ဦးရာရှစ် - By MOSHE YEGAR

ဦးရာရှစ် - By MOSHE YEGAR

u_rashid_tkt.jpg
ဗမာနိုင်ငံတွင် ယခင်ကနေထိုင်သွားခဲ့သော အိန္ဒိယသား မိဘ နှစ်ပါးမှ ဦးရာရှစ်ကို ၁၉၁၂ ခုနှစ်က အိန္ဒိယ တွင် မွေးဖွား ခဲ့ပါသည်။ သူ၏အဖိုးက ၁၈၈၅ ခုနှစ်ကတည်းက မြန်မာနိုင်ငံတွင် နေထိုင် သွားခဲ့ သည်။ ၃ နှစ်သားကပင် ဦးရာရှစ်မှာ မြန်မာ နိုင်ငံသို့ ရောက်လာကာ မြန်မာနိုင်ငံသား ပြုခဲ့သည်။ ဗမာအမျိုး သားရေး လှုပ်ရှားမှု သခင်လှုပ်ရှားမှုကို ကနဦးအစကတည်းက ပါဝင်ခဲ့သည်။ အသက်သုံးဆယ် ပြည့်နှစ်ပိုင်းများ အတွင်းဝယ် သခင်အောင်ဆန်း၊ ဦးကျော်ငြိမ်း၊ ဦးဗဆွေ၊ ဦးနုတို့အပါအ၀င် အခြားသူများနှင့် ရန်ကုန် တက္ကသိုလ် ကျောင်းသားအသင်းအပင်းများတွင် ပါဝင် လှုပ်ရှားခဲ့သည်။ ၁၉၃၁ တွင် ရန်ကုန်တက္ကသိုလ် ကျောင်းသား သမ္မဂ္ဂ၏ အထွေထွေ အတွင်းရေးမှုးချုပ် ဖြစ်ခဲ့သည်။ မွတ်စလင်မ်ဖြစ်၍ တကြောင်း၊ အိန္ဒိယ သားဖြစ်၍ တစ် ကြောင်း၊ အများ၏ အမျိုးမျိုးအနှိမ်ခံမှုကို ခံခဲ့ရလင့် ကစား လည်း သူက တက်ကြွ မပျက် ပါဝင်လှုပ်ရှားခဲ့သည်။

တက္ကသိုလ်တွင်နေခဲ့သည့်နှစ်များ တလျောက်လုံးမှာလည်း ကုလားဆိုပြီး အနှိမ် ခံခဲ့ရသည်။ သူနှင့်ပတ်သက်ပြီး ခြေပုန်း ခတ်ချက်များကို ခံခဲ့ရသည်။ အစဉ်သဖြင့် ဦးနုအပေါ် သစ္စာ သွေမပျက်သူဖြစ်ကြောင်း သက်သေထူပြနိုင်ခဲ့ပြီး အဓိက .....



ခေါင်းဆောင် ကြီးများဖက်က လက်ခံမှုကိုပါ ရယူနိုင်ခဲ့သည် ဒုတိယကမ္ဘာစစ် ဖြစ်သည်တွင် မိဘများက အိန္ဒိယသို့ထွက်ပြေးခဲ့ရာ စစ်အပြီးတွင် ဗိုလ်ချုပ် အောင်ဆန်း က သူ့အားပြန်လာရန်ခေါ်ခဲ့သည်။ ဦးနုက သူအားကက်ဘိနက်တွင် ပါဝင်စေခဲ့သည်။ ၁၉၅၂ ခုနှစ်တွင် အိုးအိမ်နှင့် အလုပ်သမားဝန်ကြီး အဖြစ် လျာထားခြင်း ခံရပြီး ၁၉၅၄ ခုနှစ်တွင် သတ္ထုတွင်းဝန်ကြီး၊ ၁၉၆၀ ပြည့်တွင် စီးပွားရေးနှင့် စက်မှုဝန်ကြီး အဖြစ်နိုင်ငံတာဝန်များကို ထမ်းဆောင်ခဲ့ရာ ၁၉၆၂ ခုနှစ်၌ တော်လှန်ရေးကောင်စီ အစိုးရ ဗိုလ်ချုပ်နေ၀င်းက သူ့အား အရေးယူချိန် တိုင်အောင်ပင်ဖြစ်သည်။


