လက်ရှိတွေ့ဆုံပွဲကို ဒေါ်အောင်ဆန်းစုကြည် မကျေနပ်

ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ်မှ ဥက္ကဌ ဥိးအောင်ရွှေ၊ အတွင်းရေးမှုးဦးလွင်၊ ဗဟိုအလုပ်မှုဆောင်များဖြစ်ကြသော ဦးညွန့်ဝေ၊ဦးသန်းထွန်း၊ဦးလှဖေ၊ဥိးလွန်းတင်၊ဥိးစိုးမြင့်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ် ပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်း တို့ကိုမနေက စစ်အစိုးရဧည့်ဂေဟာမှာ ၁နာရီနှင့်၁၀မိနစ်ခန့်တွေ့ဆုံခွင့်ရခဲ့တယ်လို့သိရပါတယ်။ အဲဒီလိုမတွေ့ဆုံခင်မှာ ဒေါ်အောင်ဆန်းစုကြည်နှင့် ဆက်ဆံရေးဝန်ကြိးဦးအောင်ကြည်တို့ မိနစ်၃၀ခန့်တစ်ကြိမ်၊ ဗဟိုအလုပ်အမှုဆောင်များနှင့်တွေဆုံအပြီး ၄၅ မိနစ်ခန့်တစ်ကြိမ် နှစ်ကြိမ်တွေဆုံခဲ့ ကြောင်း စစ်အစိုးရသတင်းစာများမှာ ဖော်ပြထားပါတယ်။
လတ်တလောပြုလုပ်နေသည့် နအဖ ဆက်ဆံရေးကိုယ်စားလှယ်နှင့် တွေ့ဆုံမှုများတွင် အချိန်သတ်မှတ်ချက် မရှိသဖြင့် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်ဆောင်ဆန်းစုကြည်က ကျေနပ်မှုမရှိကြောင်း အန်အယ်လ်ဒီပါတီ ပြောရေးဆိုခွင့်ရှိသူ ဦဉာဏ်ဝင်းက ပြောဆိုလိုက်သည်။

ယနေ့နေ့လယ်ပိုင်းက အန်အယ်လ်ဒီပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံခဲ့အပြီး အန်အယ်လ်ဒီ ဌာနချုပ်၌ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ဦးဉာဏ်ဝင်းက သတင်းထောက်များအား ပြောဆိုခြင်း ဖြစ်သည်။
အန်အယ်လ်ဒီပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ကို စစ်အစိုးရက ယနေ့တွေ့ဆုံခွင့် ပြုခဲ့သော် လည်း ၎င်းတွေ့ဆုံပွဲတွင် ဒုဥက္ကဌ ဦးတင်ဦး တက်ရောက်ခွင့် မရခဲ့ပေ။
ဗဟိုအလုပ်မှုဆောင်အဖွဲ့နှင့်တွေ့ဆုံစဉ် ဒေါ်အောင်ဆန်းစုကြည်က အကောင်းဆုံးအခြေအနေတရပ်ကို မျှော်လင့်ထားရန်နှင့် အဆိုးဆုံးကိုလည်း ရင်ဆိုင်နိုင်အောင်ပြင်ဆင်ထားရန် မှာကြားသည်ဟု ယနေ့ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ ဦးဉာဏ်ဝင်းက ထည့်သွင်းပြောဆိုသည်။
လတ်တလောတွေ့ဆုံမှုများတွင် တိုင်းရင်းသားအင်အားစုများလည်းပါဝင်သင့်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောဆို သည်ဟုလည်း ဦးဉာဏ်ဝင်းက သတင်းစာဆရာများအား ပြောသည်။
ဗဟိုအလုပ်မှုဆောင်တွေနဲ့ ဆွေးနွေးပွဲအပြီးမှာ သက်ဆိုင်ရာ အာဏာပိုင်တွေဝင်လာပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆက်ဆံရေးဝန်ကြီး ဦးအောင်ကြည်တို့ ဆက်လက်ဆွေးနွေးကြမဲ့အစီအစဉ်ကိုလာရောက် အကြောင်းကြားတယ်လို့ ဦးဥာဏ်ဝင်းကပြောပါတယ်။
လွန်ခဲ့သည့်နှစ် နိုဝင်ဘာလ ၉ ရက်နေ့ကလည်း အန်အယ်လ်ဒီ ခေါင်းဆောင်များနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံ ခဲ့ကြပြီး ယခုလ ၁၁ ရက်နေ့က စစ်အစိုးရ၏ ဆက်ဆံရေးဝန်ကြီး ဦးအောင်ကြည်နှင့် တွေ့ဆုံခဲ့သည်။
၂၀၀၇ ခုနှစ် စက်တင်ဘာ ၂၉ ရက်က မြန်မာနိုင်ငံသို့ လာရောက်ခဲ့သည့် ခရီးစဉ်အတွင်း ကုလသမဂ္ဂအထွေထွေ အတွင်း ရေးမှူးချုပ်၏အထူးကိုယ်စားလှယ် မစ္စတာ အီဗရာဟင် ဂန်ဘာရီ၏အကြံပြုချက်အရ နောင်တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် လုပ်ငန်းများ ဆက်သွယ်လုပ်ဆောင်ရန် ယင်း ဆက်ဆံရေးဝန်ကြီး ဦးအောင်ကြည်ကို ခန့်အပ်ခြင်းဖြစ်သည်ဟု စစ်အစိုးရက ဆိုသည်။
ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၀၃ ခုနှစ် မေလတွင်ဖြစ်ပွားခဲ့သော ဒီပဲယင်း အကြမ်းဖက်တိုက်ခိုက်မှုအပြီးမှစ၍ နေအိမ် အကျယ်ချုပ်ဖြင့် ထိန်းသိမ်းခံနေရသည်မှာ ၄ နှစ် ပြည့်ပြီးဖြစ်သည်။ ၁၉၈၉ ခုနှစ်မှစ၍ နေအိမ်အကျယ်ချုပ် ဘ၀ဖြင့် နေရချိန် စုစုပေါင်းမှာ ၁၂ နှစ်ရှိပြီ ဖြစ်သည်။


Continue Reading...

အင်ဒိုနီးရှား သမ္မတဟောင်း ဆူဟာတို ကွယ်လွန်ပြီ

အင်ဒိုနီးရှားနိုင်ငံရဲ့ သမ္မဟောင်း ဆူဟာတို တယောက်ကွယ်လွန်သွားပါပြီ။ ဂျကာတာဆေးရုံကြီးမှာ ရက်သတ္တပတ်သုံးပတ်ကျော် ရောဂါမျိုးစုံရဲ့ ဒဏ်ကို အသည်းအသန်ခံစားနေရာကနေ တနင်္ဂနွေ ကွယ်လွန်သွားခဲ့တယ်။ မစ္စတာ ဆူဟာတို ကွယ်လွန်သွားကြောင်း တနင်္ဂနွေနေ့က ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ လက်ရှိသမ္မတSusilo Bambang Yudhoyonoသတင်းထောက်တွေကို အခုလို ကြေညာခဲ့ပါတယ်။
“ အင်ဒိုနီးရှားနိုင်ငံကိုယ်စား၊ ပြည်သူလူထုကိုယ်စားနဲ့ အုပ်ချုပ်သူအစိုးရနဲ့ အဖွဲ့ရဲ့ ကိုယ်စားတွင်မက မစ္စတာ ယူဟိုယိုနိုကိုယ်တိုင် အင်ဒိုနီးရှားနိုင်ငံရဲ့ ခေါင်းဆောင် ဟောင်း ဆူဟာတိုကွယ်လွန်သွားတာကို ၀မ်းနည်း ကြေကွဲရပါတယ်”လို့ အင်ဒိုနီးရှားဘာသာနဲ့ ပြောသွားတာပါ။

မစ္စတာဆူဟာတိုရဲ့ သမီးဖြစ်သူ Siti Hadijanti Rukmana ကလည်း ၀မ်းနည်းပန်းနည်းနဲ့ မစ္စတာ ဆူဟာတို အသက်ထင်ရှားရှိခဲ့စဉ်အတွင်း အမှားအယွင်းတွေ လုပ်ခဲ့တာရှိရင် ခွင့်လွှတ်ကြဖို့ မိသားစုက တောင်းပန်တဲ့အပြင် သူ့ဖခင်ရဲ့ အမှားတွေအားလုံးအတွက် ကျေအေးခွင့်လွှတ် ကြဖို့ကိုလည်း အင်ဒိုနီးရှားဘာသာနဲ့ ပြန်ကြားသွားတာပါ။

