နအဖလုပ်ရပ်ကို ၀ိုင်းဝန်းဆန့်ကျင်ကြရန်ဘာသာကြီး (၄) ရပ်မှ ပူးတွဲထုတ်ပြန်

နအဖက ၎င်းတို့ ရေးဆွဲသည့် ဖွဲ့စည်းပုံ အခြေခံဥပဒေအား လာမည့်မေလတွင် ပြည်သူ့ဆန္ဒ ခံယူပွဲပြုလုပ်ပြီး ၂၀၁၀ ပြည့်နှစ်တွင် ရွေးကောက်ပွဲ ပြုလုပ်မည့်အပေါ် ပြည်သူလူထုက ၀ိုင်းဝန်းဆန့်ကျင် တိုက်ဖျက်ကြရန် အရေးတကြီး လိုအပ်နေကြောင်း ဘာသာကြီး (၄) ရပ်မှ ပူးတွဲ၍ ယမန်နေ့က ကြေညာချက် ထုတ်ပြန်သည်။

သာသနာ့ ဥသျှောင်အဖွဲ့ (ထိုင်းနိုင်ငံ)၏ အထွေထွေအတွင်းရေးမှူး ဘဒ္ဒန္တဃောသိတက “နအဖရဲ့ကြေညာချက်ဟာ ပြည်သူလူထု တရပ်လုံးနှင့်တကွ နောင်လာနောက်သားတွေ စစ် ဖိနပ်အောက်မှာ တောက်လျှောက် စစ်ကျွန်ဖြစ်ရမယ့်ကိစ္စဖြစ်တယ်။ ဒါကြောင့်မို့ ဒီဖွဲ့စည်းပုံ အခြေခံဥပဒေ အတည်မဖြစ်ရေးအတွက် ဖွဲ့စည်းပုံနဲ့ ပတ်သက်ပြီး လုပ်မယ့် လူထုဆန္ဒခံယူပွဲ ပျက်ပြယ်သွားအောင် ၀ိုင်းဝန်းတိုက်ဖျက်ကြဖို့ ပြည်သူလူထုတရပ်လုံးကို တပ်လှန့် တိုက်တွန်း ရခြင်းဖြစ်တယ်”ဟု မိန့်ကြားသည်ဗုဒ္ဓဘာသာ၊ အစ္စလမ်ဘာသာ၊ ခရစ်ယာန်ဘာသာ၊ ဟိန္ဒူဘာသာ အစရှိသည့် ဘာသာကြီးများ မှလည်း မြန်မာစစ်အုပ်စု၏ ဖိနှိပ်မှုကြောင့် လွတ်လပ်စွာ ကိုးကွယ်ယုံကြည်ခွင့်များ ဆုံးရှုံးနေရပြီး စစ်အစိုးရ၏ သွေးခွဲမှုများကြောင့် ဖြစ်ပေါ်နေသည့် ဘာသာဝင်များအကြား စိတ်ဝမ်းကွဲမှုများကို သတိထားပြီး နအဖ၏ လုပ်ရပ်များအား ၀ိုင်းတိုက်ဖျက်ကြရန် ယခုကဲ့သို့ ပူးတွဲလုပ်ဆောင်ရခြင်း ဖြစ်ကြောင်း ၎င်းက ဆက်လက်မိန့်ကြားသည်။

မြန်မာနိုင်ငံလုံးဆိုင်ရာ မွတ်စလင်အစည်းအရုံး ဥက္ကဋ္ဌ ဦးတင်မောင်သက်က “နိုင်ငံရေးအကျပ် အတည်းရှိတိုင်း အာဏာရှင်တွေဟာ ဘာသာရေး အဓိကရုဏ်းတွေ ဖန်တီးပြီး အမြတ်ထုတ်ခဲ့တာ ခေတ်အဆက်ဆက်ပဲ။ အဲ့ဒါကြောင့်မို့ ဘာသာဝင် အသီးသီးတွေအနေနဲ့ အဖြစ်မှန်ကိုသိရှိဖို့ရယ်၊ လက်ရှိမြန်မာပြည်အခြေအနေကို ပြည်တွင်းပြည်ပကသိရှိပြီး စာနာနားလည်မှု ရရှိဖို့အတွက် ကြေညာချက် ထုတ်ပြန်ရတာ ဖြစ်တယ်။ နောက်ပြီး ရာသက်ပန် စစ်ကျွန်မဖြစ်ရအောင် ဘာသာကြီး (၄) ခုအပါအ၀င် ဘာသာပေါင်းစုံရဲ့ စုစည်းညီညွတ်မှုကို အခြေခံပြီး အတူတကွ လက်တွဲ ဆောင်ရွက်ဖို့ဖြစ်တယ်” ဟု ပြောသည်။