ဖဆပလနှစ်ခြမ်းမကွဲခင် ၁၉၅၈ ခုနှစ်တွင် သူသည် TUCB ( Trade Union Council of Burma – ဗမာ့ကုန်သွယ်ရေး သမဂ္ဂကောင်စီ ) တွင် ဒု ဥက္ကဌ ဖြစ်ခဲ့သေးသည်။
ဦးနု၏ သံမဏိဆုံးဖြတ်ချက်နှင့် စဉ်ဆက်မပြတ်ထောက်ခံချက်အရ သူ့နေရာက မြဲခဲ့ သည်။ အိန္ဒိယသွေးပါသူ ဦးရာရှစ်အားနေရာပေးမှုအပေါ် သြဇာအကြီးဆုံး အသိုင်း အ၀ိုင်းက အပြင်းအထန်ဖိအားပေးလင့် ကစား သူ၏မဆုတ်မနစ် ခေါင်းမာ မှုကြောင့် အရာမကျခဲ့ပေ။ ဦးနုက (အတိုက်အခံများနှင့် ရန်ရှင်းသွားအောင်) သူ့နာမည်အား ဦးရန်ရှင်းဟု ပြောင်းရန်တိုက်တွန်းခဲ့ရာ အမာခံမွတ်စလင်မ်ဖြစ်သူ ဦးရာရှစ်က လက်မခံပဲပယ်ချခဲ့ပြီး ၊ သူ့နာမည်ရှေ့တွင် “ဦး”ကိုသာတပ်ခဲ့သည်။ ဤနာမည် ပြောင်းရေး ကိစ္စ အပါအ၀င် မွတ်စလင်လူ့အစုအဝေး၏ ဘ၀နှင့်ပတ်သက်ရာ အခြားသော ကိစ္စများတွင် …..........သဘောထားကွဲလွဲမှုများရှိခဲ့သည်။

Maung Maung, 'M.A.Rashid,'' Guardian Monthly. III, {Dec, 1956},27-34;Tinker,
ညွှန်းခဲ့ပြီး၊နှာ-၆၊ ၆၅၊ ၈၂၊ ၃၉၆)

ဗုဒ္ဓဘာသာဝင်ပြည်သူများဖက်မှ ဗမာ့ကက်ဘိနက်တွင် သူလိုအိန္ဒိယသား မွတ်စလင် တစ်ဦး ဘာကြောင့်လိုရမှာလဲဆိုပြီး ဦးရာရှစ်အားမကြခဏ ပစ်မှတ်ပြုခြင်းခံခဲ့ရသည်။ ဦးရာရှစ်၏အစ်ကိုဖြစ်သူ ဒေါက်တာ အမ်၊ အေ၊ ရအူးဖ်မှာ အိန္ဒိယ နိုင်ငံခြားရေး ဌာနတွင် သံအမတ်တစ်ဦးဖြစ်ခဲ့သည်။ ငါးဆယ်ပြည့်နှစ် စောစောပိုင်းကာလ များတုံးက ဗမာနိုင်ငံတွင် သူ့နိုင်ငံကို ကိုယ်စားပြုပြီးတာဝန်ထမ်းဆောင်သွားခဲ့သည်။ တစ်ကြိမ်တွင် ပြည်သူသို့ပင်ဦးနုက မိမိအနေဖြင့် ဤနိုင်ငံသားလည်းဖြစ်ပြီး နိုင်ငံကို အကျိုးပြုနေသူလည်းဖြစ်သည့် ဦးရာရှစ်ကို အိန္ဒိယသွေးပါသူ ဖြစ်၍ဆိုပြီး ဤတာဝန် ပေးမှု မှမဟန့်တားနိုင်ပါဟုဆိုပြီး ကြေငြာခဲ့သေးသည်။

{ Ferdinand Kuhn, “Commentary, in Nationalism and Progress in Free Asia, ed-Phillip W. Thayer { Baltimore, Johns Hopkins Press, 1956}, p – 247.

MOSHE YEGAR ၏ THE MUSLIMS OF BURMA ( A Study of A Minority Group) စာအုပ်မှ ကူးယူဖေါ်ပြပါသည်။


Previous
Next Post »