ

ငယ်ဘဝ

ကာတွန်း ကံချွန် မှာ ၁၉၄၆ ခုနှစ် ဧပြီ (၄)ရက်နေ့၊ မန္တလေးမြို့တွင် အဘ ဦးဘဌေးနှင့် အမိဒေါ်အေးရွှင် တို့မှ မွေးဖွားခဲ့သည်။ မွေးချင်းညီအစ်ကို သုံးဦးရှိပြီး ကာတွန်း ဗိုလ်မောင်၊ ဓာတ်ပုံ လှဝင်းတို့ဖြစ်သည်။ ကာတွန်းကံချွန်တို့ ညီအစ်ကိုများသည် အစ္စလာမ် ဘာသာကို ကိုးကွယ်ကြသူများ ဖြစ်သည်။ မန္တလေးမြို့ အမှတ်(၃)အ.ထ.ကတွင် အထက်တန်းထိ ပညာသင်ကြားခဲ့သည်။ ကာတွန်း ကံချွန်သည် ၁၉၆၃-၁၉၆၄-ခုနှစ်တွင် မန္တလေးအနုပညာကျောင်း၌ ပန်းချီသင်တန်းတက်ရောက်ခဲ့ပြီး ဆရာကြီး ဦးကံညွန့်၊ ဦးချစ်မြဲ၊ ဦးအေးကျော်တို့ထံတွင် သင်ယူခဲ့သည်။ “မိ၊ မော်၊ မေ၊ မ” ကာတွန်းများရေးဆွဲခဲ့သူ ကာတွန်းဝင်းမောင်သည် ကာတွန်းကံချွန်၏ ဆရာရင်းဖြစ်သည်။ သူ၏ ပထမဆုံး ကာတွန်းမှာ ၁၉၆၉-ခု၊ အောက်တိုဘာလ ဟံသာဝတီ သတင်းစာတွင် ဖော်ပြခံခဲ့ရပြီး၊ ကြေးမုံ၊ ဗိုလ်တထောင်၊ လုပ်သား သတင်းစာများနှင့် ရှုထောင့် ဂျာနယ်၊ သတင်းဂျာနယ် တို့တွင် ကာတွန်းများ ရေးသားခဲ့သည်။ အလားတူ မိုးဝေ၊ ချယ်ရီ၊ ကလျာ၊ မဟေသီ စသည့်မဂ္ဂဇင်းများနှင့် မန္တလေးထုတ် ဂျာနယ် အများစုတွင်လည်း ကွယ်လွန်ချိန်အထိ ကာတွန်းများ ရေးသားနေဆဲဖြစ်သည်။ ပထမဆုံးဝင်ပြိုင်တဲ့ ရှုထောင့်ဂျာနယ် ကာတွန်း ပထမဆုရခဲ့သည်။

ပထမဆုံး ၀င်ပြိုင်တဲ့ ဦးဘဂျမ်းကာတွန်းဆု ပထမရခဲ့သည်။ သူရေးသားထုတ်ဝေခဲ့ပြီးသော စာအုပ်ပေါင်း ၇၃ အုပ်ရှိပြီဖြစ်ပြီး နာမည်ကျော် စာအုပ်များထဲတွင် ခေတ်ကျောင်းသား၊ ကြားဖူးနားဝ ပုံပြင်များ၊ မန္တလေးမြို့က လူတွေအကြောင်း၊ အပျိုစင်တို့ သိသင့်သမျှ (၁) (၂) ၊ အမျိုးသားတို့ သိဖို့ မိန်းမတို့ အကြောင်း၊ စီးပွားရေး ဟာသ စသည့် စာအုပ်များမှာ လူသိများသည်။ သူ၏ ဇာတ်ကောင်များ ဖြစ်ကြသော ဘ၊ ဘွားစွာ၊ ကိုပါရာနှင့် ကျော်မင်းဟန်တို့ကိုလည်း လူသိများသည်။ ကာတွန်း ကံချွန်သည် ကာတွန်း၊ သရုပ်ဖော်ပုံ၊ ပန်းချီ တို့ ရေးဆွဲခြင်း အပြင် ဝတ္တု၊ ဆောင်းပါး၊ သရော်စာ တို့ကို ရေးသားခဲ့ပြီး ဒါရိုက်တာလည်း လုပ်ခဲ့ဖူးသည်။ မန္တလေးမြို့ဝန်းကျင်တွင် ဗွီဒီယို (၃) ကားခန့် ရိုက်ကူးခဲ့ပြီး နောက်ဆုံးရိုက်ကူးခဲ့သော လေဘာတီမမြရင် နှစ် (၁၀၀) ပြည့် အငြိမ့်ဗွီစီဒီအခွေမှာ ပရိသတ်အကြား အပျံ့အနှံ့ဆုံးဖြစ်သည်။ * သူ၏ ပန်းချီပြပွဲတွင် ကိုယ်တိုင်ရေး ကိုယ်ရေးရာဇ၀င် ကို ဖော်ပြလိုက်ပါသည်။

