အိဗ်နေဆီနာပြန်လာပြီ

facebot-ibn-sina-robotအစ္စလာမ့်ယဉ်ကျေးမှုများ တိုးတက်စည်ပင်ခဲ့သည့် ရွှေခေတ်ရဲ့ ၁၁၇ာစုတွင် ပေါ်ထွန်ခဲ့တဲ့စွယ်စုံ၇ မွတ်စလင်ပညာရှင်ကြီးတစ်ဦး၏ နာမည်ပါ။

ထိုပညာရှင်ကြီးကိုဂုဏ်ပြုတဲ့ အနေနဲ့ယူအေအီးနိုင်ငံ အလ်အိန်း တက္ကသိုလ်မှ တီထွင်ဖန်တီးလိုက်တဲ့ ကမ္ဘာ့ပထမဆုံးအာ၇ဗစ် စကားပြောစက်ရုပ်ရဲ့အမည်ကို အိဗ်နေဆီနာ လို့မှည့်ခေါ်ခဲ့ပါတယ်။
လူသားစွမ်ဆောင်ရည်အတိုင်း တုန်ပြန်လှုပ်ရှားတက်တဲ့ ယင်းစက်ရုပ်ကို အလ်အိန်းတက္ကသိုလ်၇ဲ့ ကွန်ပြူတာနည်းပညာ ပါမောက္ခ နီကိုလပ်စ်မာဘီဒစ် ဦးဆောင်တဲ့ တက္ကသိုလ် ကျောင်းသား၁၂ဦးမှ တီထွင်ခဲ့ခြင်းဖြစ်ပါတယ်။

၎င်းစက်ရုပ်ကို ယူအေအီးနိုင်ငံ ရှော့ပင်းမောလ်များတွင် အရောင်ူးဝန်ထမ်း၊ ဧည့်ကြို အဖြစ်တာဝန် ထမ်းဆောင်နိုင်တယ်လို့ ပါမောက္ခ ဖြစ်သူကဆိုပါတယ်။ စက်ရုပ်ရဲ့ထူးခြားချက်ကတော့ လူတွေရဲ့ မေးမြန်းတဲ့မေးခွန်းတွေကို သူစိတ်ကူးအတိုင်း မျက်နှာပြင်အမူအရာနဲ့ ပြန်ဖြေဆိုနိုင်ခြင်း
သတင်းအချက်အလက် ရှာဖွေနိုင်ဖို့ သူကိုယ်တိုင် အင်တာနက် ကွန်ရက်ချတ်ဆက်နိုင်ခြင်း၊ ဈေးဝယ်သူဝယ်လိုတဲ့ ပစ္စည်းကို စက်ရုပ်ရဲ့ မျက်ျနှာပြင်ဖန်သားပေါ်တွင် ပြသနိုင်ခြင်းတိုကို
လုပ်ဆောင်နိုင်တယ်လို့ သိရပါတယ်။ အိဗ်နေဆီနာစက်ရုပ်ကို အာရှအလယ်ပိုင်း ဥဇဘတ်ကစ္စတန်ရှိ ဘူခါရဟ်မြို့သား မွတ်စလင်ပညာရှင် အိဗ်နေဆီနာနဲ့ အသွင်တူအောင် ရွှေရောင်အနားကွတ်ပါ အဖြူေ၇ာင် ၀တ်စုံ ၊ခေါင်းပေါင်းနဲ့ ငွေရောင်မုတ်ဆိတ်တို့ နဲ့ဖန်တီးထားပါတယ်။ ယင်းစက်ရုပ်ကို ဒူဘိုင်းရှိ ကုမ္ပဏီကြီးများမှ ဈေးဝယ်စင်တာနဲ့ဧည့်ကြိုလုပ်ငန်းတွေမှာအသုံးပြု ဖို့ စိတ်ဝင်စားနေကြပါတယ်။
Previous
Next Post »