ပြီးခဲ့တဲ့ ဆယ်စုနှစ်အတွင်း မစ္စတာ ဆူဟာတိုနဲ့ သူ့မိသားစုတို့ဟာ မစ္စတာ ဆူဟာတို အင်ဒိုနီးရှား နိုင်ငံကို အုပ်ချုပ်ခဲ့တဲ့ (၃၂)နှစ်တာ ကာလအတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ အဂတိ လိုက်စားမှုတွေအတွက် တရားဝင်စစ်ဆေးမှုတွေကို ခံနေရပါတယ်။ ဒီစွတ်စွဲမှုတွေ အားလုံးအတွက် အမြဲတမ်းပဲ မိသားစုတွေက ငြင်းဆိုပါတယ်။

မစ္စတာ ဆူဟာတိုဟာ ထောင်သောင်းချီတဲ့ အင်ဒိုနီးရှားလူထုကို ဖမ်းဆီးထောင်ချတာ၊ သတ်ဖြတ်တာ တွေအပြင် အမေရိကန် ဒေါ်လာ (၃၅) ဘီလီယံ အလွဲသုံးစားလုပ်ခဲ့တယ်လို့ စွတ်စွဲလည်း ခံခဲ့ရပါတယ်။ ၁၉၉၈ခုနှစ် အာရှဒေသ စီးပွားရေး ပြဿနာဖြစ်နေတဲ့အချိန်အတွင်း လူထုဆန္ဒပြမှုတွေနဲ့ သူ့ကို နုတ်ထွက် ပေးဖို့ တောင်းဆိုမှုတွေကြောင့် မစ္စတာ ဆူဟာတို ရာထူးကနေ နုတ်ထွက်ပေးပြီးကတည်းက ဆယ်နှစ်တာ ကာလအတွင်း သမ္မဟောင်းဆူဟာတိုဟာ ဂျကတာ မြို့လည်ကောင်မှာ တသီးတခြားနေထိုင်ခဲ့ရပါတယ်။ ဒါပေမဲ့ အင်ဒိုနီးရှားနိုင်ငံကို တိုးတက် ဖွံ့ဖြိုးအောင်လုပ်ဆောင်ခဲ့သူ စီးပွားရေး ခိုင်မာအောင်လုပ်ဆောင်ခဲ့သူအဖြစ်နဲ့ သာမက နိုင်ငံတည်ငြိမ်အောင် ဆောင်ရွက်ခဲ့သူ အဖြစ် အင်ဒိုနီးရှားနိုင်ငံသားအများစုက သူ့ကို အမှတ်ရနေခဲ့ကြမှာပါ။

ဂျကတာမြို့က ခေါက်ဆွဲရောင်းတဲ့ တိုမိုရိုတိုကတော့ မစ္စတာ ဆူဟာတိုတစ်ယောက် ဆေးရုံမှာ ကာလတာရှည်စွာ ရောဂါ ဖိဆီးတဲ့ ဒဏ်ခံနေရတယ်ဆိုတာကြားရတာမို့ စိတ်မကောင်း ဖြစ်ခဲ့ရတဲ့အတွက် အခုလို ဝေဒနာ မခံစားရတော့ပဲ ဆုံးပြီလို့ သိရလို့ တမျိုးဝမ်းသာပါတယ်လို့ ပြောပါတယ်။

“မစ္စတာ ဆူဟာတို သမ္မတဖြစ်နေစဉ် ကာလအတွင်း လူထု စီးပွားရေးပြေပြေလည်လည် ဖြစ်လာ ကြတယ်။ အငှားဆိုင်ကယ်မောင်းသူတွေ၊ ဆင်းရဲ့တဲ့ လူတွေအားလုံး ပျော်ရွှင်ခဲ့ရတယ်”လို့ အင်ဒိုနီးရှားဘာသာနဲ့ ပြောခဲ့ပါတယ်။

သြစတေးလျနိုင်ငံ (Queensland) တက္ကသိုလ်က မစ္စတာ ဆူဟာတို အထ္တပ္ပတိရေးသားတဲ့ နာမည်ကျော် စာရေးဆရာ ပါမောက္ခ ရောဘတ် အလ်ဆင်ကတော့ ဆူဟာတို ကွယ်လွန်ခဲ့တာအတွက် အင်ဒိုနီးရှားနိုင်ငံသားအများစုက နှမြောတသနေကြလိမ့်မယ်လို့ သူထင်ကြောင်းအခုလို ပြောပါတယ်။

“ဆူဟာတိုဟာ ယေဘူယျကြည့်ရင်တော့ အတော်အသင့် ကျော်ကြားတဲ့သူပါ။ ဒါပေမဲ့ သူက သမ္မတအဖြစ်ကနေ နုတ်ထွက်ပြီးခဲ့တဲ့နောက်မှာ နိုင်ငံ ဖရိုဖရဲဖြစ်လာတာမို့ သူအုပ်ချုပ်တဲ့ ကာလများကလို တည်တည်ငြိမ်ငြိမ်ရှိခဲ့တဲ့ နိုင်ငံမျိုးလို ပြန်ပြီး ဖြစ်လာချင်တဲ့ ဆန္ဒဟာ ပြည်သူတွေကြားမှာ တိုးလာတာကို တွေ့ရပါတယ်။ ဒါကြောင့် သူနုတ်ထွက်ပြီးမှပဲ လူထုကြားမှာ သူက ပိုပြီး ရေပန်းစားလာတာပါ။”

မစ္စတာ ဆူဟာတို မကွယ်လွန်ခင် ရက်ပိုင်း အတွင်း သူ့ရဲ့ ကိုယ်တွင်းအင်္ဂါအစိတ်အပိုင်းတွေ ကောင်းကောင်းအလုပ်မလုပ်ဘဲ သွေးအဆိပ်တက်မှုတွေရှိရာကနေ ကုသမှုတွေ ရှိနေတဲ့ဆရာဝန် အံ့သြလောက်အောင် နလံထူလာတာမို့ အိမ်ပြန် နိုင်တော့မယ်လို့ ထင်ထားနေရာကနေ အခုလို တနင်္ဂနွေနေ့ မနက်ပိုင်းမှာ ကိုယ်တွင်းအင်္ဂါအစိတ်အပိုင်းတွေ ကောင်းကောင်းအလုပ်မလုပ်တော့ဘဲ သတိလစ်မေ့မျှောရာကနေ ကွယ်လွန်ခဲ့တာပါ။ သမ္မတဟောင်းဆူဟာတိုဟာ ကွယ်လွန်ချိန်မှာ အသက်(၈၆)နှစ်ရှိပြီဖြစ်ပါတယ်။

Continue Reading...

A Leader of Men


1-9-2007 တွင် IRRAWADDY တွင်ဖော်ပြသော ဆောင်းပါးရှင် Yeni ၏ဆောင်းပါးကို ကူးယူဖော်ပြခြင်းဖြစ်ပါသည်။
''The Muslim schoolteacher who joined Burma’s martyrs''
Being a Muslim in a country where 87 percent of the population is Buddhist, and where the military government regularly practices ultra-nationalism and uses religion as a political tool, means joining the underprivileged at the bottom of the pile


Muslims in Burma regularly suffer social and religious discrimination. Burmese Buddhists commonly call them, Kala, a derogatory term for South Asians and also used insultingly to describe westerners.
While some consider the term abusive and degrading, there’s general acceptance that it takes on a sense of honor, respect and lovingkindness when it’s used in the form Kalagyi (Big Kala), to describe independence hero Abdul Razak.

