တောင်ပြိုမြို့သစ်(နတလ) ကျေးရွာသားများနှင့် ဒေသခံပြည်သူတို့ခိုက်ရန်ဖြစ်ပွား (နှစ်ဘက် လူ၂၀ ခန့်ဒါဏ်ရာရ)

မောင်တောခရိုင်၊ တောင်ပြိုမြို့သစ်တွင် ပြောင်းရွှေ့နေရာချထားသော (နထလ)ကျေးရွာသားများနှင့် ဒေသခံ မွတ်စလင်များ ခိုက်ရန်ဖြစ်ပွားပြီး နှစ်ဘက် လူအမြောက်အများ ဒါဏ်ရာ အနာတရရှိမှုများ ရှိခဲ့ကြောင်း နယ်စပ်သတင်းရပ်ကွက်မှ သိရှိရသည်။
ဒီဇင်ဘာ(၂၀)ရက်နေ့ မွန်းလွဲ(၂)နာရီခန့်က ခိုက်ရန်ဖြစ်ပွားမှုစတင်ခဲ့ပြီး (နတလ)ကျေးရွာသားများက ဒေသခံ မွတ်စလင်မ်များ၏ အိမ်မွေးတိရိစ္ဆာန်များကို ခိုးယူစားသောက်မှုကြောင့် ဒေသခံများမှ (နတလ)ကျေးရွာသားများကို လာရောက်ပြောဆိုရာမှ မွတ်စလင်အမျိုးသား(၄၀)ကျော်ခန့်နှင့် (နတလ)ရွာသားများတို့ ခိုက်ရန်ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
အခင်းဖြစ်ပွားမှုနှင့် ပတ်သက်ပြီး ဒီဇင်ဘာ(၂၁)ရက်နေ့တွင် ဘူးသီးတောင်အခြေစိုက် ဗျူဟာမှူး လာရောက် စစ်ဆေးနေကြောင်း သတင်းရရှိသည်။ အပြစ်ပေး အရေးယူမှု ရှိ မရှိ ကိုမူ ဆက်လက်စုံစမ်းလျက်ရှိသည်။ (ဂစ္ဆပသတင်း)

Previous
Next Post »