ဘာသာကြီး (၄) ရပ် စုပေါင်း ထုတ်ပြန်သည့် ကြေညာချက်တွင် မိမိတို့သည် ဘာသာရေးကို လက်ကိုင်ပြုကာ အကြမ်းမဖက် ငြိမ်းချမ်းသော နည်းလမ်းဖြင့် နအဖကို တော်လှန်ကြရ မည်ဖြစ်ကြောင်း၊ မိမိတို့ အမျိုးသာသာအတွက် ရဲရဲဝံ့ဝံ့ ကာကွယ် စောင့်ရှောက်ကြရမည် ဖြစ်ကြောင်း တိုက်တွန်းဖော်ပြထားသည်။ ။


Continue Reading...

Did you know

*Did you know that non-Jewish Israelis cannot buy or lease land in the Zionist entity?
* Did you know that Palestinian license plates in Zionist entity are color coded to distinguish Jews from non-Jews?
* Did you know that Israel allots 85% of the water resources for Jews and the remaining 15% is divided among all Palestinians in the territories? For example in Hebron, 85% of the water is given to about 400 settlers, while 15% must be divided among Hebron's 120,000 Palestinians?
* Did you know the United States awards the Israel $5 billion in aid each year?
* Did you know that yearly US aid to Israel exceeds the aid the US grants to the whole African continent?
* Did you know that the Israel is the only country in the Middle East that has nuclear weapons? * Did you know that the Israel is the only country in the Middle East that refuses to sign the nuclear non-proliferation treaty and bars international inspections from its sites?
* Did you know that Israel currently occupies territories of two sovereign nations (Lebanon and Syria) in defiance of United Nations Security Council resolutions?
* Did you know that Israel has for decades routinely sent assassins into other countries to kill its political enemies?
* Did you know that high-ranking military officers in the Israeli Defense Forces have admitted publicly that unarmed prisoners of war were executed by the IDF?
* Did you know that Israel refuses to prosecute its soldiers who have acknowledged executing prisoners of war?
* Did you know that Israel routinely confiscates bank accounts, businesses, and land and refuses to pay compensation to those who suffer the confiscation?
* Did you know that Israel blew up an American diplomatic facility in Egypt and attacked a U.S. ship in international waters, killing 33 and wounding 177 American sailors?
* Did you know that the second most powerful lobby in the United States, according to a recent Fortune magazine survey of Washington insiders, is the Jewish AIPAC?
* Did you know that Israel stands in defiance of 69 United Nations Security Council Resolutions? * Did you know that today's Israel sits on the former sites of more than 400 now-vanished Palestinian villages, and that the Israeli's re- named almost every physical site in the country to cover up the traces?
* Did you know that it was not until 1988 that Israelis were barred from running "Jews Only" job ads?
* Did you know that four prime ministers of Israel (Begin, Shamir, Rabin, and Sharon) have taken part in either bomb attacks on civilians, massacres of civilians, or forced expulsions of civilians from their villages?
* Did you know that the Israeli Foreign Ministry pays two American public relations firms to promote Israel to Americans?
* Did you know that Sharon's coalition government includes a party -- Molodet -- which advocates expelling all Palestinians from the occupied territories?
* Did you know that Israel's settlement-building increased in the eight years since Oslo?
* Did you know that settlement building under Barrack doubled compared to settlement building under Netanyahu?
* Did you know that Israel once dedicated a postage stamp to a man who attacked a civilian bus and killed several people?
* Did you know that recently-declassified documents indicate that David Ben-Gurion in at least some instances approved of the expulsion of Palestinians in 1948?
* Did you know that despite a ban on torture by Israel's High Court of Justice, torture has continued by Shin Bet interrogators on Palestinian prisoners?
* Did you know that Palestinian refugees make up the largest portion of the refugee population in the world?
*** And finally do you know who is the terrorist now?
PS: This is a collection.
Continue Reading...