U Razak rose from the position of headmaster of Mandalay Central National High School to become minister of education and national planning in Burma’s pre-independence government. His career was brought to a brutal end at the age of 49, when he was gunned down by assassins on July 19, 1947, together with independence leader Gen Aung San and seven other cabinet members and colleagues. The nine murdered leaders are commemorated annually on the country’s Martyr’s Day.
Mandalay, where U Razak taught, is a center of Burmese Buddhist faith and culture. Yet U Razak, of ethnic Indian-Burmese origin, was fully accepted by the community.
His former students remember him with affection, retaining a picture of their former headmaster dressed in a white shirt, black jacket and green sarong, holding a cheroot in one hand and a cane in the other. A new book published in July titled U Razak of Burma: A Teacher, a Leader, a Martyr, collects some of their reminiscences.
“Whenever we saw Sayagyi (headmaster), he always smiled back at us. Even when he was holding a cane to punish the students for their misdeeds, one could not see any hint of anger on his face but only a grin on his lips,” retired air force Lt-Col Tin Aung wrote in a school memoir.
U Razak was the child of an Indian father, Sheik Abdul Rahman, a police inspector, and a Burmese Buddhist woman Nyein Hla. While his brothers and sisters chose to be Buddhists, he maintained the Muslim name Razak, in honor of his father. Although nominally Muslim, U Razak was a secularist who deeply loved Burma and encouraged unity in diversity.
As a bachelor of arts student at Rangoon University, the staunchly nationalist U Razak took part in the 1920 demonstrations against the British colonial education system. He demonstratively switched to a BA course with the alternative Council of National Education, established by Burmese nationalists. He graduated with the council’s BA degree, and carried the academic title with pride.
In 1921, U Razak founded the Central National High School in Mandalay and became headmaster in 1922. Envious rivals referred to his school as Nay-jin-dai School—nay-jin-dai describes an undisciplined place where people come and go as they please.
Undeterred, U Razak built his school into one of the two leading academic establishments in Mandalay. It produced an impressive number of national and local leaders, civil and military leaders, diplomats, scientists, sportsmen and women, artists, writers and journalists.
Although a Muslim, the young U Razak won high respect for his proficiency in Buddhist studies and the Pali language. He frequently visited Shwe Kyaung, Mandalay’s “golden monastery,” to study Buddhism and Pali, demonstrating his personal belief that young people need to respect and learn their religion for its moral values and national culture.
U Razak’s school routine ensured that all Buddhists students attended their prayers and religious lessons. The newly emerging national education system frequently ran short of funding and often could not pay staff salaries. But he won great trust among his teachers and the parents of his students with his school program of reinvigorating Burmese studies and promoting Burmese culture, patriotism and nationalism.
U Razak also encouraged his pupils to participate fully in sports. He employed a former Indian boxing champion to train his students, some of whom went on to represent Burma at the Olympic Games.
His approach to sport was to develop character. A retired colonel, Khin Nyo, recalls U Razak telling him: “You yourself were a boxer. Your real character showed up not when you were winning but at the moment when you started to lose. And if you were of lower moral character, you would start using elbows and head, which were forbidden. For the sports on which you do not have to spend much money, such a revelation of one’s true character is common among ordinary people.”
But U Razak didn’t spare the sporting elite, telling the former army officer: “When it comes to expensive sports like golf, the so-called gentlemen, such as top British Indian Civil Servants (ICS), top British commercial and other senior government executives and Burmese ICS take up, they think of themselves as having an impeccable character…But the moment their scoreboards indicate that they are losing, they start to show their true colors by resorting to unscrupulous measures.”
Khin Nyo defined U Razak’s true qualities as selflessness and self-sacrifice. The ex-colonel had cause to test them personally when U Razak was detained, along with other Burmese nationalists, by Japanese occupation forces during World War II.
Gen Aung San ordered Khin Nyo to organize a rescue plan. Khin Nyo gained access to U Razak in jail and briefed him on the plan.
U Razak rejected the plan because it did not include his jailed comrades. “If you rescued me alone and if I followed you, I would be regarded as a selfish person and a traitor by the group,” he reportedly told Khin Nyo. “My name would be tarnished. As it is, my conscience cannot accept this arrangement.”
Khin Nyo later wrote: “[His face] showed clearly that he wasn’t trying to be heroic nor was he thinking of his honor. It was just pure selflessness and the nobility of spirit on his part. It was then that I got a glimpse of his true character.”
The decision nearly cost U Razak his life when allied bombs hit Mandalay and fire swept through the prison. U Razak was rescued by his students.
After the Japanese surrender, U Razak became a leader of the Anti-Fascist People’s Freedom League in Mandalay. When the governor of Burma, Sir Hubert Rance, asked Gen Aung San and his AFPFL to submit names for the executive council, U Razak was proposed for inclusion in the cabinet as representative of Upper Burma by all Mandalay-based communities led by Buddhist monks.
A major achievement during his very short term as minister of education and national planning was to start the process of establishing a future Mandalay university.
U Razak also won wide recognition for organizing Burma’s Muslims under the AFPFL flag, in preparation for the approaching struggle for independence.
He was elected chairman of the Burma Muslim Congress at a time when the example of Pakistan was being advanced in support of pressure for the establishment of a separate state for Burmese Muslims. U Razak rejected the idea and urged the Muslim community in Burma to be a strong and respected community without hindering national development.
The standards of leadership and ethical conduct embodied by U Razak are often cited as examples for Burma’s new post-independence generation. As one of his pupils, Dr Nyi Nyi, a former deputy minister of education and minister of mines, put it in a recent tribute: “Sayagyi was a leader of men with a vision for the future. He foresaw what would be needed in a newly independent country and started preparing its young people for it.” Type rest of the post here
Continue Reading...

အထည်ဟောင်းကို ဆေးသားအသစ်တင်လို့ ၀တ်ဆင်ကြည့်တဲ့ နအဖ

အောက်ဖော်ပြပါ ဆောင်းပါးကို drlunswe.blogspost.com မှကူးယူဖော်ပြခြင်းဖြစ်ပါတယ်။ အချက်လက်များမှာ ဆောင်းပါးရှင် အောင်ဇင်မင်း၏ အာဘော်သာဖြစ်ပါတယ်။

ဗုံးပေါက်တယ် … ဗုံးပေါက်တယ် ဆိုပြီး မြန်မာပြည်မှာ ဖြစ်နေတာကြာပါပြီ။ အဲဒီလို ဗုံးပေါက်တိုင်းလည်း “KNU, ABSDF, ပြည်ပအဖွဲ့အစည်းများ၊ အနောက်နိုင်ငံကြီးတစ်နိုင်ငံ …” စသဖြင့် အမည်တွေ အမျိုးမျိုးတပ်ပြီး နအဖက စွပ်စွဲလေ့ ရှိပါတယ်။ အဲဒီလို စွပ်စွဲတိုင်းလည်း ဒီဘက်က အဖွဲ့အစည်း အသီးသီးက ဂုဏ်သိက္ခာရှိရှိနဲ့ ပြန် လည်ဖြေရှင်း တုန့်ပြန်နိုင်တာကို တွေ့ရှိရပါတယ်။ ဒီဘက်အဖွဲ့အစည်းတွေက အဲဒီဗုံးတွေ မဖောက်ခွဲတဲ့ အကြောင်းကိုပါ။ ဒါပေမယ့် ဖြေရှင်းစရာ မလိုတော့လောက်အောင်ကို လယ်ပြင်မှာ ဆင်သွားသလို ထင်ရှားနေတာပါ။
ဒါဟာ ဘယ်သူ့လက်ချက်လဲ …
နအဖရဲ့ လက်ချက်ပါပဲ
နအဖရဲ့ ပိရိသေသပ်တဲ့ ယုတ်မာမှု တခုပါ
နအဖရဲ့ လှပတဲ့ ရက်စက်ရိုင်းစိုင်းမှု တခုပါ
ဒါပေမယ့် ပညာတတ် လူတန်းစားတွေ အပေါ်မှာတော့ နအဖရဲ့ မပီပြင်လှတဲ့ လှည့်စားမှုတခုလို့ ဆိုလိုက်ပါရစေ …။

