ပဲခူးတိုင်း ဖြူးမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ အလုပ်အမှုဆောင် ကော်မတီဝင်တဦးဖြစ်သည့် ဦးစိုးမြင့် (၆၆)နှစ်သည် ဇန်န၀ါရီလ (၁၁)ရက်နေ့က နှလုံးရောဂါနှင့် ကွယ်လွန်သွားခဲ့ကြောင်း သတင်းရရှိသည်။ အစ္စလာမ်ဘာသာဝင် တဦးဖြစ်သည့် ဦးစိုးမြင့်အား ဇန်န၀ါရီ (၁၂)ရက်နေ့က ဇေယျဝတီမြို့ မူဆလင်သုဿာန်တွင် ဖြူးမြို့နယ် အန်အယ်လ်ဒီအဖွဲ့ချုပ်က အခမ်းအနားဖြင့် မြေမြှုပ်သင်္ဂြီုလ်ခဲ့ကြောင်း သတင်းရရှိသည်။ ကွယ်လွန်ချိန်တွင် ဇနီး ဒေါ်သစ်သစ်နှင့်အတူ သားတယောက်၊ သမီးတယောက် ကျန်ရစ်သည်။ ကွယ်လွန်သူ ဦးစိုးမြင့်၏ ဇနီး ဒေါ်သစ်သစ်သည် အထက်တန်းပြဆရာမ တဦးဖြစ်ပြီး ညီမသည် စာရေးဆရာမ မေကြည်မောင်(ဖြူး)ဖြစ်ကြောင်းသိရသည်။
ဖြူးမြို့နယ် အန်အယ်လ်ဒီ အလုပ်အမှုဆောင် ဦးစိုးမြင့် (၆၆)နှစ် ကွယ်လွန်
Author: Mynamar Muslim
| Posted at: 1/13/2008 01:58:00 PM |
Filed Under:
Myanamar Muslim news
|
Subscribe to:
Post Comments (Atom)

0 comments:
Post a Comment