ကံချွန်ကပြောသော ကံချွန်ဆိုသည်မှာ

ကံချွန်ဆိုတာ မြန်မာပြည်က ပန်းချီဆရာ၊ ကာတွန်းဆရာ၊ စာရေးဆရာပါ။ မန္တလေးမြို့မှာ မွေး၊ မန္တလေးမြို့မှာ ကြီး၊ မန္တလေးမြို့မှာပဲ နေပါတယ်။ လေဘာတီ မမြရင် နှစ် ၁၀၀ ပြည့် အမှတ်တရ၊ မန္တလေးအငြိမ့် အလွမ်းပြေ VCD ရိုက်ကူးခဲ့တယ်။ ၀တ္ထုတို၊ ၀တ္ထုရှည်၊ ဆောင်းပါး၊ သရော်စာ၊ ဟာသတိုများနဲ့ လူငယ် ပညာပေး အတွေးအခေါ်ဆိုင်ရာ စာပေမျိုးစုံကို ရေးသားပြုစုခဲ့ပါတယ်။ သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်းများမှာ ကာတွန်း ရေးခဲ့တယ်။ ကာတွန်း ဇာတ်လမ်းရှည်တွေလည်း ရေးခဲ့တယ်။ ဂျာနယ်တွေမှာ ကွက်ဆက် ကာတွန်းနဲ့ တကွက်ချင်း ကာတွန်းတွေ ရေးခဲ့တယ်။ ပန်းချီကားများစွာ ရေးခဲ့သလို ကိုယ်ပိုင်ပန်းချီပြခန်းကို ၁၉၉၆ ခုမှာ ထူထောင်ခဲ့တယ်။ အနုပညာအလုပ်တွေ အများကြီးကို တပြိုင်တည်း လုပ်နေတာဟာ ဆရာကံချွန်ပါပဲ။ သူ့ပုံရိပ်ကို ခွဲခြားပြီး ပြောပါ့မယ်။ ကလောင်အမည် ကံချွန်၊ အမည်ရင်း ကံချွန်။ အဖနဲ့ အမိ ဦးဘဌေး- ဒေါ်အေးရွှင်။ မွေးရက် ၄ ရက်၊ ဧပြီ ၁၉၄၆ ။ မွေးရာဇာတိ မန္တလေးမြို့၊ မြန်မာပြည်။ မွေးချင်း ဘိုမောင်(ကာတွန်းဆရာ)၊ လှဝင်း(ဓာတ်ပုံဆရာ)၊ မျိုးဆက်သမီးစိန်စိန်ဦး၊ သမက် ကိုမြင့်အောင်(ထုတ်ဝေသူ)၊ မြေး -မောင်အောင်မျိုးဦး၊ မောင်အောင်မင်းဦး၊ မနှင်းပွင့်ဖြူ (ရေးသူ-ကံချွန်) 1. “လောကကြီးမှာ မကြိုးစားဘဲ အောင်မြင်တဲ့သူ မရှိဘူး။ မကြိုးစားဘဲနေရာရရင်လည်း မကြာခင် ပြန်ပျောက်သွားမှာပါပဲ။ “ကာတွန်းဆရာ“ဟာ ရည်ရွယ်ချက် ပန်းတိုင် မဟုတ်ပေမယ့် ကာတွန်းပညာဟာ ဘ၀ရဲ့ ကျေးဇူးရှင်ပါ။” (မြန်မာကာတွန်းဆရာများ-၁ စာအုပ်မှ၊ ၂၀၀၂ ခုနှစ်) 1. “ပထမ လနည်းနည်းပဲ နေရတော့မယ်ဆိုတာ သူကိုယ်တိုင်၊ သိတော့လည်း ပျော်ပျော်ပါးပါးပဲနေတယ်၊ ဝေဒနာခံစားနေရတဲ့အပြင် စိတ်ဓာတ်ပါကျနေရင် ၂ ခါရှုံးတယ်လို့ ပြောတယ်” ဟု မန္တလေးသားကာတွန်းဆရာ တစ်ဦးဖြစ်သူ အော်ပီကျယ်က ဆိုသည်။ သူ၏ နောက်ဆုံးပန်းချီပြပွဲတွင် ဆရာကံချွန်တက်ရောက်စဉ်(၁၅-၈-၂၀၀၉) -----------------------

ကိုယ်ပိုင်ပန်းချီပြခန်း

ကိုယ်ပိုင်ပန်းချီပြခန်းကို ၁၉၉၆-ခုနှစ်တွင် တည်ထောင်ခဲ့သည်။ * အမှတ်(၄၄)၊ (ဇ/၈)၊ လေးရပ်ကွက်၊ ချမ်းမြသာစည်မြို့နယ်၊ မြို့သစ်(သိုးခြံ)၊ မန္တလေးမြို့။ ဖုန်း-၀၉ ၂၀၀၁၆၄၁၊ ၀၂- ၈၁၂၆၆

