အမျိုးသားနှင့်အမျိုးသမီး အတူတက်နိုင်မည့် ပထမဆုံးတက္ကသိုလ်တစ်ခု ဆော်ဒီတွင်ဖွင့်လှစ်


ဆော်ဒီအာရေဗျက ကမ္ဘာ့ အဆင့်နည်းပညာသုတေသန နယ် ပယ်တွင် တစ်ရှိန်ထိုး ထိုးဖောက်နိုင် ရေးနှင့် အမျိုးသမီးများ အခွင့်အရေး အတွက် အဟန့်အတားဖြစ်နေ သောဘာသာရေး အတားအဆီးများ ကို ဖယ်ရှားထားသည့် အဆင့်မြင့် သိပ္ပံနည်းပညာ တက္ကသိုလ်သစ် တစ်ခု ကို စက်တင်ဘာလ ၂၃ ရက်နေ့ တွင် ဖွင့်လှစ်ခဲ့သည်။

ဒေါ်လာ ၁ ဒသမ ၅ ဘီလျံ ကုန်ကျခံတည်ဆောက်ထားသော ယင်းတက္ကသိုလ်တွင် ကမ္ဘာ့အမြန် ဆုံးစူပါကွန်ပျူတာများထဲမှတစ်လုံး ကို တပ်ဆင်ထားပြီးနောက်ဆုံး ပေါ် နည်းပညာကိရိယာများတပ် ဆင်ထားသည်။ ဘုရင်အဗ္ဗဒူလာ သိပ္ပံနှင့် နည်းပညာတက္ကသိုလ် (King Abdullah University for Science of and Technlogy (KAUST)) တွင် အမျိုးသမီးနှင့် အမျိုးသားအတူတကွ ပညာသင် ကြားနိုင်သော ပထမဆုံးပညာရေး အ၀န်းအ၀ိုင်းတစ်ခုဖြစ် လာမည်ဖြစ် သည်။ ရေနံကိုမှီခိုနေရသော ဆော်ဒီ အာရေဗျနိုင်ငံကို ခေတ်မီပြုပြင် ပြောင်းလဲရေးအတွက် ဘုရင်အဗ္ဗ ဒူလာ၏ ကြိုးပမ်းမှုမှတ်ကျောက် တစ်ခုလည်းဖြစ်သည်။

ဂျီဒါမြို့ မြောက်ဘက်မိုင် ၅၀ အကွာ ပင်လယ်နီကမ်းရိုးတန်းတစ် လျောက်တွင် တည်ဆောက်ထား သော ယင်းတက္ကသိုလ်ကို နှစ်နှစ် အတွင်းအပြီး တည်ဆောက်ခဲ့ခြင်းဖြစ် သည်။ တက္ကသိုလ်အမှုထမ်းများ အတွက် ထိပ်တန်းပါမောက္ခများကို စုစည်းထားပြီး နိုင်ငံပေါင်း ၆၀ ကျော်မှ ပါမောက္ခ ၇၀ ခန့်နှင့် သုတေသန ကျောင်းသား ၈၀၀ ခန့်ကို စုစည်းထားပြီးဖြစ်သည်။

သင်တန်းအားလုံးကို အင်္ဂလိပ်ဘာသာဖြင့်သာ သင်ကြားမည် ဖြစ်ပြီး တက္ကသိုလ်ကွန်ပျူတာ စနစ်တွင် ကမ္ဘာ့အမြန်ဆုံး စူပါ ကွန်ပျူတာများတွင် အဆင့် ၁၄ ရရှိထားသော ကွန်ပျူတာကို တပ် ဆင်ထားသည်။

ယခုလတွင် ဖွင့်လှစ်မည့် သင်တန်းများအတွက်ကျောင်းသား ၈၁၇ ဦး စာရင်းပေးသွင်းထားပြီး ကျန်သင်တန်းများကို ၂၀၁၀ ပြည့် နှစ်တွင်စတင်ဖွင့်လှစ်မည်ဖြစ်သည်။ တက္ကသိုလ်၏ ဘဏ္ဍာရေး တောင့်တင်းမှုကြောင့် စရိတ်အားလုံးကို တက္ကသိုလ်ကကျခံမည်ဖြစ်သည်။

30-9-09 ထုတ် Weekly-11 -Vol.4 No-5 Pg-17 မှ ကူးယူဖော်ပြချက်ဖြစ်ပါသည်။

No comments:

Post a Comment