ဆန္ဒခံယူပွဲနဲ့ ရွေးကောက်ပွဲကျင်းပရေး ကြေညာချက်က ကုလသမဂ္ဂ ကြားဝင် ကြိုးပမ်းချက်ကို ပစ်ပယ်သလိုဖြစ်၊

မြန်မာ့အသံကနေ ဒီနေ့ညမှာ မြန်မာနိုင်ငံရဲ့ လမ်းပြမြေပုံ အဆင့် (၇) ဆင့်ရဲ့ (၄) ဆင့်မြောက်ဖြစ်တဲ့ ဖွဲ့စည်းပုံဆန္ဒခံယူပွဲကို အခုနှစ် မေလအတွင်းမှာ ပြုလုပ်မယ်လို့ ကြေညာသွားတာတွေ့ရပါတယ်။

မြန်မာစစ်အစိုးရရဲ့ အတွင်းရေးမှူး (၁) ဒုတိယဗိုလ်ချုပ်ကြီး သီဟသူရ တင်အောင်မြင့်ဦးရဲ့ လက်မှတ်နဲ့ ဒီနေ့ ထုတ်ပြန်ကြေညာချက်နှစ်ခု ထုတ်ပါတယ်။ တစ်ခုကတော့ ၁။၂၀၀၈ ပါ။ ဒီကြေညာချက်ထဲမှာတော့ ဒီနှစ် ၂၀၀၈ ခုနှစ် မေလထဲမှာ မြန်မာနိုင်ငံမှာ ပြည်လုံးကျွတ် ဆန္ဒခံယူပွဲကြီး ကျင်းပသွားမယ် ဆိုတဲ့အကြောင်းကို ပြောသွားပါတယ်။ နောက်တစ်ခုကတော့ ၂။၂၀၀၈ ကြေညာချက် ဖြစ်ပါတယ်။ ဒီကြေညာချက်ထဲမှာတော့ ၂၀၁၀ ခုနှစ်မှာဆိုရင်တဲ့ ပါတီစုံ အထွေထွေ ဒီမိုကရေစီ ရွေးကောက်ပွဲကြီးကို ကျင်းပပေးသွားမယ် ဖြစ်ကြောင်းပါ။

လူထုဆန္ဒခံယူပွဲနဲ့ ရွေးကောက်ပွဲ ကျင်းပမယ်လို့ မြန်မာစစ်အစိုးရဖက်က ကြေညာလိုက်တာဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံမှုတွေရေးကို ပစ်ပယ်လိုက်သလို ဖြစ်နေတယ်ဆိုပြီး မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားသူတွေက ဝေဖန် ပြောဆိုပါတယ်။ ဒါ့အပြင် ကုလသမဂ္ဂရဲ့ မြန်မာ့အရေး ကြားဝင် ဆောင်ရွက်ချက်တွေကိုပါ လက်မခံနိုင်ဘဲ ကိုယ့်သဘောနဲ့ကိုယ် ဆက်ပြီး လုပ်ဆောင်သွားမယ်လို့ စစ်အစိုးရဖက်က အတည်ပြု ကြေညာလိုက်တဲ့ သဘောမျိုး ဖြစ်နေတယ်ဆိုပြီးတော့လည်း ပြောဆိုကြပါတယ်။

မြန်မာနိုင်ငံမှာ အသစ်ရေးဆွဲနေတဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို အတည်ပြုနိုင်ရေးအတွက် လာမယ့် မေလမှာ နိုင်ငံတ၀ှမ်းလုံး လူထုဆန္ဒခံယူပွဲ ကျင်းပမယ်လို့ မြန်မာစစ်အစိုးရက ကြေညာပါတယ်။ အဲန်အယ်လ်ဒီ ပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်းက လူထုဆန္ဒခံယူပွဲရဲ့ ရလဒ်ကို မသိဘဲနဲ့ ရွေးကောက်ပွဲကျင်းပမယ့်အချိန်ကို ကြေညာတာဟာ သိပ်ကို စောနေသေးတယ်လို့ ပြောဆိုပါတယ်။ ဒီကြေညာချက်နဲ့ ပတ်သက်လို့ အံသြမိတယ်လို့လည်း ပြောပါတယ်။