ဘာ့ကြောင့် ဒီလိုပြောနိုင်တာလဲ။နအဖဟာ လိုင်စင်ရနေတဲ့ လူသတ်သမားပီပီ သူ့အတွက် နိုင်ငံရေး၊ စစ်ရေး အခက်အခဲတွေ၊ အကြပ်အတည်းတွေနဲ့ ကြုံတွေ့ရတိုင်း ဒီလိုမျိုး ယုတ်မာရိုင်းစိုင်းတဲ့ လှည့်ကွက်တွေနဲ့ ထွက်ပေါက် ရှာလေ့ရှိပါတယ်။ ထင်ထင်ရှားရှား သာဓကတခုအနေနဲ့ ၁၉၉၇ ခုနှစ် မတ်လပိုင်းမှာ မန္တလေးမြို့၌ မဟာမုနိဘုရားကြီး ဆင်းတုတော်ရဲ့ ဌာပနာကို တိုင်းမှူးက ဖောက်ပါတယ်။ အဲဒီမှာပဲ ဗုဒ္ဓဘာသာဝင် ရဟန်းသံဃာတော်တွေနဲ့ ပြည်သူလူထုက သိသွားတော့ ပေါက်ကွဲလုလု အခြေအနေ ရောက်ရှိသွားပါတယ်။ အဲဒီမှာပဲ “မူဆလင်သူဌေး တယောက်က မြန်မာ မိန်းမပျိုလေး တယောက်ကို မုဒိန်းကျင့်သတဲ့ …” ဆိုတဲ့ သတင်းဟာ တောမီးလိုတမြို့လုံး ရောက်ရှိ ပျံ့နှံ့တော့တာပါပဲ။ မူဆလင်သူဌေးဆိုသူက ဘယ်သူမှန်းလည်း မသိ။ ဘယ်နေရာကမှန်းလည်း မသိပါဘူး။
ဒါပေမယ့် ကမ္ဘာပေါ်က လူမျိုးတိုင်းမှာ “အမျိုး၊ ဘာသာ၊ သာသနာ” ဆိုတဲ့ ခံယူချက်က ရှိကြတယ် မဟုတ်လား။ ကျနော်တို့ ဗမာလူမျိုးတွေလည်း ဘာကိုမှ စူးစမ်းမနေတော့ဘဲ မူဆလင်ဗလီတွေကို ဖျက်၊ မူဆလင်အိမ်တွေကို ဖျက်၊ လူတွေကို ရိုက်၊ မူဆလင်တွေကလည်း ဗမာတွေကို ပြန်ရိုက်နဲ့ ငရဲပွက်တော့တာပါပဲ။အဲဒီဖြစ်စဉ်ရဲ့ အဓိကတရားခံက နအဖ၊ အဲဒီတုန်းက န၀တ လက်ချက်ပါ။ သူတို့ရဲ့ ဘာသာတရားအပေါ်မှာ ကျူးလွန်တဲ့ ဒုစရိုက်ကို လူမျိုးရေး၊ ဘာသာရေး၊ အဓိကရုန်းနဲ့ ဖြေရှင်းလိုက်တာပါ။ အဲဒီတုန်းကတော့ လူတွေက အခုလောက် အသိဥာဏ် မရှိကြသေးချိန်။ “ဘာသာတရား”ကို အလွဲအမှား မှိုင်းတိုက်တဲ့အချိန်မှာ အလွယ်တကူ လောင်မြိုက် သွေးဆူလွယ်တဲ့ သဘာဝက ရှိချိန်ဆိုတော့ နအဖ အစီအစဉ် အောင်မြင်သွားခဲ့ပါတယ်။ တကယ်တော့ မန္တလေး အိုးဘိုထောင်ထဲက အကျဉ်းသား နှစ်ကြီးသမားတွေခေါ်ပြီး ဘုန်းကြီးတွေလို ပုံစံလုပ်ပြီး ဗလီတွေ ဖျက်ခိုင်းခဲ့တာပါ။ ဘာ့ကြောင့် သိသလဲဆိုတော့ မန္တလေးထောင်ထဲမှာ လူရိုက်မှုနဲ့ ထောင်ကျဖူးတဲ့ ကျနော့်မိတ်ဆွေ မူဆလင်တယောက်က ပြောပြခဲ့ဖူးလို့ပါ၊ အဲဒီဖြစ်စဉ်တုန်းက သူဝတ်ပြုတဲ့ ဗလီကို ကာကွယ်ဖို့ရှိနေတုန်း တုတ်တချောင်းနဲ့ ဘုန်းကြီးတပါး တက်လာတာကို တွေ့လိုက်ရပါတယ်။ အဲဒီဘုန်းကြီးကို ကြည့်လိုက်တော့ ထောင်ထဲမှာ ဆုံဖူးတဲ့ လူသတ်မှုနဲ့ ထောင်ကျနေတဲ့ နှစ်ကြီးသမား ထောင်ကျတဦး ဖြစ်နေတာကို သူသိလိုက်ပါတယ်။ ဒါနဲ့ သူလည်း မသင်္ကာဖြစ်ပြီး အဲဒီဘုန်းကြီးကို မိရင် အဖြစ်မှန် ပေါ်မှာပဲဆိုပြီး အပေါ်ကနေ ဆီးရိုက်တာ ကံကောင်းချင်တော့ လွတ်သွားခဲ့ပါတယ်။ ဒါပေမယ့် သူသိလိုက်တာက အဲဒီလူဟာ ဘယ်နည်းနဲ့မှ လွတ်ချိန် မရောက်သေးဘူး ဆိုတာရယ်၊ သူလိုမျိုး ဘုန်းကြီးအတုတွေ အများကြီးလွှတ်ပြီး ဒီလိုအဓိကရုန်းမျိုး ဖြစ်လာအောင် လုပ်တယ်ဆိုတာကိုပါပဲ။
အဲဒီဖြစ်စဉ်တခုလုံးမှာ မန္တလေးမြို့က သံဃာအစစ်တွေ လုံးဝမပါဝင်တဲ့ အကြောင်းလည်း အဲဒီမူဆလင်မိတ်ဆွေက ပြောပြသွားခဲ့ပါတယ်။စက်တင်ဘာ အရေးတော်ပုံကြီး ဖြစ်ခါစတုန်းကလည်း “မြောက်ဥက္ကလာမှာရှိတဲ့ မူဆလင်းဗလီကို ဘုန်းကြီးတွေ ၀င်ဖျက်နေပြီ …” ဆိုပြီး နအဖက ၀ါဒဖြန့်ချိခဲ့ပါသေးတယ်။ ဒါပေမယ့် အခုအချိန်ဟာ ၁၉၉၇ ခုနှစ် မဟုတ်တော့ဘူးဆိုတာ နအဖ သိသွားခဲ့ပါတယ်။ လူမျိုးပေါင်းစုံ ဘာသာပေါင်းစုံပါဝင်တဲ့ “ရွှေဝါရောင်တော်လှန် ရေးကြီး”ကို ရုပ်ပိုင်းဆိုင်ရာ စော်ကားမှု ရက်စက်မှုတွေနဲ့ ဖြိုခွင်းခဲ့ပေမယ့် စိတ်ပိုင်းဆိုင်ရာမှာတော့ မြန်မာတနိုင်ငံလုံးသာမက တကမ္ဘာလုံးမှာရှိတဲ့ ဘာသာပေါင်းစုံ လူမျိုးပေါင်းစုံဟာ တစည်းတလုံးထဲ ဖြစ်သွားတာကို နအဖ သိရှိသွားခဲ့လိုက်ရပါတယ်။ ဒါ့ကြောင့် နအဖရဲ့ ရိုးအီနေပြီဖြစ်တဲ့ ဖက်ရှင်အဟောင်း လူမျိုးရေး ဘာသာရေး အဓိကရုန်းဆိုတာကို ထပ်မံဆင်ယင်ခွင့် မရခဲ့တော့ပါဘူး၊
ဒါ့ကြောင့်လည်း နောက်တမျိုး လှည့်ကွက်သစ်အနေနဲ့ “KNU, ABSDF, ပြည်ပအဖွဲ့အစည်းများ၊ အနောက်နိုင်ငံကြီးတနိုင်ငံ …” စသဖြင့် ခေါင်းစီးတွေတပ်ပြီး သူကိုယ်တိုင် ဗုံးတွေခွဲပြလိုက်တာပါ။ ဒါပေမယ့် ဒီဖက်ရှင်ကလည်း အသစ်မဟုတ်ပါဘူး။ ၂၀၀၅ ခုနှစ် မေလတုန်းက ရန်ကုန်မြို့ လူစည်ကားတဲ့ နေရာကြီး (၃)ခုမှာ ဗုံးတွေ ခွဲပြခဲ့ဖူးပါတယ်။ ၃ နှစ်အကြာမှာ တခါပြန်ပြီး လုပ်ပြတာ ဖြစ်ပါတယ်။ဒီလိုခွဲမပြခင်မှာ မြန်မာပြည်တွင်းက ပြည်သူပြည်သားတွေအနေနဲ့ ပြည်ပက လေ့လာသုံးသပ်ချက်တွေ၊ သတင်းတုန့်ပြန်ချက်တွေ မသိရှိနိုင်အောင် ပထမဆုံး ဂြိုဟ်တုစလောင်းတွေ ဖြုတ်ခိုင်းခဲ့ပါတယ်။ အဆမတန် အခွန်အခတွေ ကောက်ခံတာဟာ ဖြုတ်ခိုင်းတာနဲ့ အတူတူပါပဲ။ အင်တာနက် စာမျက်နှာတွေ ကြည့်ခွင့်မရအောင် လုပ်တယ်။
အရာရှိချင်း အဆင့်တူရင်တောင်မှ သူတို့ဖက်ပါတဲ့ အရာရှိစစ်ဗိုလ်တွေကိုမှ အင်တာနက် သုံးတတ်အောင် သုံးနိုင်အောင် ပြုလုပ်ပေးထားတယ်။ ကျန်တဲ့ အဆင့်ဆိုတာကတော့ အင်တာနက်မပြောနဲ့ ရေဒီယိုတောင် မသီနိုင်အောင်လုပ်ထားတယ်။ သတင်းနည်းပညာတွေကို အမှောင်ချထားမှလည်း မြန်ပြည်သူပြည်သားတွေ အမှန်ကို သိခွင့်မရမှာလေ။သံဃာတော်တွေကို သတ်ရဲ၊ ဘုရားပေါ်တောင် စစ်ဖိနပ်စီးပြီး တက်ရဲတဲ့ နအဖစစ်အာဏာရှင်တွေဟာ နောက်တခါ ပြည်တွင်းပြည်ပက ဒီမိုကရေစီအဖွဲ့သားတွေကို အပြစ်ရှာဖို့အတွက် ဗုံးအကြီးစားတွေ ခွဲမပြဘူးလို့ မဆိုနိုင်တော့ပါဘူး။ သေချာတာကတော့ သူတို့ကိုယ်တိုင်တောင် ကြောက်လွန်းလို့ လုံခြုံရေးတွေ အထူးတင်းကြပ်ထားတဲ့ နအဖစစ်ဖိနပ်အောက်က ပြည်မထဲကို ဗုံးမပြောနဲ့ ဗျောက်တောင် သယ်ရဲကြမှာ မဟုတ်ပါဘူး။ ဘယ်လူမျိုး ဘယ်ဘာသာဝင် ဘယ်နိုင်ငံရေး ဘယ်တော်လှန်ရေး အဖွဲ့အစည်းကမှလည်း ကိုယ့်တိုင်းသူပြည်သား အချင်းချင်းကို နအဖလို မရက်စက် မယုတ်မာကြပါဘူး။ အခုလည်း ကရင်အမျိုးသားတွေကို နှိပ်စက်ဖို့ အကြောင်းပြပြီး အပြစ်မဲ့တဲ့ ကရင်အမျိုးသားတွေကို စတေးနှိပ်စက်ပြီး ၀န်ခံခိုင်းတဲ့ လုပ်ရပ်နဲ့ အရင်လုပ်ခဲ့ဖူးတဲ့ ဗျူဟာအဟောင်းကို ဆေးရောင်ပြန်တင်ကြည့်နေတာပါ၊ ပြည်သူဘက်က တကယ်တမ်း လုပ်ခွင့်ရရင်တောင်မှ အဲဒီလို အောက်တန်းကျတဲ့။ ယုတ်မာတဲ့။ ယောက်ျားမပီသတဲ့။ စစ်သားကောင်းတယောက်ရဲ့ အကျင့်မျိုး မဟုတ်တဲ့ အပြုအမူတွေနဲ့ ဖြေရှင်းကြမှာ မဟုတ်ဘဲ တရားဥပဒေဘောင် အတွင်းကသာ ဖြေရှင်းကြမှာ ဖြစ်ပါတယ်။အဲဒါကြောင့် ပြည်တွင်းမှာရှိတဲ့ ပြည်သူပြည်သားတွေ အနေနဲ့ နအဖရဲ၌ တိုးမြှင့်ယုတ်မာ ရိုင်းစိုင်းမှုကို အထူးသတိထား နေထိုင်သွားလာကြဖို့ လိုအပ်ကြောင်းနဲ့အတူ အန္တရာယ်အသွယ်သွယ်ကို ရှောင်ရှားနိုင်ကြပါစေကြောင်း ရေးသားဖော်ပြလိုက်ရပါတယ်။
အောင်ဇေမင်း