ကွယ်လွန်ခြင်း

အသည်းကင်ဆာကို ဆေးကုသနေရသည့်ကြားက ဆရာကံချွန်သည် ၂၀၀၉-ခုနှစ်၊ သြဂုတ်လ ၁၅ ရက်နေ့မှစ၍ ယနေ့အထိ မန္တလေးမြို့ Oriental House တွင် သူ၏ ကာတွန်း ကံချွန် တစ်ကိုယ်တော်ပြပွဲ ၂၀၀၉ ပန်းချီပြပွဲကို ပြုလုပ်နေပြီး ယနေ့တွင် သူ၏ ပန်းချီပြပွဲ နောက်ဆုံးနေ့ (၂၀.၈.၀၉) ညနေ သုံးနာရီ ခွဲတွင် မန္တလေးနေအိမ်၌ ကွယ်လွန်သွားခြင်း ဖြစ်သည်။ ကံချွန်သည် ကွယ်လွန်ချိန်တွင် အသက် ၆၄ နှစ်ရှိပြီဖြစ်သည်။ အရွယ်စုံ ပရိသတ်ရှိသူ စာရေးဆရာ၊ ပန်းချီဆရာ၊ ကာတွန်းဆရာ ဆရာကံချွန်၏ ရုပ်အလောင်းကို ၂၁ရက်နေ့၊ နေ့လည် ၁ နာရီတွင် မန္တလေးမြို့ ကြာနီကန် သုသာန်တွင် သင်္ဂြိုဟ်မည် ဖြစ်သည်။ ကွယ်လွန်ချိန်တွင် ဇနီး၊ သမီးနှင့် မြေးသုံးဦး ကျန်ရစ်ခဲ့သည်။ သူကွယ်လွန်ချိန်တွင် သူ့ကို ချစ်သော ပရိသတ် အပါအ၀င် နယ်ပယ်အသီးသီးမှ မိတ်ဆွေများ သူ့အိမ်တွင် စုရုံးရောက်ရှိနေပြီး၊ သူ့နောက်ဆုံး ခရီးအတွက် ၀ိုင်းဝန်းပြင်ဆင်ပေးနေသည်။