“ကျနော်တို့ ဒီကြေညာချက်ကို ကြည့်လိုက်တဲ့အခါကျတော့ ဆန္ဒခံယူပွဲနဲ့ ပတ်သက်ပြီးတော့ အထူးအရေးကြီးတဲ့ ဘယ်နေ့ ကျင်းပမယ် ဆိုတာရယ်၊ ဘယ်နည်းစနစ်တွေနဲ့ ကျင်းပမယ် ဆိုတာရယ်၊ ပြီးတော့ ဒီဥစ္စာဟာ ပြည်သူတွေ ဆန္ဒအမှန် ဖော်ထုတ်နိုင်တဲ့ နည်းလမ်းတွေ ကျင့်သုံးမှာလား ဆိုတာတွေ အဲဒါကို ကျနော်တို့ တစ်ခုမှ မတွေ့ရဘူး။ ဒါက နံပါတ် (၁) အချက်။ နံပါတ် (၂) အချက် ကျနော် လောလောဆယ် တွေ့တာက ၂၀၁၀ ခုနှစ်မှာ ပါတီစုံ အထွေထွေ ရွေးကောက်ပွဲ ကျင်းပမယ်။ အဲဒီ ကျင်းပမယ်ဆိုတာ အခု ၂၀၀၈ ခုနှစ် မေလမှာ ကျင်းပမယ်ဆိုတဲ့ ဆန္ဒခံယူပွဲရဲ့ ရလဒ်ပေါ်မှာ သွားမှာလို့ပဲ ကျနော် နားလည်တယ်။ အဲတော့ ၂၀၀၈ ခုနှစ် မေလမှာ ကျင်းပမယ့် ဆန္ဒခံယူပွဲရဲ့ ရလဒ်၊ အဖြေက တစ်ခုတည်းမဟုတ်ဘူး။ နှစ်ခုရှိရမယ်လေ။ ဟုတ်လား၊ ကျနော်တို့ အောင်မြင်တယ်၊ မအောင်မြင်ဘူး။ အောင်မြင်လို့ရှိရင် ၂၀၁၀ ခုနှစ်မှာ ပါတီစုံ အထွေထွေ ရွေးကောက်ပွဲ ကျင်းပလို့ရမယ်။ မအောင်မြင်ရင် ဘာဆက်လုပ်ကြမလဲ။ အဲဒီတော့ မသိသေးတဲ့ အဖြေပေါ်မှာ အခုလို ကြေညာတာ ကျနော်တို့ အထူးပဲ အံ့သြနေပါတယ်။”

မြန်မာနိုင်ငံမှာ အမျိုးသား ပြန်လည်သင့်မြတ်ရေးနဲ့ တွေ့ဆုံဆွေးနွေးရေးအတွက် ကြားဝင် ဆောင်ရွက်နိုင်ဖို့ ကုလသမဂ္ဂ အတွင်းရေးမှုးချုပ်ရဲ့ အထူးအကြံပေး မစ္စတာ အီဘရာဟင် ဂမ်ဘာရီ မြန်မာနိုင်ငံကို သွားရောက်ဖို့ ကြိုးစားနေပါတယ်။ ဒီလို ကြိုးစားနေတဲ့ အချိန်မှာပဲ စစ်အစိုးရဖက်က လူထုဆန္ဒခံယူပွဲ ကျင်းပမယ်လို့ ကြေညာလိုက်တာ ဖြစ်ပါတယ်။

လူထုဆန္ဒခံယူပွဲကို လာမယ့် မေလမှာ ကျင်းပပြီးတဲ့အခါ မြန်မာနိုင်ငံမှာ လာမယ့် သက္ကရာဇ် ၂၀၁၀ ခုနှစ်ကျရင် ပါတီစုံ ရွေးကောက်ပွဲ ကျင်းပမယ်လို့ စစ်အစိုးရက ကြေညာပါတယ်။ ဒီလို ရွေးကောက်ပွဲ ကျင်းပမယ်လို့ စစ်အစိုးရက ကြေညာခဲ့ပေမယ့် ၁၉၉၀ ခုနှစ်က အဲန်အယ်လ်ဒီ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အနိုင်ရခဲ့တဲ့ ရွေးကောက်ပွဲ ရလဒ်ကိုတော့ စစ်အစိုးရဖက် အသိအမှတ်ပြုဖို့ ငြင်းဆန်နေဆဲ ဖြစ်ပါတယ်။


Continue Reading...