Continue Reading...

အစ္စလာမ်ဘာသာဝင်နှင့် အခြားဘာသာဝင်များကိုပါ အဖွဲ့အစည်းဖြင့် ထိန်းချုပ်ဖို့ စစ်အစိုးရကြိုးပမ်း

ပြီးခဲ့သောနှစ် စက်တင်ဘာသံဃာ့အရေးအခင်းမှာ အစ္စလာမ်ဘာသာဝင် အများအပြား ဗုဒ္ဓဘာသာ ရဟန်းသံဃာတွေရဲ့ မေတ္တာပို့ကံဆောင်ရာမှာ ကူညီပါဝင်ခဲ့ပြီးနောက်ပိုင်း မြန်မာအာဏာပိုင်တွေဟာ ဗုဒ္ဓဘာသာမဟုတ်တဲ့ အခြားဘာသာဝင်တွေကို ချုပ်ကိုင်နိုင်ဖို့ သံဃာ့မဟာနာယကလို အဖွဲ့မျိုးဖွဲ့ဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလထဲက သာသနာရေးဝန်ကြီးဌာန ဒုဝန်ကြီး ဗိုလ်မှူးချူပ်သူရအောင်ကို က အာဏာပိုင်အဖွဲ့အစည်းတွေနဲ့ နီးစပ်တဲ့ ခရစ်ယာန်၊မွတ်စလင်မ် နှင့် ဟိန္ဒူဘာသာရေးအဖွဲ့အစည်းတွေက ကိုယ်စားလှယ်တွေနဲ့ ကမ္ဘာအေး သာသနာရေးဌာန ရုံးချုပ်မှာ တွေ့ဆုံပြီး သက်ဆိုင်ရာဘာသာဝင်တွေရဲ့ ဦးဆောင်အဖွဲ့အစည်းတရပ်စီ ဖွဲ့ဖို့ပြောကြားခဲ့တယ်လို့ ရန်ကုန် အစ္စလာမ်ဘာသာဝင် သတင်းရပ်ကွက် တွေဆီက RFA ကစုံစမ်းသိရှိရပါတယ်။

သာသနာရေး ဒုဝန်ကြီးက လက်ရှိရှိပြီး မွတ်စလင်မ် အဖွဲ့အစည်း ၅ ခုပေါင်းပြီး နိုင်ငံတော်အစိုးရ အသိအမှတ်ပြု အစ္စလာမ်အဖွဲ့ချူပ်ကြီးတခု ဖွဲ့စည်းပေးမှာဖြစ်ပြီး အနာဂတ်မှ လုပ်ငန်းဆောင်တာတွေကို ဒီအဖွဲ့ကြီးကနေ ဆက်သွယ်ဆောင်ရွက်မှာ ဖြစ်ပြီး အဖွဲ့ခွဲအသီးသီးက ကိုယ်စားလှယ်တွေကို ခေါ်ယူတွေ့တာတွေ မလုပ်တော့ဘူးလို့ ပြောကြားခဲ့တယ်လို့ဆိုပါတယ်။ အဖွဲ့ ၅ခုအနေနဲ့ အဖွဲ့ကိုယ်စားလှယ် ၃ ဦးစီနဲ့ အဖွဲ့ချူပ်ကို ဖွဲ့ပြီး စုစုပေါင်းအဖွဲ့ဝင် ၁၅ ဦးနဲ့ အစ္စလာမ်အဖွဲ့ချူပ်ကြီးမှာ ပါဝင်မယ်လို့ ပြောခဲ့ပါတယ်။

အဖွဲ့ချူပ် ဥက္ကဌနဲ့ အတွင်းရေးမှူးရာထူးတွေကို အစိုးရစိတ်ကြိုက်ခန့်မှာ ဖြစ်ပြီး ဒါဟာ သံဃာ့နာယက အဖွဲ့လို ရုပ်သေးမွတ်စလင်မ် အဖွဲ့ချူပ်ဘဲ ဖြစ်လာနိုင်တယ်လို့ ရန်ကုန်မွတ်စလင်မ် အသိုင်းအ၀ိုင်းမှ ပြောပါတယ်။

သံဃာ့အရေးအခင်မှာ တခဲနက်ပါခဲ့တဲ့ ငြိမ်းချမ်းရေးလိုလားတဲ့ အစ္စလာမ့်လူငယ်အဖွဲ့က ပြောခွင့်ရသူ ကိုမိုဟာမက်ယာဆင်ကတော့ ဒါဟာ စစ်အစိုးရအာဏာပိုင်တွေက အာဏာတည်မြဲရေး အသုံးချဖို့အတွက် ကြိုးပမ်းချက်ပဲလို့ RFA ကို အခုလိုပြောပါတယ်။

သံဃာနာယကအဖွဲ့လို ထိန်းချုပ်ဖို့အတွက် ဒီလိုအဖွဲ့အစည်းတွေနဲ့ပဲ တိုက်ရိုက်ဆက်သွယ်ပြီး ဆောင်ရွက်နိုင်အောင် လုပ်တာပါပဲလို့သူက ဆိုပါတယ်။ နိုင်ငံတော် သံဃာ့နာယကလို အဖွဲ့မျိုးဖွဲ့ခိုင်းတယ်ဆိုတာကိုက တခုခုဖြစ်လာရင် အစိုးရကို မတိုက်ခိုက်အောင် ထိန်းချူပ်ဖို့လုပ်တာဖြစ်ပြီး ဒီအဖွဲ့အစည်းတွေဟာ ဘာသာရေးလွတ်လပ်ခွင့်ရှိကြောင်း ပြောကြားပေးဖို့ ဆောင်ရွက်တာ ဖြစ်တယ်လို့ ကိုမိုဟာမက် ယာဆင်က ပြောပါတယ်။

ရန်ကုန်မှာ အခြေစိုက်တဲ့ အစ္စလာမ့်အဖွဲ့အစည်းတွေရဲ့ အဆိုအရ မွတ်စလင်တွေကို ကိုယ်စားပြုတဲ့ တကယ့်မွတ်စလင်မ် အဖွဲ့အတွေဟာ အစ္စလာမ် ဘာသာဝင်တွေရဲ့ အသံ နဲ့ စိုးရိမ်မှုတွေကို လွတ်လွတ်လပ်လပ်ပြောခွင့်မရတဲ့ အကြောင်းပြောဆိုတာတွေ ရှိနေပါတယ်။

RFA မှကူးယူဖေါ်ပြပါသည်။
Continue Reading...