ရေးသားထုတ်ဝေခဲ့သောစာအုပ်များ

1. ခေတ်ကျောင်းသား (၁၉၈၈-ခု)
2. အချစ်ရွှေရတုနှင့် အခြားဝတ္တုတိုများ (၁၉၉၀-ခု)
3. လမ်းပေါ်ကပီတိနှင့် အခြားဝတ္တုတိုများ (၁၉၉၄-ခု)
4. ကယ်တင်ရှင်ပေါင်း သောင်းခြောက်ထောင် ၀တ္တုတို (၁၉၉၅-ခု)
5. အပျိုစင်တို့သိဖို့ ယောက်ျားတို့အကြောင်း(၁) (၁၉၉၅-ခု)
6. အပျိုစင်တို့သိဖို့ ယောက်ျားတို့အကြောင်း (၂) (၁၉၉၆-ခု)
7. ခင်ဗျားပေါင်းတစ်ထောင် ကျွန်တော်ပေါင်းတစ်သိန်း (၁၉၉၆-ခု)
8. ဘနှစ်ကိုယ်ခွဲ (၀တ္တုရှည်) (၁၉၉၇-ခု)
9. တို့တော့မယ် ဆိတ်တော့မယ် (၀တ္တုရှည်) (၁၉၉၇-ခု)
10. အပျိုစင်တို့သိသမျှ (၁) (၁၉၉၇-ခု)
11. ကိုယ်ပိုင်ဟာသ (၁၉၉၇-ခု)
12. ရယ်စရာ၊ ပြုံးစရာ၊ ကြည်နူးစရာ (ကံချွန်+စိန်စိန်ဦး) (၁၉၉၇-ခု)
13. ဟာသဘဏ် ရယ်စရာပုံပြင်များ (၁၉၉၈-ခု)
14. အပျိုစင်တို့ဖတ်ဖို့ ကာတွန်းများ (၁၉၉၈-ခု)
15. အပျိုစင်တို့သိဖို့ ယောက်ျားတို့အကြောင်း (၃) (၁၉၉၉-ခု)
16. ဘီလျံနာ (ဟာသ၀တ္တုရှည်) (၁၉၉၉-ခု)
17. ကြားဖူးနားဝ ဟာသပုံပြင်များ (၁) (၂၀၀၀-ခု)
18. ကြားဖူးနားဝ ဟာသပုံပြင်များ (၂) (၂၀၀၀-ခု)
19. လူငယ်တွေဖတ်ဖို့ ရွှေဆောင်းပါးများ (၂၀၀၀-ခု)
20. ကံချွန့်လက်သံတညံညံ (၂၀၀၀-ခု)
21. ပေါ့ပေါ့ပါးပါး ဟာသဝတ္ထုတိုများ (၂၀၀၁-ခု)
22. မောင်ခေါ်ချင်ပါတယ် ကိုကိုခေါ်ချင်ပါတယ် (၀တ္တုရှည်) (၂၀၀၁-ခု)
23. ကြားဖူးနားဝ ဟာသပုံပြင်များ (၃) (၂၀၀၂-ခု)
24. ကြားဖူးနားဝ ဟာသပုံပြင်များ (၄) (၂၀၀၂-ခု)
25. ပရိသတ်ကြီးခင်ဗျား (၂၀၀၂-ခု)
26. ကံချွန်ပြောချင်တဲ့ စကား (၂၀၀၂-ခု)
27. အမြင်လောက လောကအမြင် (၂၀၀၂-ခု)
28. ဒိုးဒိုးဒေါက်ဒေါက် ဟာသများ (၂၀၀၂-ခု)
29. အင်တာဖြီးနဲ့ ဆိုင်ဆိုင်မဆိုင်ဆိုင် (ဆောင်းပါး) (၂၀၀၂-ခု)
30. ဒါကဒီလိုရှိတယ် ဟိုဟာက ဟိုလိုရှိတယ် (ဆောင်းပါး) (၂၀၀၂-ခု)
31. ကြားဖူးနားဝ ဟာသပုံပြင်များ (၅) (၂၀၀၃-ခု)
32. အပ်ချလောင်း (၀တ္တုရှည်) (၂၀၀၃-ခု)
33. စီးပွားရေးဟာသ(၁) (၂၀၀၃-ခု)
34. ဟာသလောက (၂၀၀၃-ခု)
35. အပျိုစင်တို့ သိသင့်သမျှ (၂) (၂၀၀၃-ခု)
36. စီးပွားရေးဟာသ(၂) (၂၀၀၄-ခု)
37. ရယ်စရာတွေ (ဟာသ၀တ္တုတိုများ) (၂၀၀၄-ခု)
38. လွမ်းတတ်ရင်တော့ လွမ်းချင်စရာ (၂၀၀၄-ခု)
39. တိမ်စင်သောနေ့ နှင့် အခြားဝတ္တုတိုများ (၂၀၀၄-ခု)
40. မန္တလေးမြို့ ကလူတွေအကြောင်း (ဆောင်းပါးများ) (၂၀၀၄-ခု)
41. အသက်ရှည်ဆေး ဟာသများ(၁) (၂၀၀၄-ခု)
42. ဘ၀ကို ပုံဖော်ဖို့ (၂၀၀၄-ခု)
43. ဘ၀အတွေ့အကြုံ အတွေးအခေါ်အယူအဆ (၂၀၀၄-ခု)
44. စီးပွားရေးဟာသ(၃) (၂၀၀၅-ခု)
45. လူပျိုကြီးကိုဘညွန့် (ဟာသ၀တ္တုရှည်) (၂၀၀၅-ခု)
46. အသက်ရှည်ဆေး ဟာသများ(၂) (၂၀၀၅-ခု)
47. ဆူးလှည်းနှင့် ပွင့်ပွင့်လင်းလင်း ဆောင်းပါးများ (၂၀၀၅-ခု)
48. အပျိုစင်တို့သိဖို့ ယောက်ျားတို့အကြောင်း (၃) (၂၀၀၆-ခု)
49. ကိုသစ္စာ မဖော့ သရော်စာဝတ္တုတိုများ (၂၀၀၆-ခု)
50. လမ်းပေါ်က ဟာသများ (၂၀၀၆-ခု)
51. သတင်းထောက်ကြီး ဦးလူရှုပ် (၂၀၀၆-ခု)
52. ပန်သူလေးမို့ (၂၀၀၆-ခု)
53. စိတ်ကြိုက်ဟာသများ (၂၀၀၆-ခု)
54. ဖတ်စရာဟာသနှင့် အခြားရယ်စရာပြုံးစရာများ (၂၀၀၆-ခု)
55. လူပြက် (၀တ္တုရှည်) (၂၀၀၇-ခု)
56. ရသစုံ ဟာသ (၂၀၀၈-ခု)
57. ရယ်ရတယ် (၂၀၀၈-ခု)
58. နေပျော်တဲ့ဘ၀တည်ဆောက်နိုင်ရေး စာတမ်းသုံးစောင် (၂၀၀၈-ခု)
59. ဟာသညွန့်ပေါင်း (၂၀၀၈-ခု)
60. ငယ်မူပြန်အချစ် (၂၀၀၈-ခု)
61. လတ်လတ်ဆတ်ဆတ် ဟာသများ (၂၀၀၈-ခု)
62. ဟာသသောင်းပြောင်း (၂၀၀၈-ခု)
63. အမျိုးသားတို့ သိဖို့ မိန်းမတို့အကြောင်း (၂၀၀၈-ခု)
64. တွေးကြည့် (၂၀၀၈-ခု)
65. စိတ်သွားတိုင်း ကိုယ်ပါတဲ့အရွယ် (၂၀၀၈-ခု)
66. ဘောလုံးဟာသ၊ ဟာသခရီးသည် (၂၀၀၈-ခု)
67. ဆေးခန်းထဲက ဟာသ (၂၀၀၉-ခု)
68. ဈေးကွက်ထဲက စီးပွားရေးအယူအဆများ (၂၀၀၉-ခု)
69. အချစ်ဟာသ (၂၀၀၉-ခု)
70. ဟာသလက်သုပ် (၂၀၀၉-ခု)
71. ပွမ်ပွမ်မြည်သော ဟာသများ (၂၀၀၉-ခု)
72. အရိပ်ပြစာစုများ (၂၀၀၉-ခု)
73. အတွေးတစ်လှမ်း (၂၀၀၉-ခု)