ရိုဟင်ဂျာများကို ဖမ်းဆီးပြီး အဆမတန် ငွေတောင်းယူနေ

ရခိုင်ပြည်နယ်၊ နစက (၅)မှ အာဏာပိုင်များက ရိုဟင်ဂျာများကို အကြောင်းအမျိုးမျိုးပြ အမှုဆင်ဖမ်းဆီးပြီး ငွေကြေးများ တောင်းယူလျှက်ရှိသည်။
၂၀၀၈ ခု နှစ်ဆန်းကတည်းက နစကယာယီအချုပ်ခန်းတွင် ရိုဟင်ဂျာ ၈၀ ကျော်ကို ဖမ်းဆီး ထားပြီး ငွေကြေးတောင်းယူနေခြင်းဖြစ်သည်။
ယခုလ (၄) ရက်နေ့တွင် အောက်ဖြိုးမရွာမှ ဖာယစ်ဇူ အစ္စလာမ်(၄၀ နှစ်)နှင့် မအဒူအစ္စလာမ် (၃၅ နှစ်) တို့ကို ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ တရားမဝင် ဖုန်းကိုင်ဆောင်မှုဖြင့် အမှုဆင်ရုံးတင်ရန် ဖမ်းထားပြီး ဆွေမျိုးများက စုဆောင်းရရှိသည့်ငွေ ကျပ်သိန်း ၄၀ ပေးပြီးနောက် ဖေဖေါ်ဝါရီလ(၅) ရက်နေ့တွင် ပြန်လွှတ်ပေးခဲ့သည်ဟု အဖမ်းခံရသူ မအဒူအစ္စလမ်က ဆိုသည်။
“အချုပ်ခန်းဟာ ကြပ်ညှပ်နေအောင်ကို ကျဉ်းမြောင်းတယ်။ ထပြီးသွားရင် ပြန်ထိုင်ရဖို့တောင် အလွန်ခက်တယ်၊ အာဏာပိုင်တွေက ငွေကို တောင်းတယ်။ သူတို့တောင်းတဲ့အတိုင်း တတ်နိုင် တဲ့သူတွေကို လွှတ်ပေးပြီး မပေးနိုင်တဲ့သူတွေကို အချုပ်ခန်းကျဉ်းကျဉ်းလေးထဲမှာပဲ ဆက်ဖမ်း ထားတယ်”ဟု သူမက ဆက်ပြောသည်။
နစကအာဏာပိုင်များက ရဲအချုပ်ခန်းကို ပြောင်းမပေးဘဲ အမှုဆင်ရုံးတင်စစ်ဆေးသည့် အခါမှ သာ ပြောင်းပေးသည်ဟု ငခူရကျေးရွာမှ ရွာသားတဦးက ဆိုသည်။
ယခုလက်ရှိ ကကွပ်ပဂေါင်ရွာမှ အာရွတ်(၄၅ နှစ်)နှင့် လွတ်မန်း(၄၀နှစ်)တို့ကို နယ်စပ်ဖြတ်ကျော် ၍ လူကုန်ကူးမှုနှင့် သံသယရှိသည်ဟုဆိုကာ ဖမ်းဆီးထားပြီး နစက(၅)တပ်မှူး ဗိုလ်မှူးကြည်လှိုင် က ကျပ် ၆ သိန်းပေးလျှင် လွှတ်ပေးမည်ဟုဆိုကြောင်း ကာယကံရှင်၏ အကိုဖြစ်သူက ပြောသည်။
နစက (၅) တွင် တာဝန်ကျနေသည့် တပ်မှူး ဗိုလ်မှူးကြည်လှိုင်သည် လာဘ်ပေးလာဘ်ယူမှုတွင် နာမည်ကြီးလျှက်ရှိကြောင်း ၎င်းနစကအရာရှိများနှင့် နီးစပ်သည့်အသိုင်းဝိုင်းက ပြောသည်။
ရိုးမ-၃ မှကူးယူဖေါ်ပြသည်။
Continue Reading...

ISLAM: The Fastest Growing Religion In The World

Continue Reading...

ရခိုင်ပြည်နယ်အတွင်းက အစ္စလာမ်ဘာသာဝင်တွေရဲ့ အခက်အခဲ


အမှန်ကဒီအဖြစ်ပျက်တွေဟာ တနိုင်ငံလုံးမှာဖြစ်ပွားနေတာဖြစ်ပြီး ရခိုင်ပြည်နယ်မှာတော့ အဆိုးဆုံးဖြစ်နေတာပါ။ မြန်မာမွတ်စလင်မ်များအနေဖြင့် မိမိတို့၏ နိုင်ငံသားအခွင့်အရေးအတွက်၊ တိုင်းရင်းသားအခွင့်အရေးအတွက် မည်သို့တိုက်ပွဲဝင် ဆောင်ရွက်သွားကြမည်ကို နည်းလမ်းများ၊ အကြံဥာဏ်များ မြန်မာမွတ်လင်မ်သို့ပေးပို့ကြပါရန်။




Continue Reading...
 

Myanmar Muslim Media (M.M.M) Copyright © 2009 WoodMag is Designed by Ipietoon for Free Blogger Template