တောင်ကုတ်ဆန္ဒပြပွဲ ပျက်ပြား

ရခိုင်ပြည်နယ် တောင်ကုတ်မြို့တွင် ယနေ့ ပြုလုပ်ရန် စီစဉ်ထားသော ရာချီရှိသည့် ဒေသခံများ၏ ဆန္ဒပြပွဲသည် အာဏာပိုင်များက လက်နက်များ ကိုင်ဆောင်၍ ဖြိုခွင်းရန် အသင့်အနေအထား ပြုခဲ့၍ မြို့တွင်း လှည့်လည်မှုမပြုမီ လူစု ခွဲလိုက်ကြသည်။
သံဃာတော် ၁ဝ ပါးအပါအဝင် လူအင်အား ၂ဝဝ ကျော်သည် မြို့ မဈေးအနီး၌ စုရုံးနေစဉ် မလှမ်းမကမ်းရှိ သမိုင်းဝင် ဖောင်တော်ဦးဘုရား မုခ်ဝတွင် ရဲ၊ လုံထိန်း၊ မယက၊ ရယက အဖွဲ့ဝင်များ၊ မီးသတ် တပ်ဖွဲ့ဝင်များ၊ ကြံ့ဖွံ့နှင့် စွမ်းအားရှင် အများအပြားက ဒုတ်များ၊ ဒိုင်းများ၊ လေးခွများ ကိုင်ဆောင်၍ ဖြိုခွင်းရန် လုပ်ဆောင်သဖြင့် လူစုခွဲလိုက်ကြခြင်း ဖြစ်သည်။
“သူတို့က ငြိမ်းချမ်းမှုနဲ့ပဲဖြစ်ဖြစ်၊ စီတန်း လမ်းလျှောက်လို့ပဲဖြစ်ဖြစ် ဆန္ဒပြပွဲဖြစ်ခဲ့ရင် အကြမ်းဖက်မယ့် ပုံစံတွေနဲ့ အသင့် စောင့်နေကြတယ်ဗျ။ နံပါတ်ဒုတ်၊ လေးခွ၊ ဒိုင်းတွေ၊ လွှားတွေ ကိုင်ထားတော့ ထိပ်တိုက် ရင်ဆိုင်မှု မဖြစ်ချင်လို့ ပြန်ဆုတ်ခဲ့ကြတယ်” ဟု တောင်ကုတ်မြို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် လူငယ်အဖွဲ့ဝင် ကိုမိုးနေစိုးက မဇ္ဈိမကို ပြောသည်။
ထို့နောက် မြို့တွင်း၌ စစ်ကားများ လှည့်လည်နေသလို ကင်းပုန်းများလည်း ချထားလိုက်သည်။
စစ်တပ်က ပြည်သူများထံမှ တပ်ရိက္ခာအတွက်ဟု ဆိုကာ လယ်တဧကလျှင် စပါး တတင်းနှင့် တပြည်ကို အတင်းအဓမ္မ မရောင်းမနေရ လိုက်လံ ဝယ်ယူနေခြင်း၊ တောင်ကုတ် ဒေသခံများ စားဝတ်နေရေး ကျပ်တည်းခြင်းနှင့် အဓမ္မ လုပ်အားပေး ခိုင်းစေမှုများ ရှိနေခြင်းကြောင့် ဖြစ်သည်ဟု ဆန္ဒပြသူများက ပြောသည်။
စက်တင်ဘာလအတွင်းက ဖြစ်ပွားခဲ့သည့် သံဃာလူထု ဆန္ဒပြပွဲတွင် ပါဝင်ခဲ့သဖြင့် တောင်ကုတ်မြို့ အန်အယ်ဒီ ခေါင်းဆောင်များဖြစ်သည့် ဦးခင်လှ (အတွင်းရေးမှူး) နှင့် ကိုမင်းအောင် (ဘဏ္ဍာရေးမှူး) တို့အပါအဝင် ဒေသခံ ၁၃ ဦးကို အာဏာပိုင်များက ယနေ့တိုင် ဖမ်းဆီးထားဆဲ ဖြစ်သည်။
ယမန်နေ့ညကလည်း ရခိုင်ပြည်နယ် အန်အယ်ဒီ ဒုဥက္ကဋ္ဌ ဦးကျော်ခင်နှင့် တောင်ကုတ်မြို့နယ် အန်အယ်ဒီ ဒုဥက္ကဌ ဦးသန်းဖေတို့ကို အာဏာပိုင်များက ခေတ္တ ခေါ်ယူစစ်ဆေးပြီး ပြန်လွှတ်ပေးလိုက်ကာ ဆက်လက်၍လည်း သူတို့ကို လိုက်လံ စောင့်ကြည့်နေသည်။
မဇ္ဈိမ
Continue Reading...

မြန်မာနိုင်ငံအပြောင်းအလဲအတွက် အတိုက်အခံများညီညွတ်ရန်လို

Continue Reading...

ဖြူးမြို့နယ် အန်အယ်လ်ဒီ အလုပ်အမှုဆောင် ဦးစိုးမြင့် (၆၆)နှစ် ကွယ်လွန်

ပဲခူးတိုင်း ဖြူးမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ အလုပ်အမှုဆောင် ကော်မတီဝင်တဦးဖြစ်သည့် ဦးစိုးမြင့် (၆၆)နှစ်သည် ဇန်န၀ါရီလ (၁၁)ရက်နေ့က နှလုံးရောဂါနှင့် ကွယ်လွန်သွားခဲ့ကြောင်း သတင်းရရှိသည်။ အစ္စလာမ်ဘာသာဝင် တဦးဖြစ်သည့် ဦးစိုးမြင့်အား ဇန်န၀ါရီ (၁၂)ရက်နေ့က ဇေယျဝတီမြို့ မူဆလင်သုဿာန်တွင် ဖြူးမြို့နယ် အန်အယ်လ်ဒီအဖွဲ့ချုပ်က အခမ်းအနားဖြင့် မြေမြှုပ်သင်္ဂြီုလ်ခဲ့ကြောင်း သတင်းရရှိသည်။ ကွယ်လွန်ချိန်တွင် ဇနီး ဒေါ်သစ်သစ်နှင့်အတူ သားတယောက်၊ သမီးတယောက် ကျန်ရစ်သည်။ ကွယ်လွန်သူ ဦးစိုးမြင့်၏ ဇနီး ဒေါ်သစ်သစ်သည် အထက်တန်းပြဆရာမ တဦးဖြစ်ပြီး ညီမသည် စာရေးဆရာမ မေကြည်မောင်(ဖြူး)ဖြစ်ကြောင်းသိရသည်။
Continue Reading...