****မြန်မာဝိကီမှ ကူးယူပါသည်။
Continue Reading...

ရုရှားဖက်ဒရေးရှင်းရှိ မွတ်စလင်မ်ညီနောင်များ

ုစုပေါင်းလူဦးရေ သန်း၁၄၀ရှိတဲ့ ရုရှား ဖက်ဒရေးရှင်းနိုင်ငံမှာ တိုင်းရင်း သား မွတ်စ လင်မ် ဦးရေ သန်း၂၀ လောက် (စုစုပေါင်း လူဦးရေရဲ့ ၁၅ရာခိုင်နှုန်း လောက်) နေထိုင် လျက် ရှိပါတယ်ဥရောပက တခြား လူနည်းစု မွတ်စ လင်မ်တွေ နဲ့ မတူတာ ကတော့ ရုရှား မွတ်စလင် တွေကတိုင်းတပါး ကနေ ပြောင်းရွှေ့ ၀င်ရောက်လာကြတဲ့ သူတွေ မဟုတ်တာပါပဲ။ သူတို့ နေထိုင်နေကြတဲ့ နိုင်ငံရဲ့ဇာတိနိုင်ငံသားတွေဖြစ်ကြပါတယ်။ ရုရှားလူ့အဖွဲ့အစည်းမှာ မွတ်စလင်တွေက အရေးပါတဲ့ အစိတ်အပိုင်းမှာရှိကြပါတယ် ဥပမာပြောရရင်၂၀၀၈ခုနှစ် ပေကျင်း အိုလံပစ် အားကစားပွဲကြီးမှာ ရုရှားအားကစား သမား ၂၃ ဦးရွှေတံဆိပ် ရခဲ့ရမှာရွှေတံဆိပ် ၁၀ ခုကို တိုင်းရင်းသား မွတ်စလင်မ်အား ကစား သမားတွေ က ဆွတ်ခူးပေးခဲ့တာ ဖြစ်ပါတယ် .................................................

ယခင် ဆိုဗီယက်ပြည်ထောင်စု မှကွဲထွက်လာတဲ့ မွတ်စလင်မ်နိုင်ငံများ အကြောင်း Flash Player ဖြင့် ဒီမှာ ကြည့်ပါ

russian_mosque.jpg

Russian 1
Continue Reading...

သက်ဆင်အစိုးရ၏ လူမဆန်သော အကြမ်းဖက်လုပ်ရပ်

သက်ဆင်အစိုးရ၏ လူမဆန်သော အကြမ်းဖက်လုပ်ရပ်ကြောင့် သေဆုံးခဲ့ရ သောအပြစ်မဲ့ ထိုင်းမွတ်စလင်မ်များ

Continue Reading...

ဦးရာရှစ် - By MOSHE YEGAR

ဦးရာရှစ် - By MOSHE YEGAR

u_rashid_tkt.jpg
ဗမာနိုင်ငံတွင် ယခင်ကနေထိုင်သွားခဲ့သော အိန္ဒိယသား မိဘ နှစ်ပါးမှ ဦးရာရှစ်ကို ၁၉၁၂ ခုနှစ်က အိန္ဒိယ တွင် မွေးဖွား ခဲ့ပါသည်။ သူ၏အဖိုးက ၁၈၈၅ ခုနှစ်ကတည်းက မြန်မာနိုင်ငံတွင် နေထိုင် သွားခဲ့ သည်။ ၃ နှစ်သားကပင် ဦးရာရှစ်မှာ မြန်မာ နိုင်ငံသို့ ရောက်လာကာ မြန်မာနိုင်ငံသား ပြုခဲ့သည်။ ဗမာအမျိုး သားရေး လှုပ်ရှားမှု သခင်လှုပ်ရှားမှုကို ကနဦးအစကတည်းက ပါဝင်ခဲ့သည်။ အသက်သုံးဆယ် ပြည့်နှစ်ပိုင်းများ အတွင်းဝယ် သခင်အောင်ဆန်း၊ ဦးကျော်ငြိမ်း၊ ဦးဗဆွေ၊ ဦးနုတို့အပါအ၀င် အခြားသူများနှင့် ရန်ကုန် တက္ကသိုလ် ကျောင်းသားအသင်းအပင်းများတွင် ပါဝင် လှုပ်ရှားခဲ့သည်။ ၁၉၃၁ တွင် ရန်ကုန်တက္ကသိုလ် ကျောင်းသား သမ္မဂ္ဂ၏ အထွေထွေ အတွင်းရေးမှုးချုပ် ဖြစ်ခဲ့သည်။ မွတ်စလင်မ်ဖြစ်၍ တကြောင်း၊ အိန္ဒိယ သားဖြစ်၍ တစ် ကြောင်း၊ အများ၏ အမျိုးမျိုးအနှိမ်ခံမှုကို ခံခဲ့ရလင့် ကစား လည်း သူက တက်ကြွ မပျက် ပါဝင်လှုပ်ရှားခဲ့သည်။

တက္ကသိုလ်တွင်နေခဲ့သည့်နှစ်များ တလျောက်လုံးမှာလည်း ကုလားဆိုပြီး အနှိမ် ခံခဲ့ရသည်။ သူနှင့်ပတ်သက်ပြီး ခြေပုန်း ခတ်ချက်များကို ခံခဲ့ရသည်။ အစဉ်သဖြင့် ဦးနုအပေါ် သစ္စာ သွေမပျက်သူဖြစ်ကြောင်း သက်သေထူပြနိုင်ခဲ့ပြီး အဓိက .....



