sundaytimenews ဗြိတိန်မွတ်စလင်များသည် အကြမ်းဖက်သမားများ သဖွယ်မျက်စိဒေါက်ထောက် စောင့်ကြည့် ခံနေရ သော်လည်း ဥရောပတခွင်ရှိ နိုင်ငံများအားလုံးထက် နိုင်ငံ ချစ်စိတ်မြင့်မား မှုတွင်ဗြိတိန်မွတ်စလင်များ အများဆုံးဖြစ်ကြောင်း ဘီလီယံနာ ဂျောဂ်ျဆိုးရောစ် တည်ထောင်ထားသည့် Open Society Institute မှ သုသေသနပြု လေ့လာတွေ့ရှိသည်။ ယင်းလေ့လာမှုကို မွတ်စလင်အများစုနေထိုင်ရာ ဥရောပမြို့ ကြီ်း ၁၁မြို့ရှိ နေရာပေါင်း၁၁ခုတွင် လူပေါင်း၂၂၀၀ကို လေ့လာသုသေသနပြု ခဲ့ခြင်ဖြစ်သည်။ လေ့လာတွေ့ရှိချက်အရ ဗြိတိန်တွင် ၇၈%၊ ပြင်သစ်တွင် ၄၉%၊ ဂျာမနီတွင်၂၃% အသီးသီးတို့သည် ၄င်းတို့ နေထိုင်ရာ နိုင်ငံအပေါ် ချစ်မြတ်နိုး ကြသူများဖြစ်ကြပြီး ဒုတိယ မျိုးဆက်သစ် မွတ်စလင်မ် ... | |
သုသေသသနပြုလေ့လာရေးစီမံကိန်ဒါရိုက်တာ နာဇီယာဟူစိန်မှ“ ဗြိတိန်မွတ်စလင်တွေ ရဲ့ခံယူချက်နဲ့ ဗြိတိန်လူ့အဖွဲ့စည်းရဲ့ ရှုမြင်ချက်နှစ်ခု ကွာခြားနေတာကို ဒီလေ့လာမှုကနေ တွေ့မြင်နိုင်ပါတယ်ဟုဆိုသည်။
၂၀၀၇ခုနှစ်တွင်လည်း Financial Time သတင်းစာမှလည်း စစ်တမ်း ကောက်ယူခဲ့ရာ ဗြိတိန် မွတ်စလင် များသည် သံသယအ၀င် ခံရဆုံးသာ သူများဖြစ်သည်ဟုတွေ့ရှိရသည်။
ဗြိတိန်နိုင်ငံလန်ဒန်မြို့မြေအောက်ရထားဘူတာရုံးများဗုံးခွဲတိုက်ခိုက်ခံရပြီးနောက်ပိုင်းတွင် အကြမ်း ဖက်တိုက် ဖျက်ရေး ဥပဒေကြောင့် မွတ်စလင်များမှာ ဘေးကျပ် နံကျပ် အဖြစ်သို့ရောက်ခဲ့ရသည်။
Sign up here with your email