ပျဉ်းမနားတွင် ဗုံးပေါက်ကွဲ၊ အမျိုးသမီးတဦး သေဆုံး

မဇ္ဈိမသတင်းဌာန
အစောင့်အကြပ် ထူပြောလှသည် မြန်မာနိုင်ငံ၏ နေပြည်တော်သစ် အနီးရှိ ပျဉ်းမနား မီးရထား ဘူတာရုံတွင် ဗုံးပေါက်ကွဲရာ အမျိုးသမီးတဦး သေဆုံးသွားကြောင်း ရထားပို့ဆောင်ရေးဌာန အရာရှိတဦးက ပြောသည်။
ယနေ့ နံနက် ၄း၃ဝ က ပျဉ်းမနား အနီးရှိ ဘူတာရုံ အိမ်သာတွင် ဗုံးတလုံး ပေါက်ကွဲရာ အိမ်သာတက်နေသူဟု ယုံကြည်ရသည့် အမျိုးသမီးတဦး သေဆုံးသွားခြင်း ဖြစ်သည်ဟု အမည်မဖော်လိုသူ အရာရှိက ပြောသည်။
“အမျိုးသမီးတဦး ပွဲချင်းပြီး သေဆုံးပြီး အိမ်သာလည်း ပျက်သွားတယ်။ တခြားတော့ ဘာအပျက်အစီးမှ မရှိဘူး။” ဟု သူက ပြောသည်။
လုံခြုံရေးများ တိုးမြှင့် ချထားလိုက်သော်လည်း ရထားခရီးစဉ်များ ပုံမှန်အတိုင်းပင် ဖြစ်သည်ဟု သူက ထပ်ပြောသည်။
ပျဉ်းမနားဆေးရုံမှ အမည်မဖော်လိုသူ သူနာပြုတဦးက ဗုံးဒဏ်ကြောင့် အမျိုးသမီးတဦး၏ ရုပ်အလောင်း ဆေးရုံသို့ ရောက်ရှိလာကြောင်းနှင့် ရင်ခွဲရုံတွင် ထားသည်ဟု ပြောသည်။
မည်သူကမှ ဗုံးဖောက်ခွဲသည်ဟု ထုတ်ဖော် ကြေညာခြင်း မရှိသေးသလို အာဏာပိုင်များ ဖက်ကလည်း ထုတ်ဖော်နိုင်ခြင်း မရှိသေးပါ။ နေပြည်တော် ရဲစခန်းကတော့ စုံစမ်းလျှက်ရှိသည်ဟု ဆိုသည်။
“လောလောဆယ်တော့ ဘယ်သူလုပ်တယ်ဆိုတာ မပြောနိုင်သေးဘူး။ စုံစမ်းဆဲပဲ” ဟု တပ်ကြပ်အဆင့်ရှိသူ ရဲဝန်ထမ်းက မဇ္ဈိမ သို့ ပြောသည်။
ရန်ကုန်ရှိ သတင်းရပ်ကွက်များက သေဆုံးသူအမျိုးသမီးသည် ကရင်လူမျိုး ဖြစ်သည်ဟု ဆိုသည်။ သို့သော် အတည်မပြုနိုင်သေးပါ။
အသေးစား ဗုံးပေါက်ကွဲမှုများသည် မြန်မာနိုင်ငံတွင် ထူးဆန်းမနေသော်လည်း ယခု ပေါက်ကွဲမှုသည် ၂ဝဝ၅ ခုနှစ်ကတည်းက စစ်အစိုးရ ရုံးစိုက်နေသည် နေပြည်တော်တွင် အနီးတွင်တော့ ပထမဆုံးအကြိမ် ဖြစ်သည်။
Continue Reading...

နယ်စပ်ဒေသလုံခြုံရေးတပ်ဖွဲ့ဝင်များ ရိုဟင်ဂျာပိုင်လယ်မြေများ သိမ်းပိုက်

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်ရှိ ရိုဟင်ဂျာကျေးရွာများမှ လယ်မြေများကို ဘင်္ဂလားဒေ့ရှ် - မြန်မာနယ်စပ် နစခ(နယ်စပ်ဒေသကြီးကြပ်ကွပ်ကဲရေးအဖွဲ့) (ခေါ်) နယ်စပ်ဒေသလုံခြုံရေး တပ်ဖွဲ့ဝင်များက အဓမ္မ သိမ်းပိုက်လျှက်ရှိကြောင်း Kaladan Press Network ဝဘ်ဆိုက်တွင် ဖော်ပြထားသည်။
(နစခ)တပ်ဖွဲ့ဝင်များသည် ဘူးသီးတောင်မြို့နယ်၊ တောင်ဈေးကျေးရွာမှ အဘ ဦးအဒူဆာမက်၏ သားဖြစ်သူ ဟာဘစ်ဟူစိန်ထံမှ လယ်မြေ ၆ ဧကကို ၂၀၀၇ ခုနှစ်၊ ဒီဇင်ဘာလ (၂၃) ရက်နေ့က သိမ်းပိုက်လိုက်ကြောင်း ဆွေမျိုးနီးစပ်သူတဦးက ပြောသည်။ ထိုလယ်မြေများသည် နစခ (၉) အနီးတွင်ရှိပြီး လွန်ခဲ့သော ၂ နှစ်ခန့်ကပင် သိမ်းပိုက်ရန် ကြိုးစားနေခြင်းဖြစ်သည်။ ယခု ၎င်းလယ်မြေများပေါ်တွင် ကြက်သွန်၊ ငြုပ်သီး၊ မြေပဲ၊ ပဲမျိုးစုံ၊ ခရမ်းသီးနှင့် အခြားသီးနှံများကို စိုက်ပျိုးရန်အတွက် ရွာသားများကို ခေါ်ယူ၍ အဓမ္မ ထွန်ယက် ခိုင်းစေခြင်းများ ပြုလုပ်နေသည်။
“ကျနော့်မှာ ဒီလယ်မြေလေးတွေပဲ ရှိတာပါ။ ကျနော့်ရဲ့ မိသားစုအားလုံးကလည်း ဒီလယ်မြေ ပေါ်မှာပဲ မှီခိုစားသောက်နေရတာပါ၊ မိသားစုက ၆ ယောက်ရှိတယ် ဒီထဲက ၂ ယောက်က အထက်တန်းကျောင်းသားတွေပါ၊ ဒီလယ်မြေတွေ ဆုံးရှုံးသွားတော့ ကျနော် တော်တော်ကို ဒုက္ခ ရောက်ပါတယ်။ အခုဆိုရင် သား ၂ ယောက်ကို ကျောင်းထုတ်ပြီး အလုပ်လုပ်ခိုင်းရတော့မယ်။ မိသားစုစားဝတ်နေရေးအတွက် ဘယ်လိုရပ်တည်ရမယ်ဆိုတာတောင် မသိရလောက်အောင် ပါပဲဗျာ”ဟု မကြာသေးခင်က လယ်မြေသိမ်းခံခဲ့ရသူ လယ်ပိုင်ရှင်တဦးက ပြောသည်။
ရိုဟင်ဂျာလူမျိုး ၈၅% သည် လယ်သမားများဖြစ်ပြီး အာဏာပိုင်များသည် ရိုဟင်ဂျာတို့၏ လယ်မြေများကို သိမ်းဆည်းပြီး စစ်တပ် ရာဘာစိုက်ခင်း၊ စပါးခင်း၊ ဟင်းသီးဟင်းရွက်နှင့် ဆီအုန်းစိုက်ခင်းများ ပြုလုပ်ကာ စံပြရွာများအဖြစ် လုပ်ကိုင်လျှက်ရှိသည်ဟု ဒေသခံရွာသား များက ပြောသည်။
ထိုကဲ့သို့ လယ်မြေများကိုသိမ်းယူသည့် ပေါ်လစီအတိုင်း ဆက်လုပ်သွားပါက နောင် ၁၀ နှစ် တွင် ရိုဟင်ဂျာလယ်သမားများ လယ်ယာလက်မဲ့များဖြစ်သွားနိုင်သည်ဟု ဘူးသီးတောင်မြို့နယ် မှ ကုန်သည်တဦးကလည်း ပြောဆိုခဲ့သည်။
နစခ(နယ်စပ်ဒေသကြီးကြပ်ကွပ်ကဲရေးအဖွဲ့) ကို ၁၉၉၂ ခုနှစ်၊ စက်တင်ဘာ (၁) ရက်နေ့က စတင်တည်ထောင်ခဲ့ပြီး ဗိုလ်ချုပ်ခင်ညွန့် ဦးဆောင်သည့် တပ်မတော်ထောက်လှမ်းရေး၏ ကြီးကြပ်မှုဖြင့် ရိုဟင်ဂျာတို့အား စီးပွားရေး၊ လူမှုရေးတို့အား နှိပ်ကွပ်ရန် ရည်ရွယ်လုပ်ဆောင် ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။
Continue Reading...

အစ္စလာမ်ဘာသာဝင်များပြည်တွင်းတွင်လွတ်လပ်စွာသွားလာခွင့်မရ




Continue Reading...