ခေါင်းဆောင် ကြီးများဖက်က လက်ခံမှုကိုပါ ရယူနိုင်ခဲ့သည် ဒုတိယကမ္ဘာစစ် ဖြစ်သည်တွင် မိဘများက အိန္ဒိယသို့ထွက်ပြေးခဲ့ရာ စစ်အပြီးတွင် ဗိုလ်ချုပ် အောင်ဆန်း က သူ့အားပြန်လာရန်ခေါ်ခဲ့သည်။ ဦးနုက သူအားကက်ဘိနက်တွင် ပါဝင်စေခဲ့သည်။ ၁၉၅၂ ခုနှစ်တွင် အိုးအိမ်နှင့် အလုပ်သမားဝန်ကြီး အဖြစ် လျာထားခြင်း ခံရပြီး ၁၉၅၄ ခုနှစ်တွင် သတ္ထုတွင်းဝန်ကြီး၊ ၁၉၆၀ ပြည့်တွင် စီးပွားရေးနှင့် စက်မှုဝန်ကြီး အဖြစ်နိုင်ငံတာဝန်များကို ထမ်းဆောင်ခဲ့ရာ ၁၉၆၂ ခုနှစ်၌ တော်လှန်ရေးကောင်စီ အစိုးရ ဗိုလ်ချုပ်နေ၀င်းက သူ့အား အရေးယူချိန် တိုင်အောင်ပင်ဖြစ်သည်။


ဖဆပလနှစ်ခြမ်းမကွဲခင် ၁၉၅၈ ခုနှစ်တွင် သူသည် TUCB ( Trade Union Council of Burma – ဗမာ့ကုန်သွယ်ရေး သမဂ္ဂကောင်စီ ) တွင် ဒု ဥက္ကဌ ဖြစ်ခဲ့သေးသည်။
ဦးနု၏ သံမဏိဆုံးဖြတ်ချက်နှင့် စဉ်ဆက်မပြတ်ထောက်ခံချက်အရ သူ့နေရာက မြဲခဲ့ သည်။ အိန္ဒိယသွေးပါသူ ဦးရာရှစ်အားနေရာပေးမှုအပေါ် သြဇာအကြီးဆုံး အသိုင်း အ၀ိုင်းက အပြင်းအထန်ဖိအားပေးလင့် ကစား သူ၏မဆုတ်မနစ် ခေါင်းမာ မှုကြောင့် အရာမကျခဲ့ပေ။ ဦးနုက (အတိုက်အခံများနှင့် ရန်ရှင်းသွားအောင်) သူ့နာမည်အား ဦးရန်ရှင်းဟု ပြောင်းရန်တိုက်တွန်းခဲ့ရာ အမာခံမွတ်စလင်မ်ဖြစ်သူ ဦးရာရှစ်က လက်မခံပဲပယ်ချခဲ့ပြီး ၊ သူ့နာမည်ရှေ့တွင် “ဦး”ကိုသာတပ်ခဲ့သည်။ ဤနာမည် ပြောင်းရေး ကိစ္စ အပါအ၀င် မွတ်စလင်လူ့အစုအဝေး၏ ဘ၀နှင့်ပတ်သက်ရာ အခြားသော ကိစ္စများတွင် …..........သဘောထားကွဲလွဲမှုများရှိခဲ့သည်။

Maung Maung, 'M.A.Rashid,'' Guardian Monthly. III, {Dec, 1956},27-34;Tinker,
ညွှန်းခဲ့ပြီး၊နှာ-၆၊ ၆၅၊ ၈၂၊ ၃၉၆)

ဗုဒ္ဓဘာသာဝင်ပြည်သူများဖက်မှ ဗမာ့ကက်ဘိနက်တွင် သူလိုအိန္ဒိယသား မွတ်စလင် တစ်ဦး ဘာကြောင့်လိုရမှာလဲဆိုပြီး ဦးရာရှစ်အားမကြခဏ ပစ်မှတ်ပြုခြင်းခံခဲ့ရသည်။ ဦးရာရှစ်၏အစ်ကိုဖြစ်သူ ဒေါက်တာ အမ်၊ အေ၊ ရအူးဖ်မှာ အိန္ဒိယ နိုင်ငံခြားရေး ဌာနတွင် သံအမတ်တစ်ဦးဖြစ်ခဲ့သည်။ ငါးဆယ်ပြည့်နှစ် စောစောပိုင်းကာလ များတုံးက ဗမာနိုင်ငံတွင် သူ့နိုင်ငံကို ကိုယ်စားပြုပြီးတာဝန်ထမ်းဆောင်သွားခဲ့သည်။ တစ်ကြိမ်တွင် ပြည်သူသို့ပင်ဦးနုက မိမိအနေဖြင့် ဤနိုင်ငံသားလည်းဖြစ်ပြီး နိုင်ငံကို အကျိုးပြုနေသူလည်းဖြစ်သည့် ဦးရာရှစ်ကို အိန္ဒိယသွေးပါသူ ဖြစ်၍ဆိုပြီး ဤတာဝန် ပေးမှု မှမဟန့်တားနိုင်ပါဟုဆိုပြီး ကြေငြာခဲ့သေးသည်။

