ရခိုင်ပြည်နယ်အတွင်း အပြစ်မဲ့ရွာသားများ ထောင်ဒဏ်ချမှတ်ခံရ

ရခိုင်ပြည်နယ်ရှိ တရားရုံးအာဏာပိုင်များက အပြစ်မဲ့ရွာသားများကို အမှုဆင်၍ယခုလ ၂၄ ရက် နေ့တွင် မတရား ထောင်ဒဏ်များချမှတ်ခဲ့သည်။
မောင်းတောမြို့နယ်၊ သင်္ဘောကွဲရွာမှ ရွာသား(၁၂)ဦးကို ဗလီနှင့် အစ္စလာမ်ဘာသာရေး အခမ်း အနားပြုလုပ်သည့်နေရာ ပြင်ဆင်မွမ်းမံသည့်အတွက် ယခုကဲ့သို့ မောင်းတောမြို့နယ် တရားရုံး က ထောင်ဒဏ် (၇)နှစ် ချမှတ်ခဲ့ခြင်း ဖြစ်သည်။
ထောင်ဒဏ်ကျခံရသူများမှာ သင်္ဘောကွဲရွာမှ အသက် (၄၀)အရွယ် ဟာရှင်အူလက်၊ မိုဟာမက် ရိုဖစ်၊ ဆယဒ်ယူလက်။ အသက် (၅၀)အရွယ် လက်တစ်ဖ်မစ်ထရီ၊ နျူရာမိုဟာမက်၊ နျာအစ္စလမ်၊ ရာဟာမက် အူလက်(၃၀ နှစ်)နှင့် အခြား(၅)ဦးတို့ ဖြစ်ကြပြီး ကျေးရွာဥက္ကဌဖြစ်သူ ခိုဘာအာမက်(၅၀ နှစ်) သည် နစကနှင့် ရဲတပ်ဖွဲ့တို့၏ ဖမ်းဆီးခံမှုကို တိမ်းရှောင်နေရကာ ဝရမ်းပြေးဖြစ်နေ သည်ဟု ရွာသားတဦးကပြောသည်။

နစက (၈)သို့ မကြာခင်က အသစ်ပြောင်းရွေ့လာသော တပ်မှူးသည် ဗလီနှင့် အစ်ဒ်နေ့ အခမ်း အနားလုပ်သည့် အဆောက်အဦးပြန်လည်ပြုပြင်သည့်နေရာကို “နစက အင်အား(၁၀) ယောက် လောက်ရှိတယ်။ သူတို့ရောက်လာပြီး ဒီမှာ ဗလီကိုပြင်နေတဲ့ ရွာသား(၁၂)ယောက်ကို ဖေဖော်ဝါရီ ၁၀ ရက်နေ့က နစက စခန်းကိုခေါ်သွားတာလေ၊ အရင်က (နစက) တပ်မှူးဟောင်း ဗိုလ်မှူးက ထုတ်ပေးထားတဲ့ ခွင့်ပြုမိန့်နဲ့ စာရွက်စာတမ်း အထောက်အထားတွေကို ပြတာ လည်း လက်မခံဘူး။ အဖမ်းခံရတဲ့ သူတွေကိုတော့ နစကစခန်းမှာ (၁၀)ရက်လောက် ချုပ်ထား ပြီးမှ မောင်းတော ရဲစခန်းကို ပို့လိုက်တာ” ဟု အဖမ်းခံရသူတဦး၏ အစ်ကိုက ပြောသည်။
ရခိုင်ပြည်နယ်တွင် အာဏာပိုင်တို့က ရိုဟင်ဂျာအသိုင်းအ၀ိုင်းတွင် ဘာသာရေးကျောင်းများနှင့် အိမ်များကို ပြင်ဆင်ဆောက်လုပ်ခွင့်ကို မပေးသည့်အပြင်ဒေသခံများကို ရခိုင်ပြည်နယ်အတွင်း မနေနိုင်အောင် နည်းမျိုးစုံဖြင့် လုပ်ဆောင်နေခြင်းဖြစ်သည်။

0 comments:

 

Myanmar Muslim Media (M.M.M) Copyright © 2009 WoodMag is Designed by Ipietoon for Free Blogger Template