မြန်မာမွတ်စလင်မ်များကို နှိပ်ကွပ်ဖို့ နအဖ စီမံကိန်းချနေပြီ၊

မြန်မာနိုင်ငံသား တိုင်းရင်းသားမွတ်စလင်များကို နအဖ စစ်အစိုးအရမှ နှိပ်ကွပ်ရန် စီမံကိန်းများ ချနေပြီဟု စုံစမ်းရရှိသော သတင်းများအရ သိရှိရသည်။ သံဃာတော်များ ဦးဆောင်သော စက်တင်ဘာ ရွှေဝါရောင်တော်ရေးကြီးတွင် သံဃာတော်များနောက်မှ တခဲနက်ထောက်ခံပြီး ပူးပေါင်းပါဝင်ခဲ့သော မြန်မာမွတ်စ်လင်များကို စစ်အစိုးရမှ အခဲမကြေဖြစ်ခဲ့သည်။
မြို့နယ်အဆင့်ပြုလုပ်သော အစည်းအဝေးတစ်ခုတွင် လသာမြို့နယ် မယကဥက္ကဌ မှ ဘုန်းကြိးတွေလုပ်တဲ့ဆန္ဒပြပွဲနောက်မှာ အဖျက်သမားတွေ၇ှိတယ်။ အဲ့ဒီ အဖျက်သမားတွေထဲ့မှာ ကုလားတွေလည်းပါတယ်။ ဘုန်းကြီးနဲ့ကုလားနဲ့ဘာဆိုင်လဲ ဆိုပြီး ရင့်ရင့်သိးသီးပြောဆိုခဲ့ကြောင်းသိရပါတယ်။ မြန်မာနိုင်ငံသား တိုင်းရင်းသား မွတ်စလင်မ်များ အနေဖြင့် သမို်င်းတလျောက်မှာ နယ့်ချဲ့ဆန့်ကျင်ရေး၊ စစ်အာဏာရှင်ဆန့်ကျင်ရေးတို့မှာ လူမျိုးရေး၊ဘာသာရေးခွဲခြားမှု မရှိဘဲ တိုင်းရင်းသား ညီနောင်များဖြင့် အတူလက်တွဲတိုက်ပွဲဝင်ခဲ့သည်မှာ မြန်မာသမိုင်းတွင်ရော မျက်မှောက်ခောတ်ကာလတွင်ပါ အထင်အရှားဖြစ်ပါတယ်။
နောက်ထပ်ရရှိသော သတင်းများအရ မွတ်စလင်မ်ဆန့်ကျင်ရေးနှင့် နှိပ်ကွပ်ရေးအတွက် နအဖစစ်အစိုးရမှ အဖွဲ့တစ်ဖွဲ့ ဖွဲ့စည်းပြီးစီမံကိန်းချ ဆောင်ရွက်လျက်ရှိကြောင်းသိရပါတယ်။ အဆိုပါအဖွဲ့တွင် ပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ်မောင်ဥိး၊ ပြန်ကြားရေးဝန်ကြိး ဗိုလ်မှုးချူပ်ကျော်ဆန်း တို့မှ ဦးဆောင်သည်ဟု သိရပါတယ်။ ၄င်းတို့အနေဖြင့် ဗုဒ္ဓဘာသာဝင်များနှင့် အစ္ဓလာမ်ဘာသာဝင်များ အကြားပဋ္ဋိပက္ခများဖန်တီးရန် ဆောင်ရွက်လျက်ရှိကြောင်းသိရပါတယ်။ မဆလ၊န၀တ၊ နအဖ စစ်အစိုးရ အဆက်ဆက်တွင် နိုင်ငံရေးအကျပ်အတည်း ကြုံလာတိုင်း ဘာသာရေး၊ လူမျိုးရေး ပဋ္ဋိပက္ခများ ဖန်တီးပြိး လူထုကို အာရုံလွဲသည့်နည်းလမ်းကို အသုံးချကာ ၄င်းတို့၏ ထွက်ပေါက်အနေဖြင့် အသုံးချခဲ့သည့်မှာ အထင်အရှားဖြစ်ပါတယ်။
ပြီးခဲ့သည့်ရွှေဝါရောင်တော်လှန်ရေး အတွင်း၌လည်း မွတ်စလင်မ် ဗလီများကိုဝင်ရောက် ဖျက်ဆီးပြီး ဘာသာရေး ပဋ္ဋိပက္ခ များဖြစ်အောင်ဆောင်ရွက်မည် ဟူသော သတင်းများ ကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်ခဲ့ပါတယ်။ သို့သော်လည်း မြန်မာမွတ်စလင်မ်များ အနေဖြင့် ဗုဒ္ဓဘာသာဝင် ဘုန်းတော်ကြီးများ၊ ပြည်သူများနှင့် ပူးပေါင်းကာ စည်းလုံးညီညွတ်စွာဖြင့် နအဖ စစ်အစိုးရဆန့်ကျင်ရေးကို ဆောင်ရွက်နိုင်ခဲ့သဖြင့် နအဖ စစ်ဗိုလ်ချူပ်တို့ အနာပေါ်တုတ်ကျပြိး မွတ်စလင်မ်များ အပေါ်အညှိုးကြီးခဲ့ ပါတယ်။
နောက်ဆက်တွဲအနေဖြင့် ဆန္ဒပြပွဲတွင် ပါဝင်ခဲ့သော မွတ်စလင်မ်များ၊ သံဃာများကို ရေချမ်းကပ်လှူခဲ့သာ မွတ်စလင်မ်များ ကို ဖမ်းဆီးကာ နိုင်ငံတော်ငြိမ်ဝပ်ပိပြားရေးမှု ပျက်ပြားအောင်လုပ်မှုနဲ့ စွဲချက်တင်ခဲ့ပါတယ်။ ဖမ်းဆီးခံရသူ များအနက် စုံစမ်းသိရှိရသူများ၏ အမည်များမှာ

-တာမွေမြို့နယ်မှ ကိုထွန်းမြင့်အောင်၊
-ဗဟန်းမြို့နယ်မှာ ဟန်ဇော်မင်းအောင်၊
-သာကေတမြို့နယ်မှ ကိုသောင်းထွတ်၊
-ရွှေလှေခါးမုန့်ဟင်းခါးဆိုင်မှ ကိုနိုင်မင်း၊
-၃၈ လမ်းမှ ကိုမျိုးသန့်၊
- ၃၁ လမ်းမှ ကိုညီညီဇော်၊
-၂၇လမ်းမှ ကိုမျိုး၊
-မင်္ဂလာတောင်ညွန့် မီးရထားဝင်းနေ ကိုကျော်ကျော်ဆက် နှင့်
-အထက်ပုဇွန်တောင်လမ်းနေ ကိုထွန်းထွန်းနိုင် တို့ဖြစ်ကြပါတယ်။ ၄င်းတို့ကို နအဖ စစ်ဖက်လုံခြုံရေးအဖွဲ့(စရဖ -ထောက်လှမ်းရေးဖျက်သိမ်းပြီးနောက်အစားထိုးဖွဲ့စည်းခဲ့သည။်) မှ အရာရှိများမှ စစ်ကြောရေးစခန်းများတွင် နှိပ်စက်ပြီးစစ်ဆေးနေကြောင်းသိရပါတယ်။
လက်ရှိပြောင်းရွှေ့သွားသော ကြပ်ပြေးနေပြည်တော် သို့ဝန်ထမ်းများ ပြောင်းရွှေ့ရာတွင် လည်း မြန်မာမွတ်စ်လင် ၀န်ထမ်းများကို ရွှေ့ပြောင်းခြင်းမပြုကြောင်း၊ နေပြည်တော်တွင် မြေ၊အိမ်ပိုင်ဆိုင်မှုတွင်လည်း မြန်မာမွတ်စလင်မ် ဆိုပါက ၀ယ်၍မ၇ကြောင်း၊ စီးပွားရေးလုပ်ကိုင်သူများအနေဖြင့် မြေငှားရမ်းပြီးသာ လုပ်ကိုင်နိုင်ကြောင်း၊ သိရှိရသည်။
သို့ဖြစ်ပါ မြန်မာပြည်သား တိုင်းရင်းသားမွတ်စလင်များအနေဖြင့် ယုတ်မာကောက်ကျစ် လှသော စစ်အာဏာရှင် စနစ်ကို အမြစ်မှဆွဲနှုတ်ပြိး မြန်မာ့မြေပေါ်မှ သာမက ကမ္ဘာမြေပေါ်မှ ပါအပြီးတိုင်ပပျောက်အောင် တိုင်းရင်းသား ညီအစ်ကိုများဖြင့် အတူလက်တွဲပြီး ဆောင်ရွက်ကျပါရန် တိုက်တွန်းလိုက်ပါတယ်။


Continue Reading...
 

Myanmar Muslim Media (M.M.M) Copyright © 2009 WoodMag is Designed by Ipietoon for Free Blogger Template