{ Ferdinand Kuhn, “Commentary, in Nationalism and Progress in Free Asia, ed-Phillip W. Thayer { Baltimore, Johns Hopkins Press, 1956}, p – 247.

MOSHE YEGAR ၏ THE MUSLIMS OF BURMA ( A Study of A Minority Group) စာအုပ်မှ ကူးယူဖေါ်ပြပါသည်။


Continue Reading...

ဗိုလ်မှူးဘရှင် (၁၉၁၄ - ၁၉၇၀)

ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာန (ရုံးချုပ်)၊ စာတည်းအဖွဲ့ စုဆောင်း ပြုစုပြီး ရွှေဟင်္သာ စာအုပ်တိုက်မှ ၂၀ဝ၈ ဖေဖော်ဝါရီမှာ ပထမအကြိမ် ထုတ်ဝေ ဖြန့်ချိခဲ့တဲ့ 'နှစ်ဆယ်ရာစု မြန်မာ စာရေး ဆရာများနှင့် စာစုစာရင်း (စတုတ္ထတွဲ)' ကနေ "ဗိုလ်မှူးဘရှင် (၁၉၁၄ - ၁၉၇၀)" ရဲ့ အတ္ထုပ္ပတ္တိအကျဉ်းနဲ့ စာစုစာရင်းကို ပြန်လည် ကူးယူ ဖော်ပြတာ ဖြစ်ပါတယ်။


ဗိုလ်မှူးဘရှင် (၁၉၁၄ - ၁၉၇၀)

bomu_bashin.png
ဗိုလ်မှူးဘရှင် (၁၉၁၄ - ၁၉၇၀)
၁။ အမည်ရင်း - ဗိုလ်မှူးဘရှင်၊
၂။ မိဘအမည် - ကျောင်းအုပ်ဆရာကြီး ဦးဟိန်း + ဒေါ်စောရင်၊
၃။ မွေးသက္ကရာဇ် - ၁၉၁၄၊
၎။ မွေးဖွားရာဒေသ - ပျဉ်းမနားမြို့၊
၅။ ကလောင်အမည်ခွဲများ - စံအောင်၊ သုတေသီ၊ ဗိုလ်မှူးဉာဏ၊ တိုင်း(၄)ရဲဘော်ဟောင်း၊ ဦးဘရှင်၊ ဒု-ဗိုလ်မှူးကြီး ဘရှင်၊ မောင်ပင်တည်၊ ဝရီစံ၊ ကင်းထောက်မောင်။


ကိုယ်ရေးဖြစ်စဉ်

ဗိုလ်မှူးဘရှင်ကို ကျောင်းအုပ်ဆရာကြီး ဦးဟိန်း၊ ဒေါ်စောရင်တို့မှ ၁၉၁၄ ခုနှစ်တွင် ပျဉ်မနားမြို့၌ ဖွားမြင်ခဲ့သည်။

ဒုတိယ ကမ္ဘာစစ် မတိုင်ခင်တွင် ဝိဇ္ဇာတန်း၌ ကျောက်စာ၊ ပုဂံခေတ် သမိုင်း သုတေသန၊ အရှေ့တိုင်းရာဇဝင် (ရှေးဟောင်း)၊ ဥရောပ-ဗြိတိသျှ အင်ပါရာ စသည့် ဘာသာတွဲများကို သမိုင်း (ဂုဏ်ထူး) ဖြင့် အောင်မြင်ခဲ့သည်။ ခေတ်လယ် တရုတ်-မြန်မာ ဆက်ဆံရေးနှင့် တရုတ်-မြန်မာ ကျောက်စာ သမိုင်းတို့ကို သုတေသန ပြုလုပ်ခဲ့သည်။




ဒုတိယ ကမ္ဘာစစ်အတွင်း၌ အရှေ့အာရှ လူငယ်များ အစည်းအရုံးတွင် ဉာဏဗလ တာဝန်ခံဖြစ်ခဲ့ပြီ ဘီဒီအေခေတ်၌ ပညာရေး ဌာနတွင် သမိုင်းဘာသာရပ်ကို သင်ပြခဲ့သည်။ ဂျပန် တော်လှန်ရေး တိုင်း(၄) တွင် တာဝန် ထမ်းဆောင်ခဲ့သည်။ တပ်မတော်တွင် ၁၉၅၆ ခုနှစ်ထိ ဒုတိယဗိုလ်မှူးကြီး အဖြစ် တာဝန် ထမ်းဆောင်ခဲ့ပြီး ၁၉၅၇ ခုနှစ်တွင် မြန်မာနိုင်ငံ သမိုင်း ကော်မရှင်သို့ ကူးပြောင်း တာဝန် ထမ်းဆောင်ခဲ့သည်။


သမိုင်း ကော်မရှင်၌ ကျမ်းပြု အရာရှိ အဖြစ် ဆောင်ရွက်နေစဉ် သမိုင်းတံခွန် ဂျာနယ်တွင် အင်္ဂလိပ်-မြန်မာ နှစ်ဘာသာတို့ဖြင့် သုတေသန စာတမ်းများကို ရေးသားခဲ့သည်။


၁၉၆၂ ခုနှစ်၊ လောကထိပ်ပန် စာအုပ်ကို အင်္ဂလိပ်ဘာသာဖြင့် လည်းကောင်း၊ ပုဂံ ရှေးဟောင်းခေတ် မင်စာများ အကြောင်း ဖော်ပြသော ပုဂံမင်စာစု သုတေသနခရီး အစီရင်ခံစာ စာအုပ်ကို ရေးသားပြုစုခဲ့သည်။ မြန်မာ့ စွယ်စုံကျမ်း၌ လူမျိုးစု ဆိုင်ရာ၊ သမိုင်းဆိုင်ရာ အကြောင်း ရေးသားခဲ့သည်။


တက္ကသိုလ်၊ အုပ်ချုပ်ရေးရုံးမှ ထုတ်ဝေသော ပညာပဒေသာ စာစောင်၊ ဝိဇ္ဇာနှင့် သိပ္ပံ တက္ကသိုလ် မြန်မာစာ အသင်း၊ သတ္တဗေဒ အသင်း၊ မွတ်စလင် ကျောင်းသားများ အသင်း စသည်တို့မှ ထုတ်ဝေသော မဂ္ဂဇင်းများ၊ ငွေတာရီ၊ ပညာတန်ဆောင်၊ လုပ်သားပြည်သူ နေ့စဉ် (အင်္ဂလိပ်-မြန်မာ) သတင်းစာများတွင်လည်း သုတေသန ဆောင်းပါးများ ရေးသားခဲ့သည်။


၁၉၇၀ ပြည့်၊ ဇန်နဝါရီလ ၇ ရက်နေ့တွင် နှလုံးရောဂါဖြင့် ကွယ်လွန်ခဲ့သည်။ မကွယ်လွန်မီက "အနော်ရထာအရင်က မြန်မာနိုင်ငံ" စာအုပ်ကို နောက်ဆုံး ရေးသားခဲ့သည်။ ကွယ်လွန်ချိန်တွင် မြန်မာနိုင်ငံ သမိုင်း ကော်မရှင်၌ အစောပိုင်း မြန်မာနိုင်ငံ သမိုင်းကျမ်း ပြုစု ရေးသားနေဆဲ ဖြစ်သည်။


ဗိုလ်မှူးဘရှင်သည် သင့်ဘဝ၊ ငွေတာရီ၊ မြဝတီ၊ စစ်ပညာဂျာနယ်၊ ပညာပဒေသာ၊ ပညာလောက၊ ပညာတန်ဆောင် ယဉ်ကျေးမှု စာစောင်၊ ခေတ်ကြေးမြင် နှစ်လည် မဂ္ဂဇင်း၊ ရန်ကုန် တက္ကသိုလ် သတ္တဗေဒ နှစ်ပတ်လည် စာစောင်နှင့် အခြားသော မဂ္ဂဇင်းများတွင် ဆောင်းပါးများ ရေးသား ခဲ့ပါသည်။


ဗိုလ်မှူး ဘရှင် ရေးသား ပြုစုခဲ့သော စာအုပ်များ

၁။ အရှေ့အာရှစစ်ကြီးနှင့် သဘောတူညီမှု အကျိုးခံစားရေး စနစ် ၁၉၄၄

၂။ ဥရောပ စီးပွားရေး ရာဇဝင် (ပထမပိုင်း) ၁၉၄၅

၃။ မြန်မာနိုင်ငံတော်သမိုင်း ၁၉၅၆

၎။ ပြည်သူ့ရေးရာ (ပထမတွဲ) ၁၉၆၀

၅။ အစ္စလာမ်ဖြစ်စဉ်သမိုင်း ၁၉၆၀

၆။ လောကထိပ်ပန် (အင်္ဂလိပ်ဘာသာ) The Lokahteinpan ၁၉၆၂

၇။ ပုဂံမင်စာ သုတေသန လုပ်ငန်း၊ ပထမ၊ ဒုတိယ တတိယခရီးတို့၏ အစီရင်ခံစာ ၁၉၆၄

၈။ စစ်ရေး၊ နိုင်ငံရေးနှင့် လူမှုရေးဆိုင်ရာ သမိုင်းစာတမ်း ၁၉၆၈

၉။ အနော်ရထာ အရင်က မြန်မာနိုင်ငံ ၁၉၇၁
Continue Reading...
 

Myanmar Muslim Media (M.M.M) Copyright © 2009 WoodMag is Designed by Ipietoon for